
Pika (NP News) - နိုဝင်ဘာ ၂၁
တောင်ကိုရီးယားနိုင်ငံတွင် ကျောင်းသား၊ ကျောင်းသူပေါင်း(၅)သိန်းခန့်က ကောလိပ်ဝင်ခွင့်စာ မေးပွဲများ ကိုဖြေဆိုနေကြစဉ်အချိန်အတွင်း အစိုးရက AI နည်းပညာကိုအသုံးပြုကာ စာခိုးချမည်ကို တားဆီးသည့်အနေဖြင့် စာမေး ပွဲခန်းမများအနီးတွင်ရှိသော ဝိုင်ဖိုင်လိုင်းများအားလုံးကို ဖြတ်တောက်ထားကြောင်း သိရသည်။
ထို့ပြင် AI နည်းပညာ ကိုအသုံးပြုကာ မသမာမှုပြုလုပ်သူများကို ဖော်ထုတ်ပေးသူများကို အမေရိကန်ဒေါ်လာ(၇၅၀ဝဝ) ဆုကြေးငွေချီးမြှင့်သွားမည်ဖြစ်ကြောင်း အစိုးရက သတင်းထုတ်ပြန်ထားသည်။
တစ်နှစ်လျှင် တစ်ကြိမ်ကျင်းပလေ့ရှိပြီး အချိန်(၉)နာရီကြာမြင့်သည့် Suneung စာမေးပွဲသည် ပြိုင်ဆိုင်မှု ပြင်းထန်သော တောင်ကိုရီးယားနိုင်ငံတွင် နာမည်ကြီးတက္ကသိုလ်များသို့ တက်ရောက်ခွင့်ရရှိရန်၊ လစာကောင်းမွန်သော အလုပ်အကိုင်များရရှိရန်နှင့် အိမ်ထောင်ရေးကိစ္စရပ်များတွင်ပါ ပိုမိုကောင်းမွန်သည့်အခွင့်အလမ်းများ ရရှိစေမည့် အဓိကသော့ချက်တစ်ခုအဖြစ် ရှုမြင်ခံထားရသည်။
သို့သော်လည်း ယခုနှစ်တွင် AI နည်းပညာကိုအသုံးပြု၍ မသမာမှုပြုလုပ်မည်ကိုစိုးရိမ်မှု များမြင့်တက်လာ သောကြောင့် အာဏာပိုင်များက အထူးအစီအစဉ်များကို ချမှတ်ဆောင်ရွက်ခဲ့ကြသည်။ ယင်းအစီအစဉ်များထဲတွင် စာမေးပွဲကြီးကြပ်ရေးမှူးအရေအတွက်ကို နှစ်ဆတိုးမြှင့်ခြင်းနှင့် စာမေးပွဲခန်းမများအတွင်းသို့ ခိုးယူလာသည့် စမတ် ဖုန်းများကို ရှာဖွေဖော်ထုတ်နိုင်ရန် ရုတ်တရက် အရေးပေါ်သတိပေးချက်များပေးပို့ခြင်းတို့ ပါဝင်ကြောင်း သိရသည်။
ထို့ပြင် ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနေစဉ် အချိန်အတွင်း မသမာမှုဆိုင်ရာစုံစမ်းစစ်ဆေးမှုများ ပြုလုပ် နိုင်ရန်အတွက် (၂၀၂၅)ခုနှစ် Suneung စာမေးပွဲမေးခွန်းလွှာများကို နောက်ထပ် အမိန့်တစ်စုံတစ် ရာမထုတ်ပြန်မီ အချိန်အထိသိမ်းဆည်းထားရန် ဝန်ကြီးချုပ် Han Seong-sook က ညွှန်ကြားခဲ့ကြောင်း လည်းသိရသည်။
အဆိုပါ စာမေးပွဲကို နံနက် (၈)နာ ရီ(၄၀)မိနစ်တွင်စတင်ခဲ့ပြီး ညနေပိုင်း (၅)နာရီ (၄၀)မိနစ်တွင် စာမေးပွဲပြီးဆုံးမည်ဖြစ်ကြောင်းလည်းသိရသည်။ ကျောင်းသားများကို ခဲတံများသာယူဆောင် လာရန်ညွှန်ကြားထားပြီး ခဲဖျက်များကိုမူ စာမေးပွဲ ဖြေ ဆိုရာနေရာများတွင်ပင် စီစဉ်ပေးထားကာ စာရေးကိရိယာပုံစံဖန်တီးထားသည့် ဒီဂျစ်တယ်ကိရိယာများကို လျှို့ဝှက်အသုံးပြုနိုင်ခြေအားလျော့နည်းစေရန် ရည်ရွယ်ကာ ယင်းကဲ့သို့စီစဉ်ထားခြင်းဖြစ်ကြောင်းသိရ သည်။
ထို့ပြင် စာမေးပွဲဖြေဆိုသူများအနေဖြင့် ကြယ်သီးပါသော အဝတ်အစားများ မဝတ်ဆင်ကြရန် ညွှန်ကြားထားပြီး လျှို့ဝှက်ကင်မရာအသုံးပြုခြင်းကို တားဆီးရန်အတွက် ကြယ်သီးပါသည့်အင်္ကျီဝတ်ဆင်ထားသူများ၏ အဝတ်အစားပေါ်ရှိ ကြယ်သီးများကိုမူ စတစ်ကာများ ကပ်ထားမည်ဖြစ်ကြောင်းလည်း သိရသည်။
