Xinhua Myanmar

ဝမ်ရှောင်ဟုန်နှင့် UNODC အမှုဆောင် ညွှန်ကြားရေးမှူး Monica Juma တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ အဖွဲ့ဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရှောင်ဟုန် နှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) အမှုဆောင်ညွှန်ကြားရေးမှူး Monica Juma တို့ တရုတ်နိုင်ငံ ပေကျင်းမြို့၌ ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ အဖွဲ့ဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရှောင်ဟုန်သည် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) အမှုဆောင်ညွှန်ကြားရေးမှူး Monica Juma နှင့် တရုတ်နိုင်ငံ ပေကျင်းမြို့၌ နိုဝင်ဘာလ ၂၅ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ဝမ်ရှောင်ဟုန်က  တရုတ်နိုင်ငံသည်  သမ္မတ ရှီကျင့်ဖိန် အဆိုပြုသည့် လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး အယူအဆနှင့် ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီးလေးရပ်ကို တက်ကြွစွာ အကောင်အထည်ဖော်ဆောင်မည်ဖြစ်ကြောင်း၊ ကုလသမဂ္ဂ၏ ပင်မအနေအထားကို ခိုင်ခိုင်မာမာ ထိန်းသိမ်းမည်ဖြစ်ကြောင်း၊ UNODC နှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးကဏ္ဍတွင် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုကို ပို၍ နက်ရှိုင်းစေမည်ဖြစ်ကြောင်း၊ နိုင်ငံဖြတ်ကျော်၍ အစုအဖွဲ့ကျူးလွန်သည့် ရာဇဝတ်မှုဆိုင်ရာ ခြိမ်းခြောက်မှုများကို လက်တွဲရင်ဆိုင်မည်ဖြစ်ကြောင်း၊ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ပုံစံသစ်ကို အတူတကွ ဖန်တီးမည်ဖြစ်ကြောင်း၊ ပို၍ တရားမျှတပြီး ကျိုးကြောင်းဆီလျော်သည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲစနစ် တည်ဆောက်မှုကို တွန်းအားပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Monica Juma က တရုတ်နိုင်ငံ၏ မူးယစ်ဆေးဝါး စသည့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ တိုက်ဖျက်နှိမ်နှင်းရေးတွင် ခိုင်မာသည့် ဆုံးဖြတ်ချက်နှင့် လက်တွေ့ကျသည့် အကျိုးရလဒ်များကို အထူးတန်ဖိုးထားချီးကျူးကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုကို ပို၍ ပါဝင်အားဖြည့်လိုကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးကဏ္ဍ စိန်ခေါ်မှုအသစ်များကို အတူတကွ ရင်ဆိုင်လိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ အဖွဲ့ဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရှောင်ဟုန် နှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) အမှုဆောင်ညွှန်ကြားရေးမှူး Monica Juma တို့ တရုတ်နိုင်ငံ ပေကျင်းမြို့၌ ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

-----------------------------

(Chinese Version)

王小洪会见联合国毒罪办执行主任朱马

新华社北京11月25日电(记者冯歆然)国务委员、公安部部长王小洪25日在京会见联合国毒罪办执行主任朱马。   

王小洪表示,中方将积极践行习近平主席提出的构建人类命运共同体理念和四大全球倡议,坚决维护联合国核心地位,与联合国毒罪办深化禁毒领域务实合作,携手应对跨国有组织犯罪威胁,共创打击电诈国际合作新范式,推动构建更加公正合理的全球治理体系。  

朱马表示,高度赞赏中方打击毒品等跨国犯罪的坚定决心和务实成效,愿进一步加强合作,共同应对全球安全新挑战。(完)

图说:11月25日,国务委员、公安部部长王小洪在北京会见联合国毒罪办执行主任朱马。 新华社记者 殷博古 摄

မူရင်းသတင်း — Xinhua Myanmar