Xinhua Myanmar

တရုတ်နှင့် ပါကစ္စတန် အာကာသယာဉ်မှူးများ တရုတ်နိုင်ငံ ထျန်းကုန်း အာကာသစခန်းသို့ ပူးတွဲသွားရောက်ခြင်းနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြား

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းအား ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၅ ရက်က ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Foreign Affairs of the People’s Republic of China)

ပေကျင်း၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နှင့် ပါကစ္စတန် နှစ်နိုင်ငံ ပြည်သူများ၏ စိတ်အားထက်သန်စွာ မျှော်လင့်စောင့်စားမှုဖြင့် တရုတ်–ပါကစ္စတန် အာကာသယာဉ်မှူးများသည် နိုဝင်ဘာ ၂၅ ရက်တွင် တရုတ် အာကာသစခန်း “ထျန်းကုန်း” သို့ အတူတကွ သွားရောက်ကာ သမိုင်းဝင် အာကာသသိပ္ပံနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှုကို ဆောင်ရွက်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက ထိုနေ့ ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ တရုတ် အာကာသစခန်းသို့ နိုင်ငံခြားသားအာကာသယာဉ်မှူးတစ်ဦး ပထမဆုံးအကြိမ် ရောက်ရှိလာခြင်းသည် တရုတ်နိုင်ငံ လူလိုက်ပါ အာကာသပျံသန်းရေး အစီအစဉ်အတွက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မှတ်တိုင်သစ်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

သမ္မတရှီကျင့်ဖိန်၏ ပါကစ္စတန် သမ္မတ Asif Ali Zardari ထံ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာတွင် နှစ်နိုင်ငံ အာကာသယာဉ်မှူးများ အတူတွဲ၍ အာကာသအား စူးစမ်းလေ့လာခြင်းသည် တရုတ်-ပါကစ္စတန် နက်ရှိုင်းသော ချစ်ကြည်ရင်းနှီးမှုကို သက်ဝင်လှုပ်ရှားစွာ ဖော်ပြမှုဖြစ်သလို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၏ အရေးကြီးရလဒ်အသစ်လည်းဖြစ်ကြောင်း၊ တရုတ်အာကာသစခန်းသည် ငြိမ်းချမ်းရေးသင်္ဘော၊ ချစ်ကြည်ရင်းနှီးမှုသင်္ဘော၊ ပူးပေါင်းဆောင်ရွက်မှုသင်္ဘော ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ပါကစ္စတန် အပါအဝင် နိုင်ငံများနှင့်အတူ အာကာသအား ငြိမ်းချမ်းစွာ အသုံးပြုမှု ဟူသည့် အလံကို မြင့်မြင့်ကိုင်မြှောက်၍ အာကာသကဏ္ဍ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး အာကာသ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုကို ပြည့်စုံအောင် ဆောင်ရွက်ကာ အာကာသစူးစမ်းလေ့လာမှုရလဒ်များဖြင့် လူသားမျိုးနွယ်တစ်ရပ်လုံးအား ပိုမိုကောင်းမွန်စွာ အကျိုးပြုရန် လုပ်ဆောင်သွားလိုကြောင်း ထောက်ပြထားသည်ဟု ကောကျားခွန်က ပြောကြားခဲ့သည်။

“ကမ္ဘာ့ကျေးရွာကြီးတစ်ခုတည်းတွင် အတူနေထိုင်ကြပြီး အာကာသအိပ်မက်ကို အတူတကွ ဖော်ဆောင်ကြပါစို့” ဟု ကောကျားခွန်က ပြောကြားခဲ့သည်။ တရုတ်အာကာသစခန်းသည် တရုတ်နိုင်ငံ၏ “အာကာသ အိမ်” သာမက ကမ္ဘာလုံးဆိုင်ရာ သိပ္ပံသုတေသနအား မျက်နှာမူထားသည့် စမ်းသပ်ရေး ပလက်ဖောင်းလည်း ဖြစ်ကြောင်း၊ ယခုအကြိမ် ပူးတွဲ ပျံသန်းမှုသည် တရုတ်–ပါကစ္စတန် အချိန်အခါမရွေး မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံရေးအတွက် နယ်ပယ်သစ်ကို ချဲ့ထွင်ပေးခဲ့ပြီး တွန်းအားသစ်ကို ဖြည့်တင်းပေးခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်လိုသော ဆန္ဒရှိသည့် နိုင်ငံများနှင့်အတူ လက်တွဲလျှောက်လှမ်းကာ ကျယ်ပြောလှသော ကြယ်တာရာများဆီသို့ အတူတကွ ဦးတည်သွားရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

....................................

(Chinese Version)

中国外交部发言人谈中巴航天员共赴中国空间站“天宫”

新华社北京11月25日电(记者冯歆然、邵艺博)中国外交部发言人郭嘉昆25日在例行记者会上说,在中国和巴基斯坦两国人民热切期待下,中巴航天员当天共赴中国空间站“天宫”,开展历史性的航天科技合作。中国空间站首次迎来外籍航天员,这是中国载人航天工程国际合作新的里程碑。  

郭嘉昆表示,习近平主席在致巴基斯坦总统扎尔达里的贺电中指出,两国航天员携手叩问苍穹,是中巴深厚友谊的生动体现,也是两国合作新的重要成果。中国空间站是和平之舟、友谊之舟、合作之舟。中国愿同包括巴基斯坦在内的各国一道,高举和平利用外层空间旗帜,深化航天国际合作,完善外空全球治理,让外空探索成果更好惠及全人类。  

“同住地球村,共圆航天梦。”郭嘉昆说,中国空间站不仅是中国的“太空之家”,也是面向全球科学研究的试验平台。此次联合飞行为中巴全天候战略合作伙伴关系拓展了新领域、注入了新动力。中方愿同更多有合作意愿的国家携手同行,共赴浩瀚星河。(完)

မူရင်းသတင်း — Xinhua Myanmar