ရန်ကုန် နိုဝင်ဘာ ၂၅
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာလိဂ်ကော်မတီတို့က ကြီးမှူး၍ Grand Royal၊ AYA Bank နှင့် AYA Pay တို့၏ အဓိကပံ့ပိုးကူညီမှုဖြင့် ကျင်းပသည့် ၂၀၂၆-၂၀၂၇ ရာသီ Grand Royal M-League ပြိုင်ပွဲ ပွဲစဉ်(၇) နောက်ဆုံးနေ့ကို နိုဝင်ဘာ ၂၅ ရက်က တောင်ကြီးကွင်း၌ ကျင်းပရာ ရှမ်းယူနိုက်တက်အသင်းက သစ္စာအားမာန်အသင်းကို လေးဂိုး-သုံးဂိုးဖြင့် အနိုင်ရခဲ့သည်။
လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် အိမ်ကွင်း၌ နိုင်ပွဲရယူနိုင်ခဲ့သော်လည်း ခံစစ်အားနည်းချက်များကြောင့် ပေးဂိုးများခဲ့ပြီး တစ်ဂိုးအသာဖြင့်သာ အနိုင်ရခဲ့သဖြင့် လာမည့်ပွဲများတွင် ပိုမိုကောင်းမွန်ရန် ပြင်ဆင်ရမည်ဖြစ်သည်။ နည်းပြချုပ်အပြောင်းအလဲပြုလုပ်ထားပြီး ဦးအောင်ဇော်မျိုးကို နည်းပြသစ်အဖြစ် ခန့်အပ်ထားသည့် ရှမ်းယူနိုက်တက်အသင်းသည် ယခုရာသီ အိမ်ကွင်းဒုတိယမြောက်ပွဲတွင် နိုင်ပွဲရယူနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
သစ္စာအားမာန်အသင်း၏ရုန်းကန်မှုမှာ ကျေနပ်စရာကောင်းပြီး အခွင့်အရေးအချို့ လွဲချော်ခဲ့သဖြင့် သရေရလဒ်နှင့် လွဲချော်ခဲ့ခြင်း ဖြစ်သည်။
နိုင်ငံခြားသားကစားသမားများနှင့် ပြည်တွင်းအမာခံကစားသမားအများစုကို တွဲဖက်အသုံးပြုခဲ့သည့် ရှမ်းယူနိုက်တက်အသင်းကို မင်းမော်ဦး၊ ရှိုင်းဝဏ္ဏအောင်၊ စောမျိုးဇော်၊ နိုင်ဝင်းထွန်းတို့ ဦးဆောင်သည့် သစ္စာအားမာန်အသင်းက အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းအတွက် ဂိုးများကို ၇၊ ၂၄ မိနစ်တို့တွင် ရဲရင့်အောင်၊ ၂၈ မိနစ် တွင် ပင်နယ်တီမှတစ်ဆင့် အက်ဆင်ဂျူနီယာ၊ ၄၇ မိနစ်တွင် မတ်ခ်ဆာကီတို့ကသွင်းယူပြီး သစ္စာအားမာန်အသင်းအတွက် ဂိုးများကို ၁၈ မိနစ်တွင် နိုင်ဝင်းထွန်း၊ ၃၂ မိနစ်တွင် စောမျိုးဇော်၊ မိနစ် ၇၀ တွင် ရှိုင်းဝဏ္ဏအောင်တို့က သွင်းယူခဲ့သည်။ ယခုပွဲအတွက် AYA Pay Player of the Match ဆုကို ရှမ်းယူနိုက်တက်အသင်းအတွက် နှစ်ဂိုးသွင်းယူခဲ့သည့် ရဲရင့်အောင်ကရရှိပြီး အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် ၁၀ သိန်း ရရှိသည်။
ပွဲစဉ်(၇) အပြီးတွင် ရန်ကုန်စီးတီးအသင်းက ၁၇ မှတ်၊ ဒဂုံစတားယူနိုက်တက်အသင်းက ၁၆ မှတ်၊ ရန်ကုန်ယူနိုက်တက်အသင်းက ၁၅ မှတ်၊ ရှမ်းယူနိုက်တက်အသင်းက ၁၃ မှတ်၊ ရတနာပုံအသင်းနှင့် စစ်ကိုင်းယူနိုက်တက်အသင်းက ၁၀ မှတ်စီ၊ အား/ကာသိပ္ပံနှင့် ဟံသာဝတီယူနိုက်တက်အသင်းက ခုနစ်မှတ်စီ၊ ဧရာဝတီယူနိုက်တက်အသင်းက ခြောက်မှတ်၊ သစ္စာအားမာန်အသင်းက ငါးမှတ်၊ Chinland အသင်းက လေးမှတ်၊ မြဝတီအသင်းက တစ်မှတ်ရရှိထားသည်။ ပြိုင်ပွဲဝင် ၁၂ သင်းအနက် ရှမ်းယူနိုက်တက်အသင်းက ငါးပွဲ၊ ရန်ကုန်ယူနိုက်တက်၊ ဟံသာဝတီယူနိုက်တက်၊ ဧရာဝတီယူနိုက်တက် နှင့် အား/ကာသိပ္ပံအသင်းတို့က ခြောက်ပွဲစီ၊ ကျန်အသင်းများမှာ ခုနစ်ပွဲစီ ကစားထားပြီးဖြစ်သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ညီညီမင်း (MLeague)