
ကျိုချွမ်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)
တရုတ်အာကာသယာဉ်မှူးများဖြစ်သော ထန်းဟုန်ပေါ်၊ ဝူရိနှင့် ပါကစ္စတန်အာကာသယာဉ်မှူး မိုဟာမက် ဇီရှန် အလီတို့သည် ရှန်ကျိုး-၂၄ လူလိုက်ပါအာကာသယာဉ်ပျံသန်းရေးမစ်ရှင်တွင် အတူတကွ ဆောင်ရွက်ကြမည်ဖြစ်ကာ ယင်းမှာ တရုတ်နိုင်ငံ၏ လူလိုက်ပါအာကာသအစီအစဉ် သမိုင်းတွင် တရုတ်နှင့် ပါကစ္စတန် အာကာသယာဉ်မှူးများ ပါဝင်သည့် ပထမဆုံးပူးတွဲပျံသန်းခြင်း အထိမ်းအမှတ်လည်း ဖြစ်သည်။ အဆိုပါ အာကာသယာဉ်ကို တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ နိုဝင်ဘာ၂၅ ရက် ပေကျင်းစံတော်ချိန် ၈:၁၈ နာရီတွင် လွှတ်တင်ခဲ့သည်။
အာကာသယာဉ်မှူး သုံးဦးအနေဖြင့် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း အတူတကွအလုပ်လုပ်ကိုင်နိုင်ရန် နည်းပညာဆိုင်ရာ တရုတ်စာလေ့လာခြင်းမှအစ မျက်ရိပ်မျက်ကဲ၊ လက်ဟန်ခြေဟန်အမူအရာများဖြင့် အချင်းချင်း နားလည်သဘောပေါက်စေရန်အထိ မည်သို့ပြင်ဆင်ခဲ့ကြပုံကိုလည်း မျှဝေခဲ့ကြသည်။ (Xinhua)
……………………
(English Version)
Interview with first Chinese-foreign astronaut team of Shenzhou-24
Chinese astronauts Tang Hongbo, Wu Yi, and Pakistani astronaut Muhammad Zeeshan Ali are on the Shenzhou-24 crewed spaceflight mission, marking the first joint flight involving Chinese and foreign astronauts in the history of the country's manned space program. The spacecraft lifted off at 8:18 a.m. (Beijing Time) on Wednesday from the Jiuquan Satellite Launch Center in northwest China.
From learning technical Chinese to understanding one another through a glance or gesture, the three astronauts shared how they prepared to work together in orbit.