NP News

ပခုက္ကူမြို့ရှိ ယာယီနေရပ်စွန့်ခွာသည့်အိမ်ထောင်စု(၄၀၀)အတွက် အသုံးအဆောင်ပစ္စည်းများနှင့် အခြေခံ စားသောက်ကုန်များ ထောက်ပံ့

စော(NP News)-နိုဝင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ ယာယီနေရပ်စွန့်ခွာသည့်အိမ်ထောင်စု(၄၀၀)အတွက် အသုံးအဆောင်ပစ္စည်းများနှင့် အခြေခံ စားသောက်ကုန်များ ထောက်ပံ့ခဲ့ကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်း(MRCS)က ယမန်နေ့(နိုဝင်ဘာ ၂၅ရက်)က အသိပေးထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း(MRCS)နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)တို့သည် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးခြင်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ပခုက္ကူမြို့နယ်သို့ ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင် သည့် အိမ်ထောင်စုများအတွက် အသုံးအဆောင်ပစ္စည်းများနှင့် အခြေခံ စားသောက်ကုန်များ ထောက်ပံ့ကူ ညီခြင်းကို နိုဝင်ဘာလ(၁၁)ရက်နေ့မှ(၁၃)ရက်နေ့အတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ယာယီနေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သည့် အိမ်ထောင်စု (၄၀၀)စု အတွက် အဖုံးပါပလပ်စတစ် ရေပုံး (၈၀၀)ပုံး၊ အလယ်အလတ်အပူထိန်းနိုင်သော Synthetic စောင် (၈၀၀)ထည်၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၄၀၀)ပုံး နှင့် အမျိုးသမီးတစ်ကိုယ်ရည် သန့်ရှင်း ရေးသုံးပစ္စည်း (၄၀၀) အိတ်၊ မီးဖိုချောင်သုံးပစ္စည်း(၄၀၀)စုံ၊ ဆိုလာမီးအိမ်(၈၀၀)လုံး၊ ပလပ်စတစ်ဖျာ(၈၀၀)ချပ် တို့ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ခြင်ထောင် (၈၀၀)ထည် ၊ တာပေါ်လင်စ(၈၀၀)ချပ်၊ ဆန်(50 Kg) (၄၀၀) အိတ်၊ ပဲခြမ်း(20 kg) (၄၀၀)အိတ်၊ မြေပဲဆီ(5.4 liter) (၂,၄၀၀)ဘူး၊ သကြား(0.8 Kg) (၈၀၀) အိတ်၊ အိုင်အိုဒင်းဆား(0.8 Kg) (၄၀၀) အိတ်၊ စည်သွတ်ဘူး(၂,၀၀၀)ဘူး၊ ကလေးများအတွက် စိတ်ပိုင်း လူမှုပိုင်းဆိုင်ရာ အားပေးကူညီခြင်း အထောက် အကူပြုအိတ် (၁၈၆)အိတ်နှင့် အိမ်ဆောက် အထောက်အကူ ပြုပစ္စည်း(၄၀)စုံတို့ကို ကြက်ခြေနီဝန်ထမ်း များနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက လက်ဝယ်အရောက် ထောက် ပံ့ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — NP News