လွိုင်ကော် နိုဝင်ဘာ ၂၆
ကယားပြည်နယ်အတွင်း မသန်စွမ်းသူများ၏ ဘဝအရည်အသွေးပိုမို ဖွံ့ဖြိုးလာစေရန်၊ အများပြည်သူများ နည်းတူ တန်းတူညီမျှမှုရရှိစေရန်နှင့် မသန်စွမ်းသူများ၏ စွမ်းဆောင်ရည်များကို အလေးထား ဂရုပြုတတ်စေရန်ရည်ရွယ်၍ ကယားပြည်နယ် အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အကြိုလှုပ်ရှားမှု မသန်စွမ်းအားကစား ပြိုင်ပွဲကို ယနေ့တွင် လွိုင်ကော်မြို့ ပြည်နယ်အားကစားကွင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်နှင့် တက်ရောက်လာကြသူများက ပြည်နယ် အားကစားရုံ အမှတ်(၃)တွင် ကျင်းပသည့် ပန်းချီ၊ စစ်တုရင်နှင့် စားပွဲတင် တင်းနစ် အားကစားနည်းများကို လည်းကောင်း၊ ပြည်နယ်ဘောလုံးကွင်း အတွင်း၌ ကျင်းပသည့် သံပြားပစ်၊ လှံတံပစ်ပြိုင်ပွဲများ၊ ပိုလီယို (ကျား/မ) မီတာ ၅၀ အပြေး ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးသည်။
ယနေ့ကျင်းပသည့် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အကြိုလှုပ်ရှားမှု မသန်စွမ်း အားကစားပြိုင်ပွဲကို ပွဲစဉ် ၁၇ ပွဲ၊ အားကစားနည်း ခုနစ်နည်း၊ ကစားသမား ၈၀ တို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူများအား ဒီဇင်ဘာ ၃ ရက်တွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားတွင် ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။
ထို့ပြင် လွိုင်ကော်မြို့၌ အကြမ်းဖက်သောင်းကျန်းသူများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း(ချိကယ်)ရှိ စာသင်ဆောင်များကို ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းအသုံးစရိတ် ပြန်လည် ထူထောင်ရေးရန်ပုံငွေဖြင့် ပြုပြင်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ပြုပြင်ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ကြည့်ရှု စစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နိုင်ရေးနှင့် သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစေရေးအတွက် လိုအပ်သည်များ မှာကြားပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (ချိကယ်)တွင် တက်ရောက်လျက်ရှိသည့် ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့သည်။
ပြည်နယ်(ပြန်/ဆက်)