ဆော်ပေါ်လို နိုဝင်ဘာ ၂၆
ဘရာဇီးနိုင်ငံတောင်ပိုင်းနှင့် အရှေ့တောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့်မုန်တိုင်းတိုက်ခတ်မှုကြောင့် တစ်နှစ်သားအရွယ် ကလေးတစ်ဦးအပါအဝင် ဒေသခံ အနည်းဆုံးရှစ်ဦးသေဆုံးကြောင်း ဘရာဇီးမြို့ပြကာကွယ်ရေးအာဏာပိုင်များက နိုဝင်ဘာ ၂၅ ရက်တွင် ပြောကြားသည်။ ရုတ်တရက် ရေကြီးရေလျှံမှုများကြောင့် အာဂျင်တီးနားနှင့် ပါရာဂွေးနယ်စပ်ရှိ ပါရာနာပြည်နယ်တွင် ဒေသခံခြောက်ဦးသေဆုံးခဲ့ပြီး အဆိုပါ ပြည်နယ်အတွင်းရှိ ဒေသများမှ ဒေသခံ ၁၀၀၀ ခန့် ထိခိုက်ခံစားခဲ့ရကြောင်း သိရသည်။
ဆော်ပေါလိုပြည်နယ် မွန်တီအယ်ဂါရီဒိုဆာဒေသတွင် ဖြစ်ပွားသည့် မြေပြိုမှုအတွင်း နေအိမ်ပျက်စီးမှုကြောင့် အသက် ၂၁ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးနှင့် ၎င်း၏ တစ်နှစ်အရွယ်ရှိ သားဖြစ်သူတို့သေဆုံးခဲ့သည်။ နိုင်ငံအတွင်း အအေးလှိုင်းနှင့်အတူတိုက်ခတ်လာသည့် မုန်တိုင်းများ၏ အကျိုးသက်ရောက်မှုကြောင့်လည်း ရေကြီးရေလျှံမှု၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု၊နေအိမ်နှင့် အခြေခံအဆောက်အအုံ များထိခိုက်ပျက်စီးမှု ရှိခဲ့သည်။ ရီယိုဂရန်ဒီဒိုဆာပြည်နယ်ရှိ တူပန်စီရီတာဒေသတွင်လည်း မုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် ယခုကဲ့သို့သော ပြင်းထန်သည့် ရာသီဥတုအခြေအနေများ ဖြစ်လာခဲ့ကြောင်း သိရသည်။
အီကွေတာပစိဖိတ်သမုဒ္ဒရာ ရေမျက်နှာပြင် ပူနွေးမှုကြောင့်ဖြစ်ပေါ်သည့် အယ်လ်နီညိုရာသီဥတုအခြေအနေအရ ဘရာဇီးနိုင်ငံတောင်ပိုင်း၌ မိုးရေချိန်ပိုများနိုင်ခြင်းကြောင့် သတိပေးချက်များ ဆက်လက်ထုတ်ပြန်ထားသည်။
ဆင်ဟွာ