Xinhua Myanmar

၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၆ ရက်အတွက် စိတ်ဝင်စားဖွယ်ရာ ဆင်ဟွာ နိုင်ငံတကာသတင်း ကောက်နုတ်ချက်

တရုတ်နိုင်ငံက ထျန်းကုန်းအာကာသစခန်းသို့ ပထမဆုံး နိုင်ငံခြားသား အာကာသယာဉ်မှူး လိုက်ပါသည့် ရှန်ကျိုး-၂၄ အာကာသယာဉ် လွှတ်တင်

တရုတ်နိုင်ငံသည် နိုဝင်ဘာ ၁၅ ရက်တွင် ရှန်ကျိုး-၂၄ လူလိုက်ပါအာကာသယာဉ်ကို လွှတ်တင်ခဲ့ပြီး အာကာသယာဉ်ပေါ်ရှိပစ္စည်းကိရိယာအထူးကျွမ်းကျင်သူ ပါကစ္စတန်နိုင်ငံသား အာကာသယာဉ်မှူးတစ်ဦး အပါအဝင် အာကာသယာဉ်မှူး သုံးဦးကို ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းလည်ပတ်နေသော ထျန်းကုန်းအာကာသစခန်းသို့ ပို့ဆောင်ခဲ့သည်။

Long March-2 ဒုံးပျံထိပ်ဖူးပေါ်တွင် တင်ဆောင်ထားသော အဆိုပါအာကာသယာဉ်ကို တရုတ်နိုင်ငံအနောက်မြောက်ပိုင်းရှိ ကျိုချွမ် အာကာသယာဉ်လွှတ်တင်ရေးစခန်းမှ လွှတ်တင်ခဲ့ခြင်းဖြစ်သည်။

အာကာသယာဉ်ပေါ်တွင် လိုက်ပါသွားသူများမှာ မစ်ရှင်ကွပ်ကဲရေးမှူးနှင့် အာကာသယာဉ်မောင်းနှင်သူ ထန်းဟုန်ပေါ၊ အာကာသယာဉ်ပျံသန်းရေးအင်ဂျင်နီယာ ဝူရိနှင့် ထျန်းကုန်းအာကာသစခန်းသို့ ပထမဆုံးအကြိမ် သွားရောက်သည့် နိုင်ငံခြားသား အာကာသယာဉ်မှူး ဖြစ်လာသော ပါကစ္စတန် အာကာသယာဉ်မှူး မိုဟာမက် ဇီရှန် အလီ တို့ဖြစ်ကြသည်။

ရှန်ကျိုး-၂၄ မစ်ရှင်သည် တရုတ်နိုင်ငံ၏ လူလိုက်ပါအာကာသအစီအစဉ်သမိုင်းတွင် တရုတ်နှင့် နိုင်ငံခြားသား အာကာသယာဉ်မှူးများ ပူးတွဲပါဝင်သည့် ပထမဆုံးအကြိမ် အာကာသခရီးစဉ်လည်း ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်ရှိ မိုင်းတွင်းတွင် လူ ကိုးဦး သေဆုံး၊ ၁၇ ဦး ပျောက်ဆုံးလျက်ရှိ

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်ရှိ ရေဖုံးလွှမ်းနေသော မိုင်းတွင်းတစ်ခုအတွင်းမှ မိုင်းလုပ်သား ကိုးဦး၏ ရုပ်အလောင်းများကို နိုဝင်ဘာ ၂၅ ရက်က တွေ့ရှိခဲ့ပြီး အခြားသူ ၁၇ ဦးမှာ မြေအောက်၌ ပိတ်မိလျက် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။

ဒေသစံတော်ချိန် ည ၇ နာရီအထိ ရရှိသော အချက်အလက်များအရ သေဆုံးသူများ၏ ရုပ်အလောင်းများကို မိုင်းတွင်းဥမင်လိုဏ်ခေါင်း နှစ်ခုမှ ပြန်လည်ဆယ်ယူရရှိခဲ့ခြင်းဖြစ်ပြီး ဥမင်လိုဏ်ခေါင်း (A) မှ ခြောက်ဦးနှင့် ဥမင်လိုဏ်ခေါင်း (B) မှ သုံးဦး ဖြစ်သည်။

ကယ်ဆယ်ရေးအဖွဲ့များသည် နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ပြီး မိုင်းတွင်းအတွင်းမှ ရေများကို စုပ်ထုတ်ရန် ကြိုးပမ်းခဲ့ကြသည်။ ရေမြင့်တက်နေခြင်း၊ ဝင်ရောက်ရန်လမ်းကျဉ်းခြင်း၊ မြေပြင်ချော်နေခြင်းနှင့် အလင်းရောင် လုံလောက်မှုမရှိခြင်းတို့ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးလျက်ရှိသည်။ အဆိုပါမိုင်းတွင်း၏ အနက်မှာ မီတာ ၁၀၀ ခန့်ရှိကြောင်း သိရသည်။

အမေရိကန်စစ်တပ်က ဂျပန်နိုင်ငံ အိုကီနာဝါတွင် F-15EX တိုက်လေယာဉ်သစ်များ အမြဲတမ်းတပ်ဖြန့်ချထားမှု စတင်

အမေရိကန်စစ်တပ်သည် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း အိုကီနာဝါပြည်နယ်ရှိ ကာဒဲနာလေတပ်စခန်းတွင် လက်ရှိအသုံးပြုနေသည့် သက်တမ်းရင့် F-15C/D တိုက်လေယာဉ်များကို အစားထိုးမည့် F-15EX တိုက်လေယာဉ်သစ်များကို အမြဲတမ်းတပ်ဖြန့်ချထားမှု စတင်လိုက်ပြီဖြစ်ကြောင်း ကျိုဒိုသတင်းဌာနက နိုဝင်ဘာ ၂၅ ရက်တွင် ဖော်ပြခဲ့သည်။

ထိုသို့တပ်ဖြန့်ချထားမှုသည် အမေရိကန်စစ်တပ်က F-15EX လေယာဉ်များကို ပြည်ပစစ်အခြေစိုက်စခန်းတစ်ခုတွင် ပထမဆုံးအကြိမ် အမြဲတမ်းထားရှိခြင်းလည်း ဖြစ်သည်။

F-15 အဟောင်းများကို အဆင့်ဆင့် ရုပ်သိမ်းရေးလုပ်ဆောင်နေစဉ် ၂၀၂၂ ခုနှစ်မှစ၍ F-22 ၊ F-35 နှင့် အခြားတိုက်လေယာဉ်များကို ကာဒဲနာလေတပ်စခန်းသို့ အလှည့်ကျ တပ်ဖြန့်ချထားခဲ့ခြင်းဖြစ်ကြောင်း သတင်း၌ ဖော်ပြထားသည်။ ယခုလို F-15EX လေယာဉ်များကို တပ်ဖြန့်ချထားခြင်းဖြင့် အဆိုပါစခန်းတွင် အမြဲတမ်း တိုက်လေယာဉ်အင်အား ပြန်လည်ထိန်းသိမ်းလာနိုင်မည်ဖြစ်သည်။ အမေရိကန်စစ်တပ်အနေဖြင့် ကာဒဲနာလေတပ်စခန်းတွင် F-15EX လေယာဉ် စုစုပေါင်း ၃၆ စင်းအထိ တပ်ဖြန့်ချထားရန် စီစဉ်ထားသည်။

စူးအက်တူးမြောင်းမှတစ်ဆင့် လုပ်ငန်းများ အပြည့်အဝပြန်လည်စတင်ရေး အီဂျစ်သမ္မတနှင့် Maersk အမှုဆောင်အရာရှိချုပ် ဆွေးနွေး

အီဂျစ်သမ္မတ အဗ္ဗဒဲလ် ဖာတာ အယ်လ်စီစီ (Abdel Fattah El-Sisi) နှင့် ဒိန်းမတ်နိုင်ငံ အခြေစိုက် ရေကြောင်းပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီ A.P. Moller-Maersk ၏ အမှုဆောင်အရာရှိချုပ် ဗင်းဆင့် ကလဲ့ခ်တို့သည် နိုဝင်ဘာ ၂၅ ရက်တွင် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့၌ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် စူးအက်တူးမြောင်းမှတစ်ဆင့် ကုမ္ပဏီ၏ ရေကြောင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ရေးတို့အတွက် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း အီဂျစ်သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့သည်။

Maersk စူးအက်တူးမြောင်းနှင့် ပင်လယ်နီဒေသမှတစ်ဆင့် ပြန်လည်စတင်ရန် ကုမ္ပဏီ၏ ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပြီး အဆိုပါရေလမ်းကြောင်းမှာ ရေကြောင်းသွားလာမှုအတွက် ဘေးကင်းလုံခြုံကာ ခြိမ်းခြောက်မှုများမှလည်း လွတ်ကင်းလျက်ရှိကြောင်း သမ္မတ အယ်လ်စီစီက ပြောကြားခဲ့သည်။

Maersk အမှုဆောင်အရာရှိချုပ် ကလဲ့ခ်က အီဂျစ်နိုင်ငံသည် ၎င်းတို့ကုမ္ပဏီအတွက် မြေထဲပင်လယ်ဒေသအရှေ့ပိုင်း၊ အရှေ့အလယ်ပိုင်းဒေသနှင့် အာဖရိကဒေသတို့တွင် ကုမ္ပဏီ၏ လုပ်ငန်းများအတွက် မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်ကာ အရေးပါသော အချက်အချာနေရာတစ်ခုလည်းဖြစ်ကြောင်း၊ စူးအက်တူးမြောင်းက ကုမ္ပဏီ၏ ကမ္ဘာလုံးဆိုင်ရာ သင်္ဘောသွားလာရေးကွန်ရက်အတွက် အဓိကအသုံးပြုလိုသည့် ရေလမ်းကြောင်းတစ်ခုအဖြစ် ဆက်လက်တည်ရှိနေကြောင်းလည်း ပြောကြားခဲ့သည်။

ဂါဇာမြို့တွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဟားမက်စ် လုံခြုံရေးအရာရှိ သေဆုံး

ဂါဇာမြို့ရှိ တိုက်ခန်းတစ်ခန်းကို နိုဝင်ဘာ ၂၅ ရက် နံနက်အစောပိုင်းတွင် အစ္စရေးက လေကြောင်းတိုက်ခိုက်ခဲ့ရာ ဟားမက်စ်အဖွဲ့၏ ပြည်တွင်းလုံခြုံရေးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးနှင့် ၎င်း၏ဇနီး၊ သမီးနှစ်ဦးတို့ သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းသတင်းရင်းမြစ်များနှင့် ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

ပါလက်စတိုင်းသတင်းရင်းမြစ်များ၏ ပြောကြားချက်အရ အစ္စရေးဒရုန်းတစ်စင်းသည် ဂါဇာမြို့အနောက်ဘက်ရှိ အယ်လ်ရှာတီ ဒုက္ခသည်စခန်းအတွင်းရှိ တိုက်ခန်းတစ်ခန်းကို ဒုံးကျည်တစ်စင်းထက်မနည်းပစ်ခတ်တိုက်ခတ်ခဲ့ရာ အဆိုပါတိုက်ခန်း မီးလောင်ကျွမ်းခဲ့သည်။

အဆိုပါတိုက်ခိုက်မှုကြောင့် လူလေးဦး သေဆုံးခဲ့ပြီး ၎င်းတို့၏ ရုပ်အလောင်းများကို ဂါဇာမြို့ရှိ အယ်လ်ရှီဖာ ဆေးဘက်ဆိုင်ရာဌာနသို့ ပို့ဆောင်ခဲ့ကြောင်း ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်များက ဆင်ဟွာသတင်းဌာနကို ပြောကြားခဲ့သည်။ (Xinhua)

………..

(English Version)

Daily World Briefing, Nov. 26

China launches Shenzhou-24 spaceship to Tiangong space station with first foreign astronaut on board

China launched the Shenzhou-24 crewed spaceship on Wednesday, sending three astronauts, including a Pakistani payload specialist, to its orbiting Tiangong space station.

The spaceship, atop a Long March-2F carrier rocket, blasted off from the Jiuquan Satellite Launch Center in northwest China.

The astronauts aboard the spaceship are mission commander and spacecraft pilot Tang Hongbo, flight engineer Wu Yi, and Pakistani astronaut Muhammad Zeeshan Ali, the first-ever foreign astronaut to visit Tiangong.

The Shenzhou-24 mission marks the first joint flight consisting of Chinese and foreign astronauts in the history of China's manned space program.

9 found dead in mine in Indonesia's West Java, 17 still missing

Nine miners were found dead inside a flooded mining pit in Indonesia's West Java province on Wednesday, with 17 others still missing underground, local authorities said in a statement.

The victims were evacuated from two mining tunnels, with six bodies recovered from Tunnel A and three from Tunnel B as of 7 p.m. local time.

Rescue teams began assessing the site and pumping water from the tunnels on Wednesday morning. Rescue efforts were hampered by high water levels, narrow access, slippery terrain and limited lighting. The mine was estimated to be about 100 meters deep.

U.S. military begins permanent deployment of new fighter jets in Japan's Okinawa

The U.S. military has begun deploying its new F-15EX fighter jets at Kadena Air Base in Okinawa Prefecture, southwestern Japan, to replace the base's aging F-15C/D fleet, Kyodo News reported Wednesday.

This marks the first time the U.S. military has permanently stationed the aircraft at an overseas base.

According to the report, amid the phased withdrawal of older F-15 fighter jets, the U.S. military has deployed F-22, F-35, and other fighters at Kadena Air Base on a rotational basis since 2022. The deployment of the F-15EX will restore a permanent fighter jet presence at the base, where the U.S. military plans to station a total of 36 F-15EX aircraft.

Egypt's president, Maersk CEO discuss resumption of full operations through Suez Canal

Egyptian President Abdel Fattah El-Sisi and Vincent Clerc, CEO of Danish shipping and logistics group A.P. Moller-Maersk, discussed in Cairo on Wednesday expanding cooperation and the company's operations through the Suez Canal, the Egyptian presidency said in a statement.

The Egyptian president welcomed Maersk's decision to resume operations through the Suez Canal and the Red Sea, describing the waterway as safe for maritime traffic and free from threats.

Clerc said Egypt was a strategic partner and a key hub for the group's activities in the eastern Mediterranean, the Middle East and Africa, adding that the Suez Canal remained the preferred route for Maersk's global network.

Hamas security official killed in Israeli airstrike on Gaza City

A senior official of the Hamas-run internal security service was killed along with his wife and two daughters in an Israeli airstrike on an apartment in Gaza City early Wednesday, according to Palestinian and medical sources.

Palestinian sources said an Israeli drone fired at least one missile at an apartment in Al-Shati refugee camp, west of Gaza City, setting the unit ablaze.

Medical sources told Xinhua that four people were killed in the strike, and their bodies were taken to Al-Shifa Medical Complex in Gaza City.

မူရင်းသတင်း — Xinhua Myanmar