
ဘာကူ၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)
အဇာဘိုင်ဂျန်နိုင်ငံသည် ၂၀၂၆ ခုနှစ် ကုလသမဂ္ဂ အီလက်ထရောနစ်အစိုးရလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အညွှန်းကိန်း (EGDI) တွင် အဆင့် ၃၈ နေရာသို့ ၃၆ ဆင့် မြင့်တက်လာခဲ့ပြီး အဆင့်သတ်မှတ်ချက်အတွင်း အကြီးမားဆုံး တိုးတက်မှုများအနက် တစ်ခုဖြစ်ကြောင်း အဇာဘိုင်ဂျန်နိုင်ငံ ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီက နိုဝင်ဘာ ၂၀ ရက်တွင် ပြောကြားခဲ့သည်။ အဆိုပါအဆင့်သည် ၂၀၂၄ ခုနှစ်တွင် ရရှိခဲ့သည့် အဆင့် ၇၄ နေရာမှ ၃၆ ဆင့် မြင့်တက်လာခြင်းဖြစ်သည်။
အဇာဘိုင်ဂျန်နိုင်ငံ၏ EGDI အမှတ်သည် ၂၀၂၄ ခုနှစ်က ၀.၇၆၀၇ မှ ၁၆.၃ ရာခိုင်နှုန်း မြင့်တက်ကာ ၀.၈၈၄၇ သို့ ရောက်ရှိခဲ့သည်။ အဆိုပါနိုင်ငံသည် “အလွန်မြင့်မားသော EGDI” အဆင့်အတန်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပြီး ဩစတြီးယား၊ ဂျပန်၊ ကနေဒါနှင့် အစ္စရေးနိုင်ငံတို့အပါအဝင် နိုင်ငံများနှင့်အတူ V3 အဆင့်သတ်မှတ်အုပ်စု သို့ တိုးမြှင့်ရောက်ရှိခဲ့သည်။
အဇာဘိုင်ဂျန်နိုင်ငံသည် EGDI ၏ အစိတ်အပိုင်း ၃ ရပ်ဖြစ်သည့် အွန်လိုင်းဝန်ဆောင်မှုများ၊ ဆက်သွယ်ရေးအခြေခံအဆောက်အအုံနှင့် လူ့စွမ်းအားအရင်းအမြစ်တို့တွင် စွမ်းဆောင်ရည်များ တိုးတက်ကောင်းမွန်လာခဲ့သည်။ အထူးသဖြင့် အွန်လိုင်းဝန်ဆောင်မှု အညွှန်းကိန်း (OSI) တွင် တိုးတက်မှု အထင်ရှားဆုံးဖြစ်ပြီး ၂၀၂၄ ခုနှစ်က အဆင့် ၆၇ နေရာမှ အဆင့် ၁၁ နေရာသို့ ၅၆ ဆင့် ခုန်တက်ခဲ့သည်။
အွန်လိုင်းဝန်ဆောင်မှု အညွှန်းကိန်း (OSI) တွင် အဇာဘိုင်ဂျန်နိုင်ငံသည် ဗြိတိန်၊ အိုက်စလန်၊ အမေရိကန်၊ ကနေဒါနှင့် နော်ဝေနိုင်ငံတို့ထက် အဆင့်မြင့်ခဲ့ပြီး အဆိုပါနိုင်ငံများမှာ အစဉ်လိုက်အားဖြင့် အဆင့် ၁၂၊ ၁၆၊ ၁၈၊ ၂၀ နှင့် ၂၂ နေရာတို့တွင် ရပ်တည်ခဲ့ကြသည်။ အဇာဘိုင်ဂျန်နိုင်ငံသည် အဖွဲ့အစည်းဆိုင်ရာ မူဘောင် အညွှန်းခွဲတွင် အဆင့် ၁ နေရာနှင့် ဝန်ဆောင်မှုပေးအပ်မှု အညွှန်းခွဲတွင် အဆင့် ၁၀ နေရာ ရရှိခဲ့ပြီး အဆိုပါအဆင့် ၁၀ နေရာကို EGDI အလုံးစုံအဆင့်သတ်မှတ်ချက်တွင် အဆင့် ၈ နေရာရရှိသည့် အက်စတိုးနီးယားနိုင်ငံနှင့် ပူးတွဲရရှိခဲ့သည်။
အဆိုပါ တိုးတက်မှုသည် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးကို နိုင်ငံတော်မူဝါဒ၏ ဦးစားပေးကဏ္ဍတစ်ရပ်အဖြစ် သတ်မှတ်ဆောင်ရွက်ခြင်း၊ မဟာဗျူဟာနှင့် အဖွဲ့အစည်းဆိုင်ရာ မူဘောင်များ ဖော်ဆောင်ခြင်း၊ အစိုးရအဖွဲ့အစည်းများအကြား ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေခြင်းတို့အပါအဝင် အဇာဘိုင်ဂျန်နိုင်ငံ၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး ကြိုးပမ်းအားထုတ်မှုများကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း အဆိုပါအေဂျင်စီက ပြောကြားခဲ့သည်။
ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးရာဦးစီးဌာနက နှစ်နှစ်တစ်ကြိမ် ထုတ်ပြန်သည့် EGDI သည် ဒစ်ဂျစ်တယ်အစိုးရလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို အွန်လိုင်းဝန်ဆောင်မှုများ၊ ဆက်သွယ်ရေးအခြေခံအဆောက်အအုံနှင့် လူ့စွမ်းအားအရင်းအမြစ်ဟူသည့် ကဏ္ဍ ၃ ရပ်အပေါ် အခြေခံ၍ အကဲဖြတ်ခြင်းဖြစ်သည်။ (Xinhua)
------------------------------------------
(English Version)
Azerbaijan jumps 36 places in UN e-government development ranking
BAKU, Nov. 20 (Xinhua) -- Azerbaijan climbed 36 places to 38th in the 2026 United Nations E-Government Development Index (EGDI), one of the largest improvements in the ranking, compared with 74th in 2024, the country's Innovation and Digital Development Agency said Friday.
Azerbaijan's EGDI score rose 16.3 percent to 0.8847 from 0.7607 in 2024. The country retained its "Very High EGDI" status and advanced to the V3 rating class, alongside countries including Austria, Japan, Canada and Israel.
Azerbaijan improved its performance across all three EGDI components: online services, telecommunications infrastructure and human capital. Its strongest progress was in the Online Services Index (OSI), where it jumped 56 places to 11th from 67th in 2024.
In the OSI, Azerbaijan ranked ahead of Britain, Iceland, the United States, Canada and Norway, which placed 12th, 16th, 18th, 20th and 22nd, respectively. It ranked first in the institutional framework sub-index and 10th in service provision sub-index, sharing the latter position with Estonia, which ranked eighth overall in the EGDI.
The agency attributed the progress to Azerbaijan's digital transformation efforts, including making digitalization a national policy priority, developing strategic and institutional frameworks, and strengthening coordination among government bodies.
Published every two years by the United Nations Department of Economic and Social Affairs, the EGDI assesses digital government development across three dimensions: online services, telecommunications infrastructure and human capital.