Myanmar Transparency News

ICJ ချမှတ်ခဲ့သည့် စီရင်ချက်အပေါ် မြန်မာ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်သဘောထားနှင့်အညီ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က ထပ်တူရပ်တည်ကြောင်းအဆိုအား မှတ်တမ်းတင်ကြောင်း ကြေညာ

၂၆.၁၁ ၂၀၂၆
Written by Linn Eain

ICJ ချမှတ်ခဲ့သည့် စီရင်ချက်အပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်သဘောထားနှင့်အညီ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က ထပ်တူရပ်တည်ကြောင်းအဆိုအား မှတ်တမ်းတင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က နိုဝင်ဘာ ၂၆ ရက်တွင်ကြေညာခဲ့သည်။

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၂၆) ပဥ္စမနေ့ကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမတွင် နိုဝင်ဘာ ၂၆ ရက်၊ နေ့လယ် ၁ နာရီခွဲတွင်ကျင်းပခဲ့ရာ ယင်းအစည်းအဝေးတွင် ကြေညာခဲ့ခြင်းဖြစ်သည်။

“အပြည်ပြည်ဆိုင်ရာတရားရုံး (International Court of Justice-ICJ) က ၁၉-၁၁-၂၀၂၆ ရက်တွင် ချမှတ်ခဲ့သည့် စီရင်ချက်အပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်သဘောထားနှင့်အညီ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က ထပ်တူရပ်တည်ပါကြောင်းအဆို” ကို အင်းစိန်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးသူရိန်လင်းက လွှတ်တော်သို့တင်သွင်းခဲ့ပြီး လွှတ်တော်ကမှတ်တမ်းတင်ကြောင်း ကြေညာခဲ့သည်။

ထို့နောက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့်ပတ်သက်၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခဲ့ရာလွှတ်တော်က အတည်ပြုကြောင်း ကြေညာခဲ့သည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌကနှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ပြီးနောက် အရေးပေါ်အစည်းအဝေး (၁/၂၀၂၆) ပဥ္စမနေ့ အစည်းအဝေးရပ်နားကြောင်းနှင့် တတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၂၆) အောင်မြင်စွာပြီးမြောက်ကြောင်း ကြေညာခဲ့သည်။

မူရင်းသတင်း — Myanmar Transparency News