Myanmar Digital News

ရီးယဲလ်မက်ဒရစ်အသင်း ရာနှုန်းပြည့်နိုင်ပွဲဆက်ပြီး အာဆင်နယ်အသင်း သရေရလဒ်သာထွက်ပေါ်

နိုဝင်ဘာ ၂၄ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေထဲမှာ ရီးယဲလ်မက်ဒရစ်အသင်းက ရာနှုန်းပြည့်နိုင်ပွဲရရှိခဲ့ပြီး အာဆင်နယ်အသင်းကတော့ သရေရလဒ်ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ရီးယဲလ်မက်ဒရစ် အသင်းဟာ ပီအက်စ်ဗွီအသင်းကို ငါးဂိုး-တစ်ဂိုးဖြင့်  အနိုင်ရရှိခဲ့တာဖြစ်ပြီး ရီးယဲလ် မက်ဒရစ်အသင်းအတွက် သွင်းဂိုးတွေကို ဗယ်လ်ဗာဒီက တစ်ဂိုး၊ ဘယ်လင်ဂမ်က တစ်ဂိုး၊ အမ်ဘတ်ပီ က နှစ်ဂိုး၊ ဗီနီစီးယပ်ဂျူနီယာကတစ်ဂိုး အသီးသီးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဗွီအသင်းအတွက် သွင်းဂိုးတစ်ဂိုးကိုတော့ ပါရီဆစ်က ပင်နယ်တီကနေ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းဟာ အခုနိုင်ပွဲကြောင့် ချန်ပီယံလိဂ်ပွဲစဉ်(၅) ယှဉ်ပြိုင်ကစားပြီးချိန်မှာ ငါးပွဲစလုံးအနိုင်ရရှိခဲ့တာကြောင့် ရာနှုန်းပြည့်နိုင်ပွဲဆက်ခဲ့ကာ အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ အာဆင်နယ်အသင်းကတော့ ဂျာမန်ဘွန်ဒက်လီဂါကလပ်ဒေါ့မွန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး တစ်ဖက်တစ်ဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

ငွေကြယ်

မူရင်းသတင်း — Myanmar Digital News