
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်
၂၀၂၆ ခုနှစ် အောင်ပန်းတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နိုဝင်ဘာလ ၂၆ ရက်၊ ညနေပိုင်းက ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ဟိုက်ဒြိုကွင်းအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကလောခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးလှိုင်က အဖွင့်အမှာစကား ပြောကြားပြီး ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် မီးပုံးပျံငယ်များ၊ မီးရှူးမီးပန်းများ ပစ်ဖောက်လွှတ်တင်ပြီး တိုင်းရင်းသားရိုးရာ အကအလှများဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး အောင်ပန်းဆရာတော်ဘုရားကြီး၏ သက်တော် ၈၀ ပြည့်နှစ်အား ဂုဏ်ပြုပူဇော်သည့် စိန်နားပန်မီးပုံးပျံ တစ်လုံး လွှတ်တင်ပူဇော်ခဲ့ကြကြောင်း သိရသည်။
အောင်ပန်းတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကို ယနေ့ နိုဝင်ဘာလ ၂၆ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ ၆ ရက်ကြာ ပြုလုပ် သွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင် ညမီးကြီးမီးပုံးပျံ ၃၀ လုံး၊ စိန်နားပန်မီးပုံးပျံ ၁၃ လုံး၊ စုစုပေါင်း ၄၃ လုံး လွှတ်တင်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။