Positive Angle News

ရန်ကုန်တွင် စက်သုံးဆီဈေးနှုန်းများ တစ်ပတ်အတွင်း ကျပ် ၂၃၅ မှ ၂၉၀ အထိ ထပ်မံကျဆင်း

(စီးပွားရေး) နိုဝင်ဘာ ၂၇

ရန်ကုန်မြို့တွင် နိုဝင်ဘာ ၂၇ ရက်မှစ၍ စက်သုံးဆီရည်ညွှန်းလက်လီဈေးနှုန်းများ ထပ်မံကျဆင်းလာရာ ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၂၄၀ မှ ၂၅၀ အထိနှင့် ဒီဇယ်ဆီတစ်လီတာလျှင် ကျပ် ၂၃၅ မှ ၂၉၀ အထိ ဈေးလျော့ကျသွားကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ရည်ညွှန်းဈေးနှုန်းများအရ သိရသည်။

ယနေ့ ရန်ကုန်မြို့အတွက် သတ်မှတ်ထားသည့် ရည်ညွှန်းဈေးနှုန်းများမှာ 92 Ron ဓာတ်ဆီ တစ်လီတာလျှင် ကျပ် ၃,၅၆၅၊ 95 Ron ဓာတ်ဆီ ကျပ် ၃,၆၄၀၊ ဒီဇယ် (HSD 500 ppm) ကျပ် ၃,၉၂၀ နှင့် ပရီမီယံဒီဇယ် (HSD 50 ppm/10 ppm) ကျပ် ၄,၇၅၀ ဖြစ်သည်။

ယခင်အပတ် ရည်ညွှန်းဈေးများဖြစ်သည့် 92 Ron တစ်လီတာ ကျပ် ၃,၈၁၅၊ 95 Ron ကျပ် ၃,၈၈၀၊ ဒီဇယ် ကျပ် ၄,၁၅၅ နှင့် ပရီမီယံဒီဇယ် ကျပ် ၅,၀၄၀ တို့နှင့် နှိုင်းယှဉ်ပါက ဓာတ်ဆီနှင့် ဒီဇယ်အမျိုးအစားအားလုံး ဈေးနှုန်းကျဆင်းလာခြင်းဖြစ်သည်။

မန္တလေးမြို့အတွက်လည်း ယနေ့မှစ၍ 92 Ron ဓာတ်ဆီ တစ်လီတာ ကျပ် ၃,၇၂၀၊ 95 Ron ကျပ် ၃,၇၉၅၊ ဒီဇယ် ကျပ် ၄,၀၆၅ နှင့် ပရီမီယံဒီဇယ် ကျပ် ၄,၉၀၅ ဖြင့် ရောင်းချရန် ရည်ညွှန်းဈေး သတ်မှတ်ထားသည်။

အဆိုပါ စက်သုံးဆီရည်ညွှန်းဈေးနှုန်းများသည် ဒီဇင်ဘာ ၃ ရက်အထိ အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Positive Angle News