Yo Yar Lay

တိရစ္ဆာန်ဥယျာဉ်တစ်ခုမှာ သက်တမ်းအရင့်ဆုံးတိရစ္ဆာန်လိပ်ကြီး သေဆုံး

ဆန်ဖရန်စစ္စကို တိရစ္ဆာန်ဥယျာဉ်ရှိ သက်တမ်းအရင့်ဆုံးတိရစ္ဆာန်တစ်ကောင် သေဆုံးသွားခဲ့ပါတယ်။ မိုဂျာဗေးလို့ အမည်ရတဲ့ လိပ်ကြီးဖြစ်ပြီး အခုနှစ်အစောပိုင်းကတည်းက ကျောရိုးနဲ့ပတ်သက်တဲ့ကျန်းမာရေးပြဿနာတစ်ခုခံစားလာခဲ့ရတာပါ။ တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်သူနဲ့ ဆေးကုသရေးဝန်ထမ်းတွေက မိုဂျာဗေးရဲ့အခြေအနေကို အနီးကပ်စောင့်ကြည့်စစ်ဆေးခဲ့ရပါတယ်။ ဒါပေမဲ့ ကျန်းမာရေးအခြေအနေဆိုးရွားလာခဲ့ပြီး တိရစ္ဆာန်ဥယျာဉ်ရဲ့တာဝန်ရှိသူတွေက နိုဝင်ဘာ၁၉ ရက်နေ့မှာ သူ့ကို နာကျင်မှုမရှိစေဖို့ ဆေးနဲ့ အဆုံးစီရင်ပေးဖို့အတွက် ခက်ခဲတဲ့ဆုံးဖြတ်ချက်ကို ချခဲ့ရပါတယ်။

မိုဂျာဗေးဟာ ၁၉၉၇ ခုနှစ်က ဆန်ဖရန်စစ္စကို တိရစ္ဆာန်ဥယျာဉ်ကို ရောက်ရှိလာခဲ့တာပါ။ သူဟာ လာရောက်လည်ပတ်သူတွေ၊ဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေရဲ့နှလုံးသားကို ဖမ်းစားနိုင်ခဲ့ပါတယ်။ မိုဂျာဗေး သေဆုံးချိန်မှာ အသက် ၇၉ နှစ်ရှိပါပြီ။

Ref: Oldest living animal at San Francisco

WL (ရိုးရာလေး)

မူရင်းသတင်း — Yo Yar Lay