





ပုသိမ်၊ နိုဝင်ဘာ ၂၄
ပုသိမ်မြို့ကျက်သရေဆောင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ (၃၉) ကြိမ်မြောက် မသိုးသင်္ကန်းရက်ခတ်ယှဉ်ပြိုင်ပွဲအား ယမန်နေ့ ညနေပိုင်းတွင်ကျင်းပခဲ့ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးက တက်ရောက်ဖွင့်လှစ်ပေးပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူ ပူဇော်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးမားလှည့်လည်ပူဇော်ခဲ့ပြီး ရင်ပြင်တော်တွင်ဆီမီးများထွန်းညှိပူဇော်ခဲ့ကြသည်။ ထို့နောက် စံပယ်စင်တော်၊ အင်ကြင်း စင်တော်၊ ခတ္တာစင်တော်၊ ပိတောက်စင်တော်၊ ဒေါနစင်တော်၊ ကံ့ကော်စင်တော်၊ ဇလပ်စင်တော်၊ ဇီဇဝါစင်တော်၊ စကားဝါစင်တော်တို့၏ ရက်ကန်းရင်ခတ်ယှဉ်ပြိုင်နေမှုများနှင့် မသိုးသင်္ကန်း ချုပ်လုပ်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ပြိုင်ပွဲဝင်များအား ချီးမြှင့်ငွေများပေးအပ်ခဲ့ပါသည်။
#Myanmar #News