NP News

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည့် မြို့နယ်များ နယ်မြေလုံခြုံမှုရှိစေရေး ကြိုတင်ပြင်ဆင်ရန် သမ္မတ တိုက်တွန်း

ပုလဲ (NP News) - နိုဝင်ဘာ ၂၆

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည့် မြို့နယ်များ နယ်မြေလုံခြုံမှုရှိစေရေး ကြိုတင်ပြင်ဆင်ရန် နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားထားသည်။

ယမန်နေ့ ( နိုဝင်ဘာ ၂၅ ရက်) က ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး ၌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါအစည်းအဝေးတွင် လာမည့်နှစ် ဧပြီလအတွင်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြိုတင်ပြင်ဆင်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော် သမ္မတက ပြောကြားခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည့် မြို့နယ်များအလိုက် မဲစာရင်းများ မှန်ကန်စွာရရှိစေရေး၊ နယ်မြေလုံခြုံမှုရှိစေရေးတို့အတွက် တာဝန်ရှိသူများက အလေးထားပြီး ဘက်ပေါင်းစုံမှ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားကြရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။

ထို့ပြင် အဓိကအားဖြင့် ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုကြောင်း နှင့် မဲစာရင်းများ မှန်ကန်မှုရှိအောင်ဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း နိုင်ငံတော် သမ္မတက ပြောကြားခဲ့သည်။

ထို့အတူ MEVM မဲပေးစက်များဖြင့် မှန်ကန်ကောင်းမွန်စွာ စနစ်တကျ မဲပေးနိုင်ရေးအတွက်လည်း အလေးထားဆောင်ရွက်သွားကြရန်လိုကြောင်း နိုင်ငံတော် သမ္မတက တိုက်တွန်း မှာကြားခဲ့ကြောင်း သိရသည်။

zawgyi version

ၾကားျဖတ္ေ႐ြးေကာက္ပြဲ က်င္းပျပဳလုပ္မည့္ ၿမိဳ႕နယ္မ်ား နယ္ေျမလုံၿခဳံမႈရွိေစေရး ႀကိဳတင္ျပင္ဆင္ရန္ သမၼတ တိုက္တြန္း
ပုလဲ (NP News) - ႏိုဝင္ဘာ ၂၆
ၾကားျဖတ္ေ႐ြးေကာက္ပြဲ က်င္းပျပဳလုပ္မည့္ ၿမိဳ႕နယ္မ်ား နယ္ေျမလုံၿခဳံမႈရွိေစေရး ႀကိဳတင္ျပင္ဆင္ရန္ ႏိုင္ငံေတာ္ သမၼတ ဦးမင္းေအာင္လႈိင္က တိုက္တြန္းေျပာၾကားထားသည္။
ယမန္ေန႔ ( ႏိုဝင္ဘာ ၂၅ ရက္) က က်င္းပေသာ ျပည္ေထာင္စုအစိုးရအဖြဲ႕အစည္းအေဝး ၌ ႏိုင္ငံေတာ္သမၼတ ဦးမင္းေအာင္လႈိင္က အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
အဆိုပါအစည္းအေဝးတြင္ လာမည့္ႏွစ္ ဧၿပီလအတြင္း ၾကားျဖတ္ေ႐ြးေကာက္ပြဲ က်င္းပျပဳလုပ္ႏိုင္ေရး ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္မွ ႀကိဳတင္ျပင္ဆင္ျခင္းမ်ားကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း ႏိုင္ငံေတာ္ သမၼတက ေျပာၾကားခဲ့သည္။
ထိုသို႔ ေဆာင္႐ြက္ရာတြင္ ၾကားျဖတ္ေ႐ြးေကာက္ပြဲ က်င္းပျပဳလုပ္မည့္ ၿမိဳ႕နယ္မ်ားအလိုက္ မဲစာရင္းမ်ား မွန္ကန္စြာရရွိေစေရး၊ နယ္ေျမလုံၿခဳံမႈရွိေစေရးတို႔အတြက္ တာဝန္ရွိသူမ်ားက အေလးထားၿပီး ဘက္ေပါင္းစုံမွ ႀကိဳတင္ျပင္ဆင္ျခင္းလုပ္ငန္းမ်ားကို ေဆာင္႐ြက္သြားၾကရန္လည္း တိုက္တြန္းေျပာၾကားခဲ့သည္။
ထို႔ျပင္ အဓိကအားျဖင့္ ၾကားျဖတ္ေ႐ြးေကာက္ပြဲ ေအာင္ျမင္စြာက်င္းပႏိုင္ေရး ဝိုင္းဝန္းေဆာင္႐ြက္သြားၾကရန္လိုေၾကာင္း ႏွင့္ မဲစာရင္းမ်ား မွန္ကန္မႈရွိေအာင္ေဆာင္႐ြက္ရန္ လိုအပ္ေၾကာင္းလည္း ႏိုင္ငံေတာ္ သမၼတက ေျပာၾကားခဲ့သည္။
ထို႔အတူ MEVM မဲေပးစက္မ်ားျဖင့္ မွန္ကန္ေကာင္းမြန္စြာ စနစ္တက် မဲေပးႏိုင္ေရးအတြက္လည္း အေလးထားေဆာင္႐ြက္သြားၾကရန္လိုေၾကာင္း ႏိုင္ငံေတာ္ သမၼတက တိုက္တြန္း မွာၾကားခဲ့ေၾကာင္း သိရသည္။

မူရင်းသတင်း — NP News