
မော်စကို၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)
၇ ကြိမ်မြောက် တရုတ်-ရုရှား မီဒီယာဖိုရမ်ကို နိုဝင်ဘာ ၂၅ ရက်တွင် ရုရှားနိုင်ငံ မော်စကိုမြို့၌ ကျင်းပခဲ့သည်။ ဖိုရမ်တက်ရောက်လာသော ဧည့်သည်တော်များက နှစ်နိုင်ငံအကြီးအကဲများ၏ မဟာဗျူဟာမြောက် ဦးဆောင်မှုအောက်တွင် တရုတ်-ရုရှား မီဒီယာပူးပေါင်းဆောင်ရွက်မှု အဆက်မပြတ် တိုးချဲ့လာရာ ရလဒ်ကြွယ်ဝကြောင်း၊ ယခုအကြိမ်ဖိုရမ်ကို အခါအခွင့်အဖြစ် ထားရှိပြီး ဒစ်ဂျစ်တယ်ဉာဏ်ရည်ခေတ်တွင် တရုတ်-ရုရှားမီဒီယာ ပူးပေါင်းဆောင်ရွက်မှု စာမျက်နှာသစ်ကို အတူတကွ ဖန်တီးဖွင့်လှစ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယခုနှစ်တွင် တရုတ်-ရုရှား အကြီးအကဲများက အကြိမ်များစွာ တွေ့ဆုံခဲ့ပြီး ပြည်သူအချင်းချင်းဖလှယ်မှု တိုးမြှင့်ရေးအတွက် သဘောတူညီချက် ရရှိခဲ့သကဲ့သို့ မီဒီယာပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များစွာကိုလည်း ၎င်းတို့ရှေ့မှောက်တွင် သက်သေအဖြစ်ထားကာ လက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ တွေ့ဆုံဆွေးနွေးမှုရလဒ်တွင် တရုတ်-ရုရှားမီဒီယာဖိုရမ်အား ပူးတွဲကျင်းပရန်၊ ပင်မမီဒီယာများ အပြန်အလှန်ခရီးစဉ်သွားရောက်မှုကို မြှင့်တင်ရန်၊ ထူးချွန်ထက်မြက်သူများအား ပူးတွဲပျိုးထောင်မှုကို မြှင့်တင်ရန် အဆိုပြုချက်များနှင့် တရုတ်-ရုရှားမီဒီယာများ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေးအတွက် အရေးကြီးလမ်းညွှန်ချက်များ ပေါ်ထွက်လာခဲ့ကြောင်း ဖိုရမ်တက်ရောက်လာသော ဧည့်သည်တော်များက အလေးထားဖော်ပြခဲ့ကြသည်။
လက်ရှိ ဒစ်ဂျစ်တယ်ဉာဏ်ရည်နည်းပညာသည် အကြောင်းအရာ ထုတ်လုပ်မှုနှင့် ဖြန့်ချိမှု အခင်းအကျင်းအား ပြန်လည်ပုံဖော်တည်ဆောက်လျက်ရှိရာ နှစ်နိုင်ငံမီဒီယာများအနေဖြင့် စူးစမ်းလေ့လာမှုနှင့် လက်တွေ့ကျင့်သုံးမှုကို ပေါင်းစည်းပြီး အကြောင်းအရာ အတူတကွဖန်တီးမှု၊ နည်းပညာညှိနှိုင်းဆောင်ရွက်မှု၊ ထူးချွန်ထက်မြက်သူများအား ပျိုးထောင်မှု စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ “၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” အစီအစဉ်နှင့် ရုရှားနိုင်ငံ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာချိတ်ဆက်မှုကို အာရုံစိုက်ပြီး နှစ်နိုင်ငံ ခေတ်မီအသွင်ပြောင်းတည်ဆောက်မှု၏ အကြောင်းအရာသစ်များကို သက်ဝင်လှုပ်ရှားစွာ တင်ဆက်သွားရမည်ဖြစ်ကြောင်း၊ ဉာဏ်ရည်တု (AI) နည်းပညာရေစီးကြောင်းက သယ်ဆောင်လာသော အခွင့်အလမ်းနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် တရုတ်-ရုရှားမီဒီယာများအနေဖြင့် ဖြန့်ချိမှုအား၊ သက်ရောက်မှုအားတွင် ဒစ်ဂျစ်တယ်ဉာဏ်ရည်နည်းပညာဖြင့် အားဖြည့်ပေးပြီး တန်းတူညီမျှ၍ အားလုံးပါဝင်မှုဖြင့် ယဉ်ကျေးမှု အပြန်အလှန်လေ့လာသင်ယူမှုအား မြှင့်တင်ရမည်ဖြစ်ကြောင်း ဖိုရမ်တက်ရောက်လာသော ဧည့်သည်တော်များက ယူဆကြသည်။
အဆိုပါဖိုရမ်ကို တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေးရုံးနှင့် ရုရှားသမ္မတရုံးတို့မှ ကြီးမှူးကျင်းပပြီး ဆင်ဟွာသတင်းဌာနနှင့် TASS သတင်းဌာနတို့မှ တာဝန်ယူကျင်းပခြင်း ဖြစ်သည်။ ဖိုရမ် အကြောင်းအရာခေါင်းစဉ်မှာ “ဒစ်ဂျစ်တယ်ဉာဏ်ပညာခေတ်တွင် မီဒီယာများ ပြောင်းလဲမှု - တရုတ်-ရုရှား၏ စူးစမ်းလေ့လာမှုနှင့် လက်တွေ့ကျင့်သုံးမှု” ဖြစ်သည်။ နှစ်နိုင်ငံ သက်ဆိုင်ရာဌာနနှင့် မီဒီယာအဖွဲ့အစည်း တာဝန်ရှိပုဂ္ဂိုလ်များ လူ ၂၅၀ နီးပါး ဖိုရမ်သို့ တက်ရောက်ခဲ့သည်။ ဖိုရမ်တွင် တရုတ်-ရုရှားမီဒီယာများ ညှိနှိုင်းဆောင်ရွက်မှု နက်ရှိုင်းစေရန် ပူးပေါင်းဆောင်ရွက်မှု စာရွက်စာတမ်း ၁၄ ရပ်ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ (Xinhua)


---------------------
(Chinese Version)
第七届中俄媒体论坛在莫斯科举行 与会嘉宾期待深化数智时代媒体合作
新华社莫斯科11月25日电 第七届中俄媒体论坛25日在莫斯科举行。与会嘉宾表示,在两国元首战略引领下,中俄媒体合作不断拓展,成果丰硕,要以本届论坛为契机,共同开创数智时代中俄媒体合作新局面。
与会嘉宾指出,今年以来,中俄元首多次举行会晤,就扩大人文交流达成共识,共同见证签署多项媒体合作协议。会晤成果明确提出共同办好中俄媒体论坛、促进主流媒体互访、加强人才联合培养,为中俄媒体深化合作提供重要指引。
与会嘉宾认为,当前数智技术正重塑内容生产与传播格局,两国媒体应把探索与实践相结合,在内容共创、技术协作、人才培养等方面深化合作,聚焦中国“十五五”规划同俄罗斯经济社会发展战略对接,生动讲述两国现代化建设新故事。面对人工智能技术浪潮带来的机遇与挑战,中俄媒体应通过数智赋能提升传播力影响力,以平等包容促进文明互鉴。
论坛由中宣部与俄罗斯总统办公厅主办,新华社与塔斯社承办,主题为“数智时代的媒体变革:中俄的探索与实践”。两国有关部门和媒体机构负责人近250人与会。会上签署了深化中俄媒体协作的14份合作文件。(完)
图说1:11月25日,在俄罗斯首都莫斯科,俄罗斯总统办公厅第一副主任阿列克谢·格罗莫夫在第七届中俄媒体论坛上发表主旨演讲。新华社记者 郝建伟 摄
图说2:11月25日,在俄罗斯首都莫斯科,塔斯社社长安德烈·孔德拉绍夫在第七届中俄媒体论坛上致辞。新华社记者 冯开华 摄