
ကျိုချွမ်၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ရှန်ကျိုး-၂၄ လူလိုက်ပါအာကာသယာဉ်ကို နိုဝင်ဘာ ၂၅ ရက် ပေကျင်းစံတော်ချိန် နံနက် ၈:၁၈ နာရီတွင် နိုင်ငံအနောက်မြောက်ပိုင်းရှိ ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ လွှတ်တင်ရန် စီစဉ်ထားကြောင်း တရုတ်နိုင်ငံ လူလိုက်ပါအာကာသအေဂျင်စီ (CMSA) က နိုဝင်ဘာ ၂၄ ရက်တွင် ကြေညာလိုက်သည်။
အဆိုပါ အာကာသယာဉ်လွှတ်တင်ရန် Long March-2F သယ်ဆောင်ရေးဒုံးပျံကို အသုံးပြုမည်ဖြစ်သလို တွန်းကန်ပစ္စည်းကိုလည်း မကြာမီတပ်ဆင်ဖြည့်တင်းထားမည်ဖြစ်ကြောင်း CMSA ပြောရေးဆိုခွင့်ရှိသူ ကျန်းကျင့်ပေါ က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ရှန်ကျိုး-၂၄ အာကာသယာဉ်သည် တရုတ်နိုင်ငံ၏ အာကာသစခန်း အသုံးပြုရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဆင့်အတွင်း ၈ ကြိမ်မြောက် လူလိုက်ပါသည့် မစ်ရှင်လည်းဖြစ်သလို တရုတ်နိုင်ငံ၏ လူလိုက်ပါအာကာသအစီအစဉ်၏ ၄၁ ကြိမ်မြောက် ပျံသန်းရေးမစ်ရှင်လည်း ဖြစ်ကြောင်း သိရသည်။ (Xinhua)
……….
(English Version)
China to launch Shenzhou-24 crewed spaceship on Nov. 25
JIUQUAN, Nov. 24 (Xinhua) -- China's Shenzhou-24 crewed spaceship is scheduled to be launched at 8:18 a.m. (Beijing Time) Wednesday from the Jiuquan Satellite Launch Center in northwest China, the China Manned Space Agency (CMSA) announced on Tuesday.
A Long March-2F carrier rocket, which will be used for the launch, will soon be filled with propellant, said Zhang Jingbo, the CMSA spokesperson, at a press conference.
Shenzhou-24 is the eighth crewed mission during the application and development stage of China's space station, and the 41st flight mission of China's manned space program.
Photo caption 1, 2, 3, 4, 5: A press conference on the Shenzhou-24 crewed spaceflight mission is held at the Jiuquan Satellite Launch Center in northwest China, Nov. 24, 2026. (Xinhua/Li Zhipeng)



