.

ရစ်ကျောက် (ဆန်းတုန်း)၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)
လတ်တလောနှစ်ပိုင်းတွင် တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ရစ်ကျောက်ဆိပ်ကမ်းသည် အာရှ-ပစိဖိတ် တံခါးဖွင့်လှစ်၍ ပေါင်းစည်းမှု၊ အပြန်အလှန် အကျိုးဖြစ်ထွန်း၍ ဘုံအကျိုးစီးပွားဖော်ဆောင်သော ပူးပေါင်းဆောင်ရွက်မှု အယူအဆကို လက်တွေ့ကျင့်သုံးကာ အာရှ-ပစိဖိတ် ရေကြောင်းလမ်း ခင်းကျင်းနေရာချထားမှုကို စဉ်ဆက်မပြတ် ကောင်းမွန်လာစေရန် ဆောင်ရွက်ပြီး တောင်ကိုရီးယား၊ ဗီယက်နမ်၊ စင်ကာပူ၊ ရုရှား၊ ဩစတြေးလျ စသည့် APEC အဖွဲ့ဝင်နိုင်ငံများဆီသို့ တိုက်ရိုက်ရောက်ရှိနိုင်သော လမ်းကြောင်းများ ခပ်စိပ်စိပ် ဖော်ဆောင်ခဲ့သည်။
ယခုနှစ် နိုဝင်ဘာလတွင် ရစ်ကျောက်ဆိပ်ကမ်းသည် ရစ်ကျောက်မှ တောင်ကိုရီးယား အင်ချွမ်အထိ တိုက်ရိုက်ရောက်ရှိသည့် လမ်းကြောင်းကို အသစ်ဖွင့်လှစ်ပြေးဆွဲခဲ့ရာ နိုင်ငံတကာ ကုန်စည်ပို့ဆောင်မှု လုပ်ငန်းတွင်ကျယ်မှုကို ထိရောက်စွာ မြှင့်တင်လိုက်သည်။ တစ်ချိန်တည်းတွင် ရစ်ကျောက်ဆိပ်ကမ်းသည် ဝါထန်-ရစ်ကျောက် ရထားလမ်း၊ ရှင်းရှန်း-ရစ်ကျောက် ရထားလမ်းဖြင့် ပင်လယ်ရေကြောင်း ပို့ဆောင်ရေးနှင့် ရထားလမ်းပို့ဆောင်ရေး ပူးတွဲပို့ဆောင်မှု ရထားတွဲများကို ပုံမှန်ပြေးဆွဲခဲ့ရာ မြစ်ဝါမြစ်တစ်တစ်လျှောက် ကုန်းတွင်းပိုင်းဒေသနှင့် အာရှ-ပစိဖိတ် ဈေးကွက် အပြန်အလှန် ချိတ်ဆက်မှုလမ်းကြောင်း ဖောက်လုပ်ပေးလိုက်သည်။ (Xinhua)
---------------------
(Chinese Version)
山东港口日照港深耕APEC经贸合作畅通出海通道
新华社照片,日照(山东),2026年11月20日
近年来,山东港口日照港践行亚太开放融通、互利共赢合作理念,持续优化亚太航线布局,加密韩国、越南、新加坡、俄罗斯、澳大利亚等APEC成员直达航线。
今年11月,日照港新开通日照至仁川直航航线,有效提升国际物流时效。同时,日照港依托瓦日铁路和新菏兖日铁路,常态化开行海铁联运班列,打通了沿黄内陆腹地与亚太市场互联互通通道。
图说1、2:11月19日,在山东港口日照港,一艘集装箱货轮抵达港口(无人机照片)。 新华社记者 郭绪雷 摄
图说3、4:11月19日,在山东港口日照港,船舶停靠码头装运集装箱(无人机照片)。新华社记者 郭绪雷 摄


