အုတ်တွင်း နိုဝင်ဘာ ၂၅
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌက ကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ် အလွတ်တန်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီက ကျွဲပွဲမြို့မအားကစားကွင်း၌ ပြုလုပ်သည်။
အမှာစကားပြောကြား
အခမ်းအနားတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က အမှာစကားပြောကြားပြီး ကျွဲပွဲမြို့ ဘောလုံးပြိုင်ပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌက ပြိုင်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အုတ်တွင်းမြို့နယ် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌက ဘောလုံးကန်၍ ဖွင့်လှစ်ပေးပြီး ယနေ့ပွဲစဉ်အား ကျွဲပွဲမြို့မ(က)အသင်းနှင့် ညောင်ခြေထောက်(က)အသင်းတို့ ယှဉ်ပြိုင်ခဲ့သည်။ အဆိုပါ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား အလွတ်တန်းဖိတ်ခေါ်ပြိုင်ပွဲအား ပြိုင်ပွဲဝင်အသင်း ၁၂ သင်းဖြင့် အုပ်စုပွဲစဉ် သုံးခုခွဲကာ နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၁၃ ရက်အထိ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ဗိုလ်လုပွဲအား ဒီဇင်ဘာ ၁၅ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)