နေပြည်တော် နိုဝင်ဘာ ၂၆
ရပ်ဝန်းနှင့်ပိုးလမ်းမစွမ်းအင်ဝန်ကြီးများ အုပ်ချုပ်ရေးဘုတ်အဖွဲ့၏ ပထမအကြိမ် အစည်းအဝေးနှင့် စတုတ္ထအကြိမ် ရပ်ဝန်းနှင့်ပိုးလမ်းမ စွမ်းအင်ဝန်ကြီးများညီလာခံကို နိုဝင်ဘာ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချင်းတောင်မြို့၌ကျင်းပရာ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေးကြသည်။
ညီလာခံတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ကမ္ဘာ့နိုင်ငံအသီးသီးအနေဖြင့် မိမိတို့၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများကို ဂရုပြုဆောင်ရွက်လျက်ရှိနေပါကြောင်း၊ ယနေ့အစည်းအဝေး၏ ရည်ရွယ်ချက်နှင့်လည်း ထပ်တူကျပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့်လည်း ပြန်ပြည့်မြဲ စွမ်းအင်များဖြစ်သည့် ရေအား၊ နေရောင်ခြည်၊ လေစွမ်းအင်တို့ကို အဓိကအသုံးပြုသွားရန် ဆောင်ရွက်လျက်ရှိသကဲ့သို့ ရုပ်ကြွင်းလောင်စာများ အသုံးပြုရာတွင်လည်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေရန် အချက်ကိုလည်း သတိပြုဆောင်ရွက်နေပါကြောင်း၊ ပြန်ပြည့်မြဲစွမ်းအင် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ၊ ကာဗွန်ထုတ်လုပ်မှု လျှော့ချရေးအစီအစဉ်များ ဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံအနေဖြင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နေပါကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် ယခုအစီအစဉ်ကို ဦးဆောင်ကျင်းပသည့် တရုတ်နိုင်ငံအမျိုးသား စွမ်းအင်အုပ်ချုပ်မှုအဖွဲ့၏ အကူအညီကို တိုးမြှင့်ရယူလိုပါကြောင်း ဆွေးနွေးပြောကြားသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမျိုးသားစွမ်းအင်အုပ်ချုပ်မှုအဖွဲ့ (National Energy Administration- NEA) အကြီးအကဲနှင့် အဖွဲ့အား တွေ့ဆုံ၍ ရေအားလျှပ်စစ်စီမံကိန်းများ၊ နယ်စပ် ဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်းများ၊ ဆိုလာစွမ်းအင်အသုံးပြုမှုကို မြှင့်တင်နိုင်ရေးစီမံကိန်းများ၊ ဘက်ထရီစွမ်းအင် သိုလှောင်မှုစီမံကိန်းများ၊ စုပ်တင်ရေအား လျှပ်စစ်စီမံကိန်းများ၊ လေအားလျှပ်စစ်စီမံကိန်းများ၊ ကမ်းလွန်သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ကွက်အသစ်များတွင် ရင်းနှီးမြှုပ်နှံရန်ကိစ္စရပ်များ၊ နည်းပညာ၊ ကျွမ်းကျင်မှုနှင့် ရင်းနှီးမြှုပ်နှံဆောင်ရွက်နိုင်မည့် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်သည့် လျှပ်စစ်နှင့်စွမ်းအင်စီမံကိန်းများအတွက် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးကို အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်