Xinhua Myanmar

၂ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရခြင်းကြောင့် အက်သလက်တီကိုမက်ဒရစ်နှင့်ပွဲကို ဘာစီလိုနာကွင်းလယ်ကစားသမား လိုပက်ဇ် လွဲချော်မည်

စပိန်နိုင်ငံ ဗလန်စီယာမြို့တွင်ကစားခဲ့သည့် ဗလန်စီယာနှင့် ဘာစီလိုနာအသင်းတို့၏ စပိန်လာလီဂါဘောလုံးပွဲအတွင်း ဗလန်စီယာမှ မောက်တာဒီယာခါဘီနှင့် ဘောလုံးယှဥ်ပြိုင်ကစားနေသည့် ဘာစီလိုနာမှ ဖာမင်းလိုပက်ဇ် (ဝဲ)ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၆ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

မက်ဒရစ်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)

နိုဝင်ဘာ ၂၂ ရက်က ဗီလာရီးရဲလ်အသင်းနှင့်ကစားခဲ့သည့်ပွဲတွင် အနီကတ်ထိခဲ့မှုကြောင့် ဘာစီလိုနာကွင်းလယ်ကစားသမား ဖာမင်းလိုပက်ဇ်ကို စပိန်ဘောလုံးအဖွဲ့ချုပ်၏ စည်းကမ်းထိန်းသိမ်းရေးကော်မတီက ၂ ပွဲပယ်ပြစ်ဒဏ်ချမှတ်လိုက်သည်။

လိုပက်ဇ်မှာ လူစားလဲခံခဲ့ရပြီးမှ အနီကတ်အပြခံခဲ့ရခြင်းဖြစ်ပြီး ကွင်းလယ်ဒိုင်လူကြီး အလက်ဇန်ဒရို ဟာနန်ဒက်ဇ် ဟာနန်ဒက်ဇ်၏ ပွဲအပြီးအစီရင်ခံစာတွင် အဆိုပါစပိန်လက်ရွေးစင်ကစားသမားသည် ပယ်နယ်တီရသင့်မှုကိုငြင်းဆန်ခံရပြီးနောက် အရန်ခုံတန်းပေါ်မှထလာကာ စတုတ္ထဒိုင်လူကြီးထံသို့ချဥ်းကပ်သွားပြီး ထပ်ကာထပ်ကာ အော်ဟစ်ကန့်ကွက်မှုများ ပြုလုပ်ခဲ့သည်ဟု ဖော်ပြထားသည်။

စည်းကမ်းထိန်းသိမ်းရေးကော်မတီကမူ လိုပက်ဇ်၏ပြုမှုလုပ်ဆောင်ခဲ့ပုံအား ပွဲကျင်းပရေးတာဝန်ရှိသူတစ်ဦးကို မထီမဲ့မြင်ပြုသည်ဆိုခြင်းထက် ကန့်ကွက်ဆန္ဒပြမှုတစ်ခုဟုသတ်မှတ်ခဲ့ပြီး ၂ ပွဲမှ ၃ ပွဲသို့မဟုတ် ၁ လအထိပွဲပယ်ပြစ်ဒဏ်ချမှတ်နိုင်သည့် အဖွဲ့ချုပ်၏စည်းကမ်းထိန်းသိမ်းရေးဥပဒေပုဒ်မ ၁၂၇ ကိုအသုံးပြုကာ အရေးယူခဲ့ခြင်းဖြစ်သည်။

လိုပက်ဇ်ထုတ်ပယ်ခံရခြင်းနှင့်ပတ်သက်၍ ဘာစီလိုနာအသင်း၏ကန့်ကွက်မှုများကိုလည်း စည်းကမ်းထိန်းသိမ်းရေးကော်မတီကပယ်ချခဲ့ကာ ဥပဒေပုဒ်မ ၁၂၇ အရ ခွင့်ပြုထားသည့်အနက်မှ အနည်းဆုံးပြစ်ဒဏ်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါပြစ်ဒဏ်ကြောင့် လိုပက်ဇ်မှာ နိုဝင်ဘာ ၂၉ ရက်တွင် ဒီဗိုတီဗိုအသင်းကို အဝေးကွင်းတွင်ကစားရမည့် လာလီဂါပွဲနှင့် လာမည့် ဒီဇင်ဘာ ၂ ရက်တွင် အက်သလက်တီကိုအသင်းကို အိမ်ကွင်း၌လက်ခံကစားရမည့်လာလီဂါပွဲများကို လွဲချော်တော့မည်ဖြစ်သည်။ (Xinhua)

..............................

(English version)

Barcelona's Lopez to miss Atletico Madrid clash after two-match ban

MADRID, Nov. 25 (Xinhua) Barcelona midfielder Fermin Lopez has been handed a two-match suspension by the Spanish Football Federation's disciplinary committee following his red card against Villarreal on Sunday.

Lopez was sent off after being substituted, with referee Alejandro Hernandez Hernandez stating in his post-match report that the Spain international had left the substitutes' bench, approached the fourth official and repeatedly shouted in protest after a penalty appeal was rejected.

The committee classified Lopez's conduct as a protest rather than contempt toward a match official, applying Article 127 of the federation's disciplinary code, which provides for a suspension of two to three matches or up to one month.

The committee rejected Barcelona's arguments against the dismissal and imposed the minimum suspension permitted under Article 127.

Lopez will miss Sunday's La Liga match away to Deportivo A Coruna and next Wednesday's home game against Atletico Madrid. ■

Pboto caption: Barcelona's Fermin Lopez (L) vies with Valencia's Mouctar Diakhaby during the Spanish La Liga football match between Valencia CF and FC Barcelona in Valencia, Spain, Sept. 6, 2026. (Str/Xinhua)

မူရင်းသတင်း — Xinhua Myanmar