Myanmar Transparency News

ဂီတဝါသနာရှင်မျိုးဆက်သစ်တွေအဖို့ စုစုပေါင်းဆုသုံးဆုအတွက် ဆုကြေးငွေ ကျပ်သိန်း ၁,၈၀၀ ချီးမြှင့်မယ့် The Voice Journey တေး သီချင်းဆိုပြိုင်ပွဲကြီး စတင်မိတ်ဆက်

၂၇.၁၁.၂၀၂၆
Written By Thandar

ဂီတအရည်အချင်းပြည့်ဝတဲ့ မျိုးဆက်သစ်လူငယ်တွေ အိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ပေးဖို့နဲ့ နိုင်ငံတကာအဆင့်မီ ဂီတဖျော်ဖြေတင်ဆက်မှုပုံစံသစ်တစ်ရပ်ကို ပရိသတ်တွေကိုချပြနိုင်ဖို့ ရည်ရွယ်ပြီး C7 Entertainment က ဦးစီးကျင်းပတဲ့ Voice Journey Myanmar Singing Competition သီချင်းဆိုပြိုင်ပွဲကြီး တရားဝင်မိတ်ဆက်ပွဲကို နိုဝင်ဘာ ၂၆ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ Sedona Hotel မှာ ကျင်းပခဲ့ပါတယ်။

အဆိုပါပြိုင်ပွဲမှာ စုစုပေါင်းဆုသုံးဆုအတွက် ဆုကြေးငွေ ကျပ်သိန်း ၁,၈၀၀ ချီးမြှင့်မယ်လို့ သိရပြီး မြန်မာ့ဂီတလောကရဲ့ထိပ်တန်းတေးသံရှင် (၄) ဦးဖြစ်တဲ့  ဖိုးကာ၊ ဝေလ၊ သာဒီးလူနဲ့ အိုင်ရင်းဇင်မာမြင့်တို့က အကဲဖြတ်ဒိုင်လူကြီးတွေအနေနဲ့ ပါဝင်အားဖြည့်သွားမှာဖြစ်ကာ ဇန်နဝါရီလမှစတင်ပြီး Free-to-Air ရုပ်သံလိုင်းတွေမှာ ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။

“ကိုယ့်ရဲ့ ဝါသနာ၊ အရည်အချင်းနဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်မယ့် အခွင့်အရေးတွေရရှိမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲက ပြိုင်ပွဲဝင်တစ်ဦးချင်းစီရဲ့ သီဆိုမှုစွမ်းရည်ကိုသာမက သူ့တို့ရဲ့ ဂီတအပေါ်ရူးသွပ်မှု၊ ကြိုးစားအားထုတ်မှုနဲ့ ဘဝဖြတ်သန်းမှု ခရီးလမ်းများကိုပါ ပရိသတ်တွေ ရင်ထဲကို တိုက်ရိုက်ရောက်ရှိခံစားရအောင် ဖန်တီးတင်ဆက်သွားမယ်မှာပါ”လို့ ပွဲစီစဉ်သူက ပြောပါတယ်။

Voice Journey Myanmar ပြိုင်ပွဲမှာ ဂီတအမျိုးအစား မတူညီကွဲပြားတဲ့  ဒိုင်လေးဦးရဲ့ အတွေ့အကြုံ၊ အနီးကပ် လမ်းညွှန်ပြသမှု‌တွေနဲ့ ပြိုင်ပွဲဝင်တွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ဂီတသင်ခန်းစာတွေရရှိလာမှာလည်း ဖြစ်ပါတယ်။

ပြိုင်ပွဲပုံစံနဲ့ ချီးမြှင့်မယ့် ဆုကြးငွေတွေ ပြိုင်ပွဲဝင်တွေအနေနဲ့ နေရာဒေသမရွေး လွယ်ကူလျင်မြန်စွာ ပါဝင်ယှဉ်ပြိုင်နိုင်စေဖို့ Online Audition အဆင့်က စတင်ရွေးချယ်သွားမှာဖြစ်ပြီး အကဲဖြတ်ဒိုင်တွေရှေ့မှောက်မှာ ယဉ်ပြိုင်ရမယ့် အဆင့်တွေနဲ့ ပရိသတ်တွေ ကိုယ်တိုင်တိုက်ရိုက်အားပေး ကြည့်ရှုနိုင်ဖို့ Live Show အဆင့်ဆင့်အထိ ခေတ်မီ Stage Design Lighting တွေ၊ Sound System တွေနဲ့ရိုက်ကူးတင်ဆက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

“ဒီခေတ်ထဲမှာ ရုပ်ပိုင်းဆိုင်ရာနဲ့ ဝတ်စားဆင်ယဉ်မှုက ပြုပြင်ပြောင်းလဲလို့ ရနိုင်နေပါတယ်။ လည်ချောင်းမှာ ပါတဲ့အသံကိုတော့ ပြုပြင်ပြောင်းလဲလို့ မရနိုင်ပါဘူး။ အဲဒါကြောင့် ကိုယ့်မှာပါရှိလာသော ထူးခြားတဲ့ကိုယ်ပိုင်အသံ၊ ကိုယ်ပိုင်ဟန်ရှိတဲ့အဆိုဝါ သနာရှင်ကြီးအားလုံးကို မြေတောင်မြှောက်ပေးဖို့ အိုင်ရင်းတို့ Voice Journey Myanmar အဖွဲ့သားတွေအားလုံးက စောင့်ကြိုလျက်ရှိပါတယ်”လို့ Judge အိုင်ရင်းဇင်မာမြင့်က ပြောပါတယ်။

ပြိုင်ပွဲကြီးမှာ ပထမဆု (Winner) ကို ကျပ်သိန်း ၁,၀၀၀၊ ဒုတိယဆု (1st Runner-up) ကို ကျပ်သိန်း ၅၀၀၊ တတိယဆုကို (2nd Runner-up)  ကျပ်သိန်း ၃၀ အနေနဲ့ ချီးမြှင့်မှာဖြစ်ပါတယ်။

ပြိုင်ပွဲအစီအစဉ် စုစုပေါင်း အပိုင်း ၁၆ ပိုင်းကို လာမယ့် ၂၀၂၇ ခုနှစ် ဇန်နဝါရီလမှ စတင်ပြီး အပတ်စဉ် သောကြာနေနဲ့ စနေနေ့တိုင်းFree-to-Air ရုပ်သံလိုင်း TV Channels တွေက ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။

#ဖိုးကာ #ဝေလ #သာဒီးလူ #အိုင်းရင်းဇင်မာမြင့် #PhoeKar #WaiLa #TharDiLu #IreneZinMarMyint #MyanmarSinger #VoiceJourneyMyanmar #C7Entertainment #စုစုပေါင်းဆုကြေးငွေကျပ်သိန်း၁၈၀၀ #MTEntertainment

မူရင်းသတင်း — Myanmar Transparency News