NP News

KG+12 စနစ်နှင့် ကိုက်ညီစေရန် တက္ကသိုလ်ဘွဲ့သင်တန်းကာလနှင့် ဒီဂရီပေးအပ်မှုများ ပြန်လည်သုံးသပ်ရန်လို

စော(NP News)-နိုဝင်ဘာ ၂၆

KG+12 စနစ်နှင့် ကိုက်ညီစေရန် တက္ကသိုလ်ဘွဲ့သင်တန်းကာလနှင့် ဒီဂရီပေးအပ်မှုများ ပြန်လည်သုံးသပ်ရန်လိုကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်က ရုံးအမှတ် (၁၃) ၊ အဆင့်မြင့်ပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် အဆင့်မြင့်ပညာကဏ္ဍ သင်ကြား၊ သင်ယူမှုစနစ် သုံးသပ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ (၂/၂၀၂၆)တွင် ပြောကြားခဲ့ကြောင်း သိရသည်။

အခြေခံပညာရေးတွင် KG+12 စနစ် ကျင့်သုံးလျက်ရှိရာ ယင်းစနစ်နှင့် လိုက်လျောညီထွေဖြစ်မည့် တက္ကသိုလ်များ ဘွဲ့သင်တန်းကာလပြုပြင်ပြောင်းလဲရေးနှင့် ဒီဂရီပေးအပ်မှုများကို ပြန်လည်သုံးသပ်ရန်၊ ဘွဲ့သင်တန်းကာလသတ်မှတ်ရာတွင် ဒေသတွင်းနှင့် နိုင်ငံတကာတက္ကသိုလ်များတွင် ကျင့်သုံးနေသည့်စနစ်များကိုလည်း ထည့်သွင်းစဉ်းစားရန်လိုအပ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

အဝေးသင်ပညာရေးစနစ်သည် အဆင့်မြင့်ပညာရေးတွင် အရေးပါသောကဏ္ဍတစ်ခုဖြစ်ပြီး အဝေးသင်စနစ်သင်ကြားရေးတွင် စာစဉ် (Assignment) နှစ်ကြိမ်ပြုလုပ်ရမည်ဖြစ်ရာ ပထမတစ်ကြိမ်ကို သတ်မှတ်ထားသည့်အချိန်အတိုင်း ပုံမှန်တင်သွင်းမည်ဖြစ်ပြီး ဒုတိယတစ်ကြိမ်ကို လူကိုယ်တိုင်အတန်းတက်၍ သင်ယူမှုနှင့်အတူ ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ထို့ပြင် ဒီဂျစ်တယ်ပညာရေးသို့ ကူးပြောင်းရာတွင် အချက်အလက် (Data) မှန်ကန်ရေးနှင့် အခြေခံအဆောက်အအုံပြည့်စုံရေးသည် အဓိကအရေးကြီးကြောင်းနှင့် Online နှင့် Digital ပညာရေးစနစ် ခိုင်မာစေရန်အတွက် တက္ကသိုလ်များတွင် သင်ကြားသင်ယူမှု စီမံခန့်ခွဲမှုစနစ် (Learning Management System-LMS) သည် မရှိမဖြစ်လိုအပ်ကြောင်း ဒေါက်တာချောချောစိန်က ပြောကြားခဲ့သည်။

ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်နှင့် Naypyitaw State Academy တို့ကို Center of Excellence အဖြစ် ထူထောင်ထားသည်ဖြစ်ရာ ပါမောက္ခချုပ်များအနေဖြင့် မိမိတို့တက္ကသိုလ်များတွင် သုတေသနနှင့် သင်ကြားရေးကဏ္ဍများ၌ ထူးချွန်သည့် ဆရာ ဆရာမများကို စုဆောင်းနိုင်ရေး ကြိုတင်ပြင်ဆင်ထားရန်လိုအပ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

zawgyi version

KG+12 စနစ္ႏွင့္ ကိုက္ညီေစရန္ တကၠသိုလ္ဘြဲ႕သင္တန္းကာလႏွင့္ ဒီဂရီေပးအပ္မႈမ်ား ျပန္လည္သုံးသပ္ရန္လို
ေစာ(NP News)-ႏိုဝင္ဘာ ၂၆
KG+12 စနစ္ႏွင့္ ကိုက္ညီေစရန္ တကၠသိုလ္ဘြဲ႕သင္တန္းကာလႏွင့္ ဒီဂရီေပးအပ္မႈမ်ား ျပန္လည္သုံးသပ္ရန္လိုေၾကာင္း ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ ေခ်ာေခ်ာစိန္က ႐ုံးအမွတ္ (၁၃) ၊ အဆင့္ျမင့္ပညာဦးစီးဌာန အစည္းအေဝးခန္းမ၌ က်င္းပသည့္ အဆင့္ျမင့္ပညာက႑ သင္ၾကား၊ သင္ယူမႈစနစ္ သုံးသပ္ျခင္းႏွင့္ ေရွ႕လုပ္ငန္းစဥ္မ်ား ခ်မွတ္ႏိုင္ေရး အလုပ္႐ုံေဆြးေႏြးပြဲ (၂/၂၀၂၆)တြင္ ေျပာၾကားခဲ့ေၾကာင္း သိရသည္။
အေျခခံပညာေရးတြင္ KG+12 စနစ္ က်င့္သုံးလ်က္ရွိရာ ယင္းစနစ္ႏွင့္ လိုက္ေလ်ာညီေထြျဖစ္မည့္ တကၠသိုလ္မ်ား ဘြဲ႕သင္တန္းကာလျပဳျပင္ေျပာင္းလဲေရးႏွင့္ ဒီဂရီေပးအပ္မႈမ်ားကို ျပန္လည္သုံးသပ္ရန္၊ ဘြဲ႕သင္တန္းကာလသတ္မွတ္ရာတြင္ ေဒသတြင္းႏွင့္ ႏိုင္ငံတကာတကၠသိုလ္မ်ားတြင္ က်င့္သုံးေနသည့္စနစ္မ်ားကိုလည္း ထည့္သြင္းစဥ္းစားရန္လိုအပ္ေၾကာင္းလည္း ထည့္သြင္းေျပာၾကားခဲ့သည္။
အေဝးသင္ပညာေရးစနစ္သည္ အဆင့္ျမင့္ပညာေရးတြင္ အေရးပါေသာက႑တစ္ခုျဖစ္ၿပီး အေဝးသင္စနစ္သင္ၾကားေရးတြင္ စာစဥ္ (Assignment) ႏွစ္ႀကိမ္ျပဳလုပ္ရမည္ျဖစ္ရာ ပထမတစ္ႀကိမ္ကို သတ္မွတ္ထားသည့္အခ်ိန္အတိုင္း ပုံမွန္တင္သြင္းမည္ျဖစ္ၿပီး ဒုတိယတစ္ႀကိမ္ကို လူကိုယ္တိုင္အတန္းတက္၍ သင္ယူမႈႏွင့္အတူ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္းလည္း ေျပာၾကားခဲ့သည္။
ထို႔ျပင္ ဒီဂ်စ္တယ္ပညာေရးသို႔ ကူးေျပာင္းရာတြင္ အခ်က္အလက္ (Data) မွန္ကန္ေရးႏွင့္ အေျခခံအေဆာက္အအုံျပည့္စုံေရးသည္ အဓိကအေရးႀကီးေၾကာင္းႏွင့္ Online ႏွင့္ Digital ပညာေရးစနစ္ ခိုင္မာေစရန္အတြက္ တကၠသိုလ္မ်ားတြင္ သင္ၾကားသင္ယူမႈ စီမံခန႔္ခြဲမႈစနစ္ (Learning Management System-LMS) သည္ မရွိမျဖစ္လိုအပ္ေၾကာင္း ေဒါက္တာေခ်ာေခ်ာစိန္က ေျပာၾကားခဲ့သည္။
ရန္ကုန္တကၠသိုလ္၊ မႏၲေလးတကၠသိုလ္ႏွင့္ Naypyitaw State Academy တို႔ကို Center of Excellence အျဖစ္ ထူေထာင္ထားသည္ျဖစ္ရာ ပါေမာကၡခ်ဳပ္မ်ားအေနျဖင့္ မိမိတို႔တကၠသိုလ္မ်ားတြင္ သုေတသနႏွင့္ သင္ၾကားေရးက႑မ်ား၌ ထူးခြၽန္သည့္ ဆရာ ဆရာမမ်ားကို စုေဆာင္းႏိုင္ေရး ႀကိဳတင္ျပင္ဆင္ထားရန္လိုအပ္ေၾကာင္းလည္း ထည့္သြင္းေျပာၾကားခဲ့သည္။

မူရင်းသတင်း — NP News