NP News

ရုရှားကို တုံ့ပြန်နိုင်ရန် ပိုလန်တွင် နိုင်ငံ(၁၁)နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်နေဟုဆို

Pika (NP News) - နိုဝင်ဘာ ၂၃

စစ်ပွဲပြီးဆုံးသွားချိန်တွင် ယူကရိန်းနိုင်ငံ တည်ငြိမ်ရေးနှင့် စစ်တပ်ပြန်လည်တည်ဆောက်ရေး ကိုကူညီပေးရန် ရည်ရွယ်သည့်စစ်အပြီး မစ်ရှင်တစ်ခုအတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် ဥရောပတပ်ဖွဲ့ ဝင်ထောင်ပေါင်းများစွာသည် ပိုလန်နိုင်ငံ အရှေ့တောင်ပိုင်းတွင် ယခင်က မကြုံစဖူး စစ်ရေးလေ့ကျင့်မှုတစ်ခုကို ပါဝင်ဆင်နွှဲနေကြသည်။

ပြင်သစ်နှင့် ဗြိတိန်တို့က ဦးဆောင်သော နိုင်ငံစုံ တပ်ဖွဲ့သည် ယူကရိန်းကိုထောက်ခံသည့် နိုင်ငံပေါင်း (၃၇) နိုင်ငံ ပါဝင်သော ပိုမိုကျယ်ပြန့်သည့် နိုင်ငံရေးအုပ်စုဖြစ်သည့် “Coalition of the Willing’’ဟုခေါ်တွင်သောအဖွဲ့၏နေတိုး (NATO) မဟုတ်သည့် စစ်ရေးအစီအစဉ်တစ်ခု ဖြစ်သည်။ နိုဝင်ဘာ (၉) ရက်တွင် စတင်ခဲ့သော နှစ်ပတ်ကြာ လေ့ကျင့်မှု သည် စစ်ပွဲပြီးဆုံးချိန်တွင် ယူကရိန်းတွင် တပ်စွဲချထားနိုင်မည့် အဆိုပါညွန့်ပေါင်း အဖွဲ့၏စွမ်းဆောင်ရည်ကို ပထမဆုံး အကြိမ် စမ်းသပ် စစ်ဆေးခြင်းဖြစ်သည်။ ၎င်းသည် တပ်ဖြန့်ချထားမှု အစီအမံများကို စမ်းသပ်ရန်နှင့် ဥရောပနိုင်ငံ များ၏စစ်ရေးအရ ပိုမိုလှုပ်ရှားလာနေကြောင်း ရုရှားနှင့် သမ္မတထရမ့်အစိုးရထံ သတင်းစကားပေးပို့ရန် ရည်ရွယ်ကြောင်း သိရသည်။

ယူကရိန်းခေါင်းဆောင်များနှင့် အခြားကိုယ်စားလှယ်အဖွဲ့ပေါင်း (၄၀) နီးပါးတို့သည် ယူကရိန်းအတွက် ၎င်းတို့၏ထောက်ခံမှုကို ထပ်လောင်းအတည်ပြုရန်နှင့် ယူကရိန်း၏ စစ်အပြီး လုံခြုံရေးအစီအမံများကို ဆွေးနွေး ညှိနှိုင်းရန် ဘာလင်မြို့တွင် တွေ့ဆုံခဲ့ကြစဉ် အဆိုပါစစ်ရေးလေ့ကျင့်မှု ပေါ်ပေါက်လာခြင်းဖြစ်သည်။ ရုရှားက ထပ်မံကျူး ကျော်ဝင်ရောက်ခြင်း မရှိစေရန် ယူကရိန်းသမ္မတ ဇယ်လန်းစကီးက သေချာစေလိုပြီးရုရှားနိုင်ငံမူ နေတိုး စစ်ရေး မဟာမိတ်အဖွဲ့ကို ၎င်း၏နယ်စပ်များနှင့် ဝေးဝေးတွင် ထားရှိလိုသည်။
အမေရိကန်သံတမန် ဂျဲရတ် ကူရှနာက စစ်အပြီးယူကရိန်းအတွက် နေတိုးနှင့်ဆင်တူသော လုံခြုံရေး အာမခံ ချက်များနှင့်ပတ်သက်၍ ရုရှားဘက်က “အဆင်ပြေလက်ခံနိုင်ဖွယ်ရှိသည်” ဟု ယူဆ ကြောင်း ဆိုသည်။

ရုရှားသမ္မတ ပူတင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့နှင့် သမိုင်းဝင် သုံးပွင့်ဆိုင် ဆွေး နွေးပွဲများတွင် (၅) နှစ်နီးပါးကြာမြင့်ပြီဖြစ်သော စစ်ပွဲ ကိုအဆုံးသတ်ရေးနှင့် ပတ်သက်သည့် အမေရိကန် သမ္မတဒေါ်နယ်ထရမ့်၏ဆွေးနွေးမှုများအပေါ် ဥရောပ ခေါင်းဆောင်များအား စိတ်ချမှုပေးရန် ကူရှနာနှင့် အခြားအမေရိကန်သံတမန်တစ်ဦးဖြစ်သူ စတိဗ်ဝစ် ကော့ဖ်တို့ ဘာလင်မြို့သို့ရောက်ရှိနေခြင်းဖြစ်သည်။

အမေရိကန်သံတမန်ကူရှနာ၏ ပြောကြားချက်အရ သမ္မတထရမ့်သည် ပူတင်နှင့် တွေ့ဆုံပြီး နောက် ဘာလင် ဆွေးနွေးပွဲများသို့ ဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့သည်။ ယူကရိန်းသည် နေတိုးအဖွဲ့ဝင်ဖြစ်ရန် အချိန်ကြာမြင့်စွာ ကြိုးပမ်းခဲ့ပြီး၊ အထူးသဖြင့် အဖွဲ့ဝင်တစ်ဦးကို တိုက်ခိုက်ခြင်းသည် အားလုံးကိုတိုက်ခိုက်ခြင်းဟု ယူဆသည့် နေတိုး မဟာမိတ်အဖွဲ့၏အပိုဒ် (၅) (Article 5) ရှိ ဘုံကာကွယ်ရေး အာမခံချက်အတွက်ဖြစ်သည်။ အလားအလာရှိသော လုံခြုံရေးအာမခံချက်များသည် မည်သည့်ပုံစံ ဖြစ်လာမည်နှင့် ရုရှားနှင့် ယူကရိန်းတို့က နောက်ဆုံးတွင် ၎င်းတို့ကို လက်ခံကြမည်၊ မလက်ခံကြမည်ကိုမူ ချက်ချင်း ရှင်းလင်းစွာမသိရသေးကြောင်း သိရသည်။
ဂျာမန်ဝန်ကြီးချုပ် ဖရီးဒရစ်မာ့ဇ်က ပိုလန်နိုင်ငံရှိ စစ်ရေးလေ့ကျင့်မှုသည်ငြိမ်းချမ်းရေး ရရှိစေရန် အမေရိကန် နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် Coalition of the Willing အဖွဲ့ အသင့်ရှိ နေကြောင်း ပြသနေသည်” ဟု ဆိုသည်။

မူရင်းသတင်း — NP News