CarsDB

အမေရိကန်ပြည်မှ အထက်တန်းကျောင်းသားကျောင်းသူတို့က ကားဟောင်းများကို ပြုပြင်မွမ်းမံကာ ကားလိုအပ်သော single mother များအား လက်ဆောင်ပေးလျက်ရှိ

အမေရိကန်ပြည်၊ ဗာဂျီးနီးယားပြည်နယ်မှ အထက်တန်းကျောင်းသား ကျောင်းသူတို့သည် ကားဟောင်းများကို ပြန်လည်ပြုပြင်မွမ်းမံကာ ကားလိုအပ်နေသော single mother များကို လက်ဆောင်ပေးလျက် ရှိနေသည်။

ဗာဂျီးနီးယားပြည်နယ်၊ Mineral မြို့ ၊ Louisa ခရိုင် အထက်တန်းကျောင်းမှ ကျောင်းသားများက လက်ဆောင်ပေးနေခြင်း ဖြစ်သည်။

ထိုသို့ လုပ်ဆောင်ပေးနေသည်မှာ ၈ နှစ်ခန့်ရှိပြီ ဖြစ်ကြောင်း သိရသည်။

ယခုသတင်းမှာ သင်ယနေ့ဖတ်ရှုခဲ့ရသမျှ သတင်းများအနက် နှလုံးသားကို နွေးထွေးမှု အပေးစွမ်းနိုင်ဆုံး အကြောင်းရပ်များတွင် တစ်ခု အပါအဝင် ဖြစ်သည်။

၈ နှစ်တာအတွင်း single mother ၄၀၀ ကျော်ကို ကားများ လက်ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

((ဘယ်လို စခဲ့လဲ))

ယခုအစီအစဉ်ကို ၂၀၁၈ ခုနှစ်တွင် အက်ဒီ ဘရောင်း (Eddie Brown) နှင့် ဇနီးဖြစ်သူ ဂျင်းနီ (Ginny) တို့က စတင်ခဲ့ခြင်းဖြစ်ပြီး Giving Words အဖွဲ့မှတဆင့် ထိုအကူအညီများ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

((မှတ်ချက်။ Giving Words သည် အက်ဒီနှင့် ဂျင်းနီတို့ တည်ထောင်ထားသည့် အကျိုးအမြတ်အတွက် မဟုတ်သည့်အဖွဲ့ဖြစ်သည်။ ဗာဂျီးနီးယား၏ ကျေးလက်ဒေသတွင် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် အားနည်းလှရာ ကားမရှိလျှင် များစွာအခက်ကြုံသည်။ အလုပ်သွားရန်၊ ကလေးကျောင်းပို့ရန်နှင့် ဆေးခန်းပြရန်ပင် အလွန်ခက်သည်။ ထို့ကြောင့် Giving Words က အလှူရှင်များထံမှ ရရှိသော ငွေတို့ဖြင့် single မိခင်များကို ကားပြင်စရိတ်ထောက်ပံ့ပေးခြင်း၊ ကားအပိုပစ္စည်းများ ထောက်ပံ့ခြင်းတို့ အဓိကပြုလုပ်ခဲ့သည်။ နောင်အခါတွင် ကားဟောင်းများ ပြုပြင်လှူဒါန်းခြင်းအထိ တိုးချဲ့လာခြင်း ဖြစ်သည်။)

အက်ဒီနှင့် ဂျင်းနီတို့နှစ်ဦးစလုံးမှာ ယခင်က single မိဘ ဘဝတွင် ဖြတ်သန်းခဲ့သူများဖြစ်သောကြောင့် single မိဘများ ရင်ဆိုင်ရလေ့ရှိသော သွားလာရေးအခက်အခဲများကို ကောင်းစွာနားလည်ထားကြသည်။

“single မိခင်တွေကို ကားတွေပိုပေးနိုင်လေ ကောင်းလေပါပဲ” ဟု အက်ဒီက People မဂ္ဂဇင်းသို့ ပြောသည်။

“ကျွန်ုပ်တို့က ကားတွေ ပေးနေတာပါ။ ဒါပေမယ့် ကျွန်တော်တို့ တကယ် ပေးနေတာက လူ့ဂုဏ်သိက္ခာနဲ့ အမှီအခိုကင်းမှုတွေပါ”

Soueast S09 2025

2,590 သိန်း

Jetour X70 2020

1,680 သိန်း

Soueast DX3 2020

1,580 သိန်း

Suzuki Carry 2007

556 သိန်း

Toyota Vitz 2006

810 သိန်း

GAC GN8 2020

3,200 သိန်း

Suzuki Ertiga 2017

1,380 သိန်း

Toyota Mark X 2006

1,350 သိန်း

Honda Fit GE6 2009

Call for Price

Toyota Alphard 2008

3,200 သိန်း

တရက်တွင် အက်ဒီ၏သားဖြစ်သူ ဆမ်သည် ကျောင်းမှပြန်လာပြီး အိမ်တွင် ပြောပြသည်မှာ ကားနည်းပညာ သင်တန်းတွင် ဆီလဲလှယ်သည့် လေ့ကျင့်ခန်းလုပ်ရန် မော်တော်ကားများ လိုအပ်နေကြောင်း ပြောပြခဲ့သည်။ ထိုအခါ ကားလှူရန် စိတ်ကူးတစ်ခု အက်ဒီ၏ အတွေးထဲတွင် ပထမဆုံး ပေါ်ပေါက်လာခဲ့သည်။

ထိုအချိန်တွင် အက်ဒီက သမီး၏ သူငယ်ချင်းမိန်းကလေးတစ်ဦး ပိုင်သောကားကို ပြုပြင်ပေးခြင်းဖြင့် စတင်ခဲ့သည်။ ထိုမိန်းကလေးမှာ single mother တစ်ဦး ဖြစ်သည်။

((ကားတွေ လှူပေးလို့ ရမလား))

အက်ဒီက သားဖြစ်သူ၏ ကျောင်းမှ သင်တန်းနည်းပြတစ်ဦးထံ တောင်းဆိုမှုတစ်ရပ် ပြုလုပ်ခဲ့သည်။

မိမိက ကားဟောင်းများ ရှာဖွေ ဝယ်ယူပေးမည်။ ထိုကားကို ကားသင်တန်းတွင် ကျောင်းသားများက ပြုပြင်မွမ်းမံပေးကာ လှူဒါန်းပေးရန် ဖြစ်သည်။

၎င်းတို့ ပထမဆုံး လက်ဆောင်ပေးနိုင်ခဲ့သည်ကားမှာ ၁၉၉၈ မော်ဒယ် Jeep Cherokee ဖြစ်သည်။

ထိုကားကို ရရှိခဲ့သည့် single mother မှာ ဝမ်းသာလွန်းသဖြင့် မျက်ရည်ကျခဲ့ရ၏။

ကျောင်းသားတို့မှာ ပျော်ရွှင်မှုအစစ်၊ ဂုဏ်အစစ်ကို တွေ့သိခံစားခဲ့ကြရသည်။

“အက်ဒီနဲ့ ကလေးတွေ ကျွန်မကို ပေးခဲ့တာဟာ ကားတစ်စီးဆိုတာထက် ပိုပါတယ်။ ကျွန်မရဲ့ဘဝကို ပြန်ပေးခဲ့ကြတာပါ” Jeep Cherokee ရရှိခဲ့သူ single မိခင် မိုနီကာက ပြောသည်။

အဆိုပါ Jeep Cherokee မှစပြီး ကားလှူသည့် အစီအစဉ်သည် ဒေသခံအသိုက်အဝန်းအတွက် အလွန်အရေးပါသော အစီအစဉ်တစ်ခုအဖြစ် ကျယ်ပြန့်လာခဲ့သည်။ ယခုချိန်အထိ ထိုအထက်တန်းကျောင်းမှ ကျောင်းသားတို့က ကားအစင်းရေ ၆၀ ကျော် လှူဒါန်းထားပြီး ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Virginia high school students repair old cars and gift them to single mothers in need in amazing scheme (supercarblondie)

မူရင်းသတင်း — CarsDB