ရန်ကုန် နိုဝင်ဘာ ၂၅
ရန်ကင်းမြို့နယ်၌ မြို့နယ်အဆင့် အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်မည့် အားကစားသမားရွေးချယ်ပွဲများကို ယနေ့တွင် ရန်ကင်းမြို့နယ်ရှိ အထက(၁) ရန်ကင်းအားကစားရုံ၊ အားကစားကွင်းနှင့် အလကလေ့ကျင့်ရေး (TTC) အားကစားကွင်းတို့၌ ကျင်းပသည်။
အဆိုပါ အားကစားသမားရွေးချယ်ပွဲများကို မြို့နယ်ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိပြီး ဘောလုံး၊ ဘော်လီဘော၊ ကြက်တောင်၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း၊ ဘတ်စကက်ဘောနှင့် စားပွဲတင်တင်းနစ်စသည့် အားကစား နည်း ခုနစ်မျိုးဖြင့် ကျင်းပလျက်ရှိသည်။
ရွေးချယ်ပွဲများတွင် အားကစားနည်းအလိုက် ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား ကျောင်းသူများ၏ အားကစားစွမ်းရည်၊ ကိုယ်ကာယကြံ့ခိုင်မှုနှင့် ကျွမ်းကျင်မှုများကို စိစစ်အကဲဖြတ်ကာ မြို့နယ်ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်နိုင်မည့် အားကစားသမားများကို ရွေးချယ်လျက်ရှိကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)