Xinhua Myanmar

တရုတ်-ကမ္ဘောဒီးယား “Golden Dragon-2026” ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်

ကမ္ဘောဒီးယားနိုင်ငံရှိ တရုတ်-ကမ္ဘောဒီးယား Port Ream ပူးတွဲအာမခံမှုနှင့် လေ့ကျင့်ရေးစင်တာ၌ တရုတ်-ကမ္ဘောဒီးယား “Golden Dragon-2026” ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်ခြင်း အခမ်းအနားကို ဒေသစံတော်ချိန် ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းက ကျင်းပနေစဉ် (ဆင်ဟွာ)

ကမ္ဘောဒီးယား သီဟာနုဗီးလ်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)

တရုတ်-ကမ္ဘောဒီးယား “Golden Dragon-2026” ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်ခြင်း အခမ်းအနားကို ဒေသစံတော်ချိန် နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံရှိ တရုတ်-ကမ္ဘောဒီးယား Ream ဆိပ်ကမ်း ပူးတွဲအာမခံမှုနှင့် လေ့ကျင့်ရေးစင်တာ၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့ တရုတ်-ကမ္ဘောဒီးယား နှစ်ဖက်မှ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်သည့် အရာရှိစစ်သည်ကိုယ်စားလှယ်များ၊ ကမ္ဘောဒီးယားနိုင်ငံအခြေစိုက် အခြားနိုင်ငံမှ စစ်သံမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ယခုအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် “ငြိမ်းချမ်းမှု၊ ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှု” ကို အဓိကအကြောင်းအရာအဖြစ် အခိုင်အမာ လက်ကိုင်ထားပြီး “ပူးတွဲ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် ပင်လယ်ဓားပြတိုက်ဖျက်ရေး၊ လူသားချင်းစာနာထောက်ထားမှု ကယ်ဆယ်ရေးလှုပ်ရှားမှု” လုပ်ငန်းများနှင့် စပ်လျဉ်း၍ ပင်လယ်ဝေဟင်နှင့် ကုန်းတွင်းဝေဟင် ဟူ၍ လမ်းကြောင်းနှစ်ရပ်ခွဲခြားကာ လိုက်လျောညီထွေဖြစ်အောင် လေ့ကျင့်ခြင်း၊ ကွပ်ကဲမှုလေ့ကျင့်ခြင်း၊ လက်တွေ့တပ်ဖွဲ့စုံ ပေါင်းစပ်လေ့ကျင့်ခြင်း ဟူသော အဆင့်သုံးဆင့်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်သည်။ ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် ရုတ်တရက်တိုက်ခိုက် ကယ်ဆယ်ရေး၊ ဆေးကုသမှုပေးပြီး နောက်တန်းသို့ ပို့ဆောင်ရေး၊ ပင်လယ်ပြင်တွင် ပူးတွဲရှာဖွေကယ်ဆယ်ရေးနှင့် သင်္ဘောများအား စစ်ဆေးဖမ်းဆီးရေး စသည့် ဘာသာရပ်များကို အဓိကထားဆောင်ရွက်လျက် နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၉ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ သီဟာနုဗီးလ် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ Ream ဆိပ်ကမ်းနှင့် တော်ဝင်တပ်မတော် ပူးတွဲစစ်အရာရှိကျောင်း စသည့်နေရာများတွင် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်သည်။

“Golden Dragon” စီးရီး ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ယခင်က  ၇ ကြိမ် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ရာ ယခုအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် အကြမ်းဖက်ဝါဒနှင့် ပင်လယ်ဓားပြကဲ့သို့သော လက်တွေ့ကျသည့် လုံခြုံရေးခြိမ်းခြောက်မှုများကို အဓိကထားကိုင်တွယ်မည်ဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးဟူသော အများပြည်သူလုံခြုံရေးထုတ်ကုန်ကို အာရုံစိုက်ဆောင်ရွက်မည်ဖြစ်သည်။ အကြောင်းအရာသည် အခြားနိုင်ငံ၊အဖွဲ့အစည်းကို ပစ်မှတ်မထားဘဲ ဒေသတွင်းအခြေအနေ သို့မဟုတ် ထိလွယ်ရှလွယ်သော ကိစ္စရပ်များနှင့် ဆက်နွှယ်ခြင်းမရှိကြောင်း သိရသည်။ (Xinhua)

ကမ္ဘောဒီးယားနိုင်ငံရှိ တရုတ်-ကမ္ဘောဒီးယား Port Ream ပူးတွဲအာမခံမှုနှင့် လေ့ကျင့်ရေးစင်တာ၌ တရုတ်-ကမ္ဘောဒီးယား “Golden Dragon-2026” ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်ခြင်း အခမ်းအနားကို ဒေသစံတော်ချိန် ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းက ကျင်းပနေစဉ် (ဆင်ဟွာ)
ကမ္ဘောဒီးယားနိုင်ငံရှိ တရုတ်-ကမ္ဘောဒီးယား Port Ream ပူးတွဲအာမခံမှုနှင့် လေ့ကျင့်ရေးစင်တာ၌ တရုတ်-ကမ္ဘောဒီးယား “Golden Dragon-2026” ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်ခြင်း အခမ်းအနားကို ဒေသစံတော်ချိန် ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းက ကျင်းပခဲ့ရာ တရုတ်ဘက်မှ ပါဝင်သူများကို တွေ့ရစဉ် (ဆင်ဟွာ)

---------------------

(Chinese Version)

中柬“金龙-2026”联合演习开始

新华社柬埔寨西哈努克城11月25日电(杨晓敏 邓小胜)当地时间25日上午,中柬“金龙-2026”联合演习开始仪式在中柬云壤港联合保障和训练中心举行。中柬双方参演官兵代表、多国驻柬武官出席仪式。

据悉,这次联演坚持以“和平、友谊、合作”为主题,围绕“联合反恐反海盗和人道主义救援行动”课题,区分海空和陆空两个方向,按照适应性训练、指挥演练、实兵综合演练三个阶段展开。联演聚焦突击营救、救治后送、海上联合搜救和临检拿捕等课目,于11月25日至12月9日在柬埔寨西哈努克国际机场、云壤港和王家军联合军官学院等地组织实施。

“金龙”系列联演此前已成功举办7次,这次联演将紧扣恐怖主义、海盗等现实安全威胁,紧盯人道主义救援这一公共安全产品,内容不针对第三方,不与地区局势、敏感议题挂钩。(完)

图说1、2:当地时间11月25日上午,中柬“金龙-2026”联合演习开始仪式在中柬云壤港联合保障和训练中心举行。新华社发(贾晓鹏 摄)

图说3:当地时间11月25日上午,中柬“金龙-2026”联合演习开始仪式在中柬云壤港联合保障和训练中心举行。这是中方参演人员。新华社发(胡扬 摄)

မူရင်းသတင်း — Xinhua Myanmar