
ထိုက်စံ(NP News)-နိုဝင်ဘာ ၂၆
ဂျပန်ရောက်မြန်မာနိုင်ငံသားများ ကြားဖြတ်ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန် ပုံစံ (၁၅) များကို ဒီဇင်ဘာ(၂)ရက် နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်ကြောင်း ဂျန်ပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ယနေ့(နိုဝင်ဘာ ၂၆ ရက်)တွင် ထုတ်ပြန်ထားချက်အရ သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွှတ်တော်ကိုယ်စားလှယ်နေရာ လစ်လပ်နေသည့် မဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲများကို လာမည့် (ဧပြီ ၄ ရက်)တွင် ပြုလုပ်မည် ဖြစ်သဖြင့် ဂျပန်နိုင်ငံ၌ ရောက်ရှိနေကြသည့် ဆန္ဒမဲပေးခွင့်ရှိသူ မြန်မာနိုင်ငံသားများအနေဖြင့် မိမိဆန္ဒအလျောက် ကြိုတင်ဆန္ဒမဲများပေးနိုင်ရေးအတွက် ပုံစံ (၁၅) များကို သံရုံးတွင် စတင်ထုတ်ယူ နိုင်မည့် နေ့ရက်၊ အချက်အလက်ဖြည့်သွင်းပြီး ပုံစံ (၁၅) များကို သံရုံးသို့ ပေးပို့နိုင်မည့် နေ့ရက်များကို တိုကျိုမြို့ရှိ မြန်မာသံရုံးအနေဖြင့် ထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
( ၂၀၂၇) ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲများတွင် နိုင်ငံသားတစ်ဦး၏ အခြေခံအခွင့်အရေးဖြစ်သည့် ဆန္ဒမဲပေးခွင့် မဆုံးရှုံးစေရန် ရည်ရွယ်၍ မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် လက်ခံရရှိသည့် ပုံစံ (၁၅) များကို ပြည့်စုံမှန်ကန်စွာ စာရင်းရေးသွင်းပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ဆက်လက်ပေးပို့ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် မဲဆန္ဒနယ်များတွင် ဆန္ဒမဲပေးခွင့်ရှိသူ ဂျပန် နိုင်ငံ၌ ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများအနေဖြင့် ပုံစံ (၁၅) ပေးပို့ထားခြင်း မရှိသေးပါက မဲပေးခွင့် မဆုံးရှုံးစေရန်အတွက် ဖြည့်စွက်ပြီး ပုံစံ (၁၅) များကို မြန်မာသံရုံး၊ တိုကျိုမြို့သို့ လာမည့်(ဒီဇင်ဘာ ၂ ရက်) နောက်ဆုံးထား၍ အချိန်မီ ပေးပို့ကြရန် ထပ်မံအသိပေး ထုတ်ပြန်ထားသည်။

zawgyi version
ဂ်ပန္ေရာက္ျမန္မာႏိုင္ငံသားမ်ား ၾကားျဖတ္ေ႐ြးေကာက္ပြဲတြင္ ဆႏၵမဲေပးႏိုင္ရန္ ပုံစံ (၁၅) မ်ားကို ဒီဇင္ဘာ(၂)ရက္ ေနာက္ဆုံးထား၍ ေပးပို႔ရမည္
ထိုက္စံ(NP News)-ႏိုဝင္ဘာ ၂၆
ဂ်ပန္ေရာက္ျမန္မာႏိုင္ငံသားမ်ား ၾကားျဖတ္ေ႐ြးေကာက္ပြဲတြင္ ဆႏၵမဲေပးႏိုင္ရန္ ပုံစံ (၁၅) မ်ားကို ဒီဇင္ဘာ(၂)ရက္ ေနာက္ဆုံးထား၍ ေပးပို႔ရမည္ျဖစ္ေၾကာင္း ဂ်န္ပန္ႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးမွ ယေန႔(ႏိုဝင္ဘာ ၂၆ ရက္)တြင္ ထုတ္ျပန္ထားခ်က္အရ သိရသည္။
ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္သည္ လႊတ္ေတာ္ကိုယ္စားလွယ္ေနရာ လစ္လပ္ေနသည့္ မဲဆႏၵနယ္မ်ားအတြက္ ၾကားျဖတ္ေ႐ြးေကာက္ပြဲမ်ားကို လာမည့္ (ဧၿပီ ၄ ရက္)တြင္ ျပဳလုပ္မည္ ျဖစ္သျဖင့္ ဂ်ပန္ႏိုင္ငံ၌ ေရာက္ရွိေနၾကသည့္ ဆႏၵမဲေပးခြင့္ရွိသူ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ မိမိဆႏၵအေလ်ာက္ ႀကိဳတင္ဆႏၵမဲမ်ားေပးႏိုင္ေရးအတြက္ ပုံစံ (၁၅) မ်ားကို သံ႐ုံးတြင္ စတင္ထုတ္ယူ ႏိုင္မည့္ ေန႔ရက္၊ အခ်က္အလက္ျဖည့္သြင္းၿပီး ပုံစံ (၁၅) မ်ားကို သံ႐ုံးသို႔ ေပးပို႔ႏိုင္မည့္ ေန႔ရက္မ်ားကို တိုက်ိဳၿမိဳ႕ရွိ ျမန္မာသံ႐ုံးအေနျဖင့္ ထုတ္ျပန္ခဲ့ၿပီး ျဖစ္ေၾကာင္း သိရသည္။
( ၂၀၂၇) ခုႏွစ္ ၾကားျဖတ္ေ႐ြးေကာက္ပြဲမ်ားတြင္ ႏိုင္ငံသားတစ္ဦး၏ အေျခခံအခြင့္အေရးျဖစ္သည့္ ဆႏၵမဲေပးခြင့္ မဆုံးရႈံးေစရန္ ရည္႐ြယ္၍ ျမန္မာသံ႐ုံး၊ တိုက်ိဳၿမိဳ႕အေနျဖင့္ လက္ခံရရွိသည့္ ပုံစံ (၁၅) မ်ားကို ျပည့္စုံမွန္ကန္စြာ စာရင္းေရးသြင္းၿပီး ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္သို႔ ဆက္လက္ေပးပို႔ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
အဆိုပါ ၾကားျဖတ္ေ႐ြးေကာက္ပြဲ က်င္းပမည့္ မဲဆႏၵနယ္မ်ားတြင္ ဆႏၵမဲေပးခြင့္ရွိသူ ဂ်ပန္ ႏိုင္ငံ၌ ေရာက္ရွိေနၾကေသာ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ ပုံစံ (၁၅) ေပးပို႔ထားျခင္း မရွိေသးပါက မဲေပးခြင့္ မဆုံးရႈံးေစရန္အတြက္ ျဖည့္စြက္ၿပီး ပုံစံ (၁၅) မ်ားကို ျမန္မာသံ႐ုံး၊ တိုက်ိဳၿမိဳ႕သို႔ လာမည့္(ဒီဇင္ဘာ ၂ ရက္) ေနာက္ဆုံးထား၍ အခ်ိန္မီ ေပးပို႔ၾကရန္ ထပ္မံအသိေပး ထုတ္ျပန္ထားသည္။