Kanbawza Tai News

တန်ဆောင်တိုင်နှင့်အတူနွှဲပျော် ထောပတ်သီးပွဲတော် ဖွaင့်လှစ်

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ရှိ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးရုံး ခန်းမတွင် ယနေ့ နိုဝင်ဘာလ ၂၁ ရက်၊ နံနက်ပိုင်းက “တန်ဆောင်တိုင်နှင့်တူနွှဲပျော် ထောပတ်သီးပွဲတော်” ခေါင်းစဉ်ဖြင့် ထောပတ်သီးနှင့် ဒေသထွက်ကုန် ပြပွဲ ဖွင့်ပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

တန်ဆောင်တိုင်ပွဲတော်ကာလနှင့်အတူ ဒေသထွက် ထောပတ်သီးများနှင့် အခြားဒေသထွက်ကုန်ပစ္စည်းများကို ပြည်သူများ ပိုမိုသိရှိလေ့လာနိုင်စေရန်၊ ဒေသထွက်ကုန်များ၏ အရည်အသွေးနှင့် ဈေးကွက်အခွင့်အလမ်းများကို မြှင့်တင်နိုင်စေရန် ရည်ရွယ်၍ ထောပတ်သီးပွဲတော်ကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

ထောပတ်သီးပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် စိုင်းထိန်စိုး၊ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ နှင့် တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ပွဲတော်အတွင်း ဖွင့်လှစ်ရောင်းချ နေသည့် ထောပတ်သီးနှင့် ဒေသထွက်ကုန် အရောင်းပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

မြန်မာ့ထောပတ်သီးများကို ပြည်တွင်း၌သာ အရောင်းအဝယ်ဖြစ်နေပြီး ပြည်ပသို့ ပြန်လည်တင်ပို့နိုင်ရန် ဆောင်ရွက် နေလျက်ရှိကြောင်း မြန်မာနိုင်ငံထောပတ်သီး တင်ပို့ရောင်းချသူများအသင်း ထံက သိရသည်။

ယခုစျေးကွက်တွင် ရောက်ရှိနေသည့်ထောပတ်သီးမှာ ပြည်တွင်းစားသုံးသည့် အသီးအမျိုးအစားဖြစ်ပြီး ပြည်ပသို့ တင်ပို့မည့် Hass အမျိုးအစားမှာ အသီးရင့်ရန်နှင့် အရည်အသွေးကောင်းရန် လိုနေသေးသည့်အတွက် ပြည်ပသို့ တင်ပို့ နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

မူရင်းသတင်း — Kanbawza Tai News