ရန်ကုန် နိုဝင်ဘာ ၂၆
၂၀၂၆ M-League ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် ၂၆ ဒုတိယနေ့ကို နိုဝင်ဘာ ၂၆ ရက်က ဆက်လက်ကျင်းပရာ ရန်ကုန်စီးတီးအသင်းနှင့် ရတနာပုံအသင်းတို့ အနိုင်ရရှိသည်။
သီဟဒီပကွင်း၌ ကျင်းပသည့်ပွဲတွင် ရတနာပုံအသင်းက ဧရာဝတီယူနိုက်တက် အသင်းကို ငါးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ရတနာပုံအသင်းသည် အဆင့်(၄) နေရာရထားပြီးဖြစ်သော်လည်း ရာသီပိတ်ပွဲကို ဂိုးပြတ်အနိုင်ရလဒ်ဖြင့် ပိတ်သိမ်းခဲ့သည်။ ရတနာပုံအသင်းအတွက် ဂိုးများကို Sa Htunt Awar က ၄၂၊ ၄၅၊ ၇၁၊ ၉၀+၂ မိနစ်တို့တွင် တစ်ဦးတည်းလေးဂိုးသွင်းယူပြီး ကျန်တစ်ဂိုးကို ၆၇ မိနစ်တွင် ဇော်လင်းအောင်က သွင်းယူသည်။ ဧရာဝတီယူနိုက်တက်အသင်းအတွက် ချေပဂိုး တစ်ဂိုးကို ၈၉ မိနစ်တွင် ခွန်မိုးထက်က သွင်းယူသည်။
ဗဟန်းကွင်း၌ကျင်းပသည့်ပွဲတွင် ရန်ကုန်စီးတီးအသင်းက မြဝတီအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိသည်။ မြဝတီအသင်း ဦးဆောင်ဂိုးသွင်းယူနိုင်သော်လည်း အနိုင်ရလဒ် မထိန်းနိုင်သဖြင့် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ ၁၂ မိနစ်တွင် ပေါင်ရှင်းဆန်းက မြဝတီအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ၃၉ မိနစ်တွင် ပင်နယ်တီမှတစ်ဆင့် ကျော်မင်းမောင်က ရန်ကုန်စီးတီးအသင်းအတွက် ချေပဂိုးသွင်းယူခဲ့သည်။ ရန်ကုန်စီးတီးအသင်းအတွက် အနိုင်ဂိုးကို ၈၅ မိနစ်တွင် ထွန်းလင်းအောင်က သွင်းယူခဲ့သည်။
ပွဲစဉ်(၂၆) တတိယနေ့ကို နိုဝင်ဘာ ၂၇ ရက် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ဗဟန်းကွင်း၌ စစ်ကိုင်းယူနိုက်တက်အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်း၊ YUSC ကွင်း၌ Chinland အသင်းနှင့် Galaxy အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း - ညီမြတ်သော်တာ
ဓာတ်ပုံ - MLeague