
သန့်ဇင် (NP News)- နိုဝင်ဘာ ၂၄
ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသည် နှစ်စဉ် ဘုရားဖူးများဖြင့် စည်ကားလေ့ရှိရာ ရင်ပြင်တော်တစ်ဝိုက် စွန့်ပစ်အမှိုက်များကင်းစင်ရေးအတွက် အမှိုက်မီးရှို့စက်တပ်ဆင်အသုံးပြုရန် စီစဉ် နေပြီဖြစ်ကြောင်း ကျိုက်ထီးရိုးစေတီတော်ဂေါပက ဥက္ကဋ္ဌ ဦးဉာဏ်ထွန်းက NP News သို့ပြောသည်။
အဆိုပါ အမှိုက်မီးရှို့စက်သည် ကိုရီးယားနည်းပညာဖြင့်ထုတ်လုပ်ထားခြင်းဖြစ်ပြီး တစ်နာရီလျှင် အမှိုက် ကီလို(၂၀ဝ)အထိ မီးရှို့ဖျက်ဆီးနိုင်ကြောင်း သိရသည်။
“ကိုရီးယားနည်းပညာနဲ့လုပ်ထားတဲ့စက်ပေါ့နော်။ ဒီမှာ အသုံးပြုမယ်ဆိုရင်တော့ မွန်ပြည်နယ် မှာ ပထမဆုံး စေတီတော်တစ်ဝိုက် အမှိုက်ကင်းစင်ရေးသုံး အမှိုက်မီးရှို့စက်ပေါ့။ တစ်နာရီကို ကီလို (၂၀ဝ) မီးရှို့နိုင်တာပေါ့။ အမှိုက်ပုံး(၈)ပုံးအထိ မီးရှို့နိုင်တာပေါ့။ သူက ပြာပဲထွက်တာ ဘာမှမဖြစ်ဘူး။ စက်ကတော့ ဒီဇယ်စက်ပါ။ သူက အများကြီးလည်းမကုန်ဘူး။ ရေသန့်ဘူးပါရင်သာ နည်းနည်း ပိုထည့် ပေးရတာ” ဟု ဦးဉာဏ်ထွန်းက ပြောသည်။
ထို့နောက် ယင်းအမှိုက်မီးရှို့စက်မှထွက်ရှိ သောစွန့်ပစ်ပစ္စည်းသည်လည်း ပြာအဖြစ် ပြန်လည် ထွက်ရှိလာမည်ဖြစ်ရာ စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာ အဖြစ် ပြန်လည် အသုံးပြုနိုင်မည်ဖြစ်ကြောင်း လည်း ၎င်းကဆိုသည်။
“မီးရှို့ပြီးထွက်လာတဲ့ ပြာကိုတော့ ဓာတ်မြေဩဇာအဖြစ် ပြန်သုံးလို့ရတယ်။ ကျိုက်ထီးရိုးမှာ ပထမဆုံးပေါ့နော်။ အခုကတော့ လုပ်ဖို့လေ့လာနေတုန်းပေါ့နော်။ စဖို့ရှိပါတယ်”ဟု ၎င်းကပြောသည်။
ယင်းစက်ကို တပ်ဆင်အသုံးပြုရန် ငွေ ကျပ် သိန်းပေါင်းများစွာကုန်ကျမည်ဖြစ်ပြီး လက်ရှိ တွင် အလှူရှင်နှင့် ထားရှိရန်မြေနေရာကို ကနဦး ရှာဖွေနေကြောင်းလည်း ဦးÓဏ်ထွန်းကဆိုသည်။
“အဲဒီစက်က လွန်ခဲ့တဲ့ (၈)နှစ်ကဈေးက ကျပ်သိန်း (၃၀ဝဝ)ကုန်ကျတယ်။ အခုက အလှူရှင် ရှာ နေတုန်းပေါ့နော်။ အခုက ဝယ်ဖို့အလှူရှင်ရှာတာရယ်၊ ထားဖို့ ပေ(၄၀)ပတ်လည်မြေနေရာလည်း ရှာနေ တယ်။ စက်ကလည်း ဝယ်ဖို့လုပ်နေတာပေါ့နော်” ဟု ၎င်းကပြောသည်။
ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ နှစ်စဉ်လာရောက်ဖူးမြော်သူများစွာရှိခဲ့ပြီး ဘု ရားဖူးဧည့်သည်များစွာဝင်ရောက်ခြင်းနှင့်အတူ စွန့်ပစ်အမှိုက်များလည်းများပြားလာရာမှ ကျိုက်ထီးရိုး ရင်ပြင်တော်၏ နောက်ဘက်တောင်စောင်းတစ်လျှောက်တွင် ရေတံခွန်ကဲ့သို့အမှိုက်ပုံကြီးဖြစ်ပေါ်နေခဲ့ ကြောင်း သိရသည်။ အဆိုပါအမှိုက်ပုံကြီးကို လက်ရှိဂေါပကအဖွဲ့မှဦးစီးကာ ရှင်းလင်းရေးများလုပ် ဆောင်ပြီး (၅၀)ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
]]အခုထိ ရှင်းနေတုန်းပါ။ တောင်စောင်းက လည်းမြင့်တော့ အောက်ကို ကြိုးနဲ့ဆင်းပြီး တူးထုတ် ရတာဆိုတော့ အချိန်တော်တော်ပေးရတယ်။ အခု တော့ (၅၀)ရာခိုင်နှုန်း၊ တစ်ဝက်လောက်တော့ပြီး နေပါပြီ}}ဟု ကျိုက်ထီးရိုးစေတီတော်ဂေါပက ဥက္ကဋ္ဌ ဦးÓဏ်ထွန်းက ပြောသည်။
လက်ရှိတွင် ကျိုက်ထီးရိုးစေတီတော်မြတ် ကြီး ဂေါပကအဖွဲ့ကို နာယကဆရာတော် (၁၅) ပါး၏ ဩဝါဒခံယူကာ ဂေါပကအဖွဲ့ဝင်(၁၄)ဦးဖြင့် ပြီးခဲ့ သည့် အောက်တိုဘာလ (၂၁) ရက်ကစတင်ကာ ပြန် လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
]]ကျွန်တော်တို့က အခုမှ ပြန်ဖွဲ့စည်းတာ နာယကဆရာတော်က (၁၅)ပါးနဲ့ ပြည်နယ်အစိုးရရဲ့ ဦးဆောင်လမ်းညွှန်မှုနဲ့လုပ်တာပေါ့နော်။ အနီးကပ် ကြီးကြပ်တာကတော့ ကျိုက်ထိုခရိုင်က အနီးကပ်ကြီး ကြပ်တာပေါ့။ ဩဝါဒခံတာကတော့ နာယက (၁၅) ပါးရှိပါတယ်။ ဂေါပကအဖွဲ့ (၁၄)ယောက်လည်း ဖွဲ့ စည်းထားပါတယ်။ အောက်တိုဘာလ (၂၁) ရက်နေ့ က ပြန်ပြီးဖွဲ့ထားတာပေါ့နော်}}ဟု ၎င်းက ပြောသည်။
ကိုဗစ်ကာလနှင့် နိုင်ငံရေးအခင်းအကျင်း ကာလအလွန် (၂၀၂၃)ခုနှစ်ကစတင်ကာ ကျိုက်ထီး ရိုးစေတီတော်မြတ်ကြီးသို့ ဘုရားဖူးဧည့်သည်လာ ရောက်မှု ပြန်လည်များပြားလာပြီး (၂၀၂၅-၂၀၂၆) ဘုရားဖူးရာသီတွင် ဧည့်သည်(၁)သန်းကျော် ဝင် ရောက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ယခုနှစ် အောက်တိုဘာလ (၆) ရက်မှ နိုဝင်ဘာလ (၆) ရက်အထိ တစ်လအတွင်းပင် ဘုရားဖူးဧည့်သည် (၂)သိန်းခန့်ဝင်ရောက်ခဲ့ကြောင်း သိရသည်။