နေပြည်တော် နိုဝင်ဘာ ၂၅
နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်မှုဖြင့် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) ၌ ကျောင်းသား ကျောင်းသူများ လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ပျဉ်းမနားမြို့နယ်ရှိ အမှတ်(၃) အခြေခံပညာမူလ တန်းလွန်ကျောင်း၊ အမှတ်(၂၅) အခြေခံပညာ မူလတန်းလွန်ကျောင်း၊ အမှတ်(၂၇)အခြေခံပညာ မူလတန်းလွန်ကျောင်း၊ အခြေခံပညာ မူလတန်းလွန် ကျောင်း(အောင်ချမ်းသာ)၊ အခြေခံပညာ မူလတန်းလွန်ကျောင်း (အလျင်လို)တို့မှ ကျောင်းသား ကျောင်းသူများသည် ဆရာ ဆရာမများနှင့်အတူ တပ်မတော် စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့ သွားရောက်လေ့လာကြသည်။
ဦးစွာ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများသည် တပ်မတော် စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့ ရောက်ရှိကြပြီး တပ်မတော်(လေ) ပြင်ပပြကွက်တွင် ခင်းကျင်းပြသထားသော ခေတ်အဆက်ဆက် အသုံးပြုခဲ့သည့် တပ်မတော်လေယာဉ်များ ကိုလည်းကောင်း၊ တပ်မတော် (ရေ)ပြင်ပပြကွက်တွင် ခင်းကျင်း ပြသထားသည့် စစ်ရေယာဉ်ပုံစံတူများ၊ စစ်လက်နက်ပစ္စည်းများကို လည်းကောင်း စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြပြီး အမှတ်တရ ဓာတ်ပုံများ ရိုက်ကြသည်။
ထို့နောက် တပ်မတော် (ကြည်း) ပြခန်းဆောင်တွင် ခေတ်အဆက်ဆက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ၏ ရုပ်တုများနှင့် မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုလေ့လာကြပြီး မြန်မာ့တပ်မတော် သမိုင်းမှတ်တမ်း ရုပ်ရှင်ကို ကြည့်ရှုကြသည်။ ယင်းနောက် ပြတိုက်တာဝန်ရှိသူများက လာရောက်လေ့လာကြသော ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများအတွက် မုန့်များ ပေးဝေကြသည်။
ဆက်လက်၍ ပြတိုက်တာဝန်ရှိသူက ပြတိုက်သမိုင်း၊ ရည်ရွယ် ချက်နှင့် ပြတိုက်အတွင်း ကဏ္ဍအလိုက် ပြခန်း၊ ပြကွက်များ ပြသထားမှုတို့ကို လိုက်လံရှင်းလင်းပြသ ကြသည်။ ထို့နောက် ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများက ပြတိုက်အတွင်း ခင်းကျင်း ပြသထားသည့် ပြခန်းများအား စိတ်ပါဝင်စားစွာ လှည့်လည် ကြည့်ရှုလေ့လာ၍ သိရှိလိုသည်များကို မေးမြန်းကြရာ ပြခန်း တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားပေးသည်။
ဆက်လက်၍ ယနေ့လေ့လာ မှတ်သားခဲ့သည့် ဗဟုသုတများကို ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပ ပြုလုပ်ကာ မေးခွန်များကို မှန်ကန် စွာဖြေဆိုနိုင်သော ကျောင်းသား ကျောင်းသူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆု နှင့် အထူးဆုများ ချီးမြှင့်ကြပြီး ပြတိုက်တာဝန်ရှိသူများက ပြန်လည်ထွက်ခွာမည့် ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
ယခုကဲ့သို့ လေ့လာရေး အစီအစဉ်များကို ကျောင်းသား လူငယ်များအနေဖြင့် မျိုးချစ်စိတ်ဓာတ် ရှင်သန် ထက်မြက်လာစေရန်၊ ကျောင်းပြင်ပ ဗဟုသုတ များရရှိစေပြီး သင်ရိုးညွှန်းတမ်းပါ သင်ခန်းစာများကို စာတွေ့အပြင် လက်တွေ့ ယှဉ်တွဲလေ့လာနိုင်စေရန်၊ လွတ်လပ်ရေးကြိုးပမ်းမှု ကာလနှင့်အတူ ယှဉ်တွဲပေါ်ပေါက်လာသည့် မြန်မာ့တပ်မတော်၏ အဆင့်ဆင့် ပြောင်းလဲတိုးတက် လာခဲ့မှုအခြေအနေများကို သိရှိစေရန်၊ မျက်မှောက်ကာလတွင် ဖွဲ့စည်းထားရှိသည့် တပ်မတော် လက်ရုံးတပ်ဖွဲ့အသီးသီး၏ သမိုင်းကြောင်း၊ လုပ်ငန်းတာဝန်နှင့် စွမ်းဆောင်နိုင်ခဲ့မှုများကို သိရှိစေ ရန်နှင့် အနာဂတ်ကာလများတွင် နိုင်ငံတော်ကို ဦးဆောင်ကြမည့် မျိုးဆက်သစ် လူငယ်လူရွယ်များ အနေဖြင့် မိမိနိုင်ငံ၏ သမိုင်းကြောင်း ဆိုင်ရာ အချက်အလက်များကို လေ့လာသိရှိထားခြင်းအားဖြင့် အနာဂတ်ဘဝ လျှောက်လှမ်းမှုကို အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ လေ့လာရေး လာရောက်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများ၏ ရင်တွင်း စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-
ကျွန်တော်တို့အနေနဲ့ တပ်မတော် စစ်သမိုင်းပြတိုက်ကို လေ့လာခွင့်ရတဲ့အတွက် များစွာ ဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။ ကျွန်တော်တို့ အခုစစ်သမိုင်း ပြတိုက်ရဲ့ ကြည်း၊ ရေ၊ လေ ပြခန်းတွေနဲ့ ပြင်ပပြကွက်တွေကို လေ့လာ ခဲ့ပြီးပါပြီ။ ကျွန်တော်တို့အနေနဲ့ ကျောင်းမှာ သမိုင်းဘာသာရပ်တွေကို စာတွေ့အဖြစ်ပဲ သင်ယူခဲ့ရပါတယ်။ အခုလို စာတွေ့ လက်တွေ့ ပေါင်းစပ်လေ့လာခွင့် ရရှိတဲ့အတွက် နိုင်ငံတော်ရဲ့ သမိုင်းကြောင်းဟာ ရှေးယခင် ကတည်းက အခိုင်အမာ တည်ရှိခဲ့တယ်ဆိုတာကို သိမြင်ခဲ့ရပါတယ်။ နိုင်ငံတစ်ခု တိုးတက်ဖို့ဆိုတာ နိုင်ငံတော်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေးနဲ့ ကာကွယ်ရေးစွမ်းအားတွေ ဘက်စုံဟန်ချက်ညီနေမှ ရမယ်ဆိုတာ လေ့လာခဲ့ရပါတယ်။ တပ်မတော်အတွင်းမှာ အသုံးပြုတဲ့ တိုက်လေယာဉ်တွေ၊ သင်္ဘောတွေ၊ လက်နက်တွေကို လက်တွေ့ကျကျ တွေ့မြင်ခွင့်ရရှိခဲ့ပါတယ်။ အခုလို လေ့လာ ခွင့်ရရှိအောင် စီမံပေးတဲ့ နိုင်ငံတော် သမ္မတကြီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တာဝန်ရှိသူများကို အထူးကျေးဇူးတင်ပါတယ် ခင်ဗျာ။
သတင်းစဉ်