နိုဝင်ဘာ ၂၆
တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး ပိုမိုအဆင်ပြေချောမွေ့စေရန် ရည်ရွယ်သည့် အမြန်လမ်းမကြီးအသစ်တစ်ခုကို တရုတ်နိုင်ငံက ဖွင့်လှစ်ကြောင်း ဖော်ပြထားသည်။
အဆိုပါအမြန်လမ်းသစ်သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်းရှိ တီယန်ပေါ် နယ်စပ်ကုန်သွယ်ရေးဂိတ်နှင့် မာလီပိုခရိုင်တို့ကို ဆက်သွယ်ထားပြီး အရှည် ၅၁ ဒသမ ၄ ကီလိုမီတာ ရှိသည်ဟု သိရသည်။
ထိုလမ်းသစ်ကြောင့် ဝမ်ရှန်မြို့မှ နယ်စပ်ကုန်သွယ်ရေးဂိတ်သို့ သွားလာရသည့်အချိန်သည် ယခင်က နှစ်နာရီခန့် ကြာမြင့်ခဲ့ရာမှ ယခုအခါ မိနစ် ၈၀ ခန့်သာ ကြာမြင့်တော့မည်ဖြစ်ကြောင်းနှင့် ဒေသတွင်း သယ်ယူပို့ဆောင်ရေးကွန်ရက် ပိုမိုချိတ်ဆက်မိစေရန်၊ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးနှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ ပိုမိုလျင်မြန်ထိရောက်လာစေရန် အထောက်အကူပြုမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို