Myanmar Transparency News

ယနေ့ ရုံတင်ပြသတဲ့ စာရေးဆရာမကြီး ဂျာနယ်ကျော်မမလေးရဲ့  “မုန်း၍မဟူ” ရုပ်ရှင်ဇာတ်ကားကြီး Artist Show အခမ်းအနား ကျင်းပခဲ့

၂၇.၁၁.၂၀၂၆
Written By Thandar

စာပေဗိမာန်ဆုရ စာရေးဆရာမကြီး ဂျာနယ်ကျော်မမလေးရဲ့ မြန်မာ့ဂန္ထဝင်ဝတ္ထုရှည်ကို  ပြန်လည်အသက်သွင်းပေးလိုက်တဲ့ Romance Family Drama ဇာတ်လမ်းပုံစံ “မုန်း၍မဟူ” ရုပ်ရှင်ဇာတ်ကားကြီး Artist Show ကို နိုဝင်ဘာ ၂၆ ရက်ညနေပိုင်းက ရန်ကုန်မြို့ သမ္မတရုပ်ရှင်ရုံမှာကျင်းပခဲ့ရာ အနုပညာရှင်တွေတက်ရောက်ခဲ့ကြပါတယ်။

အဆိုပါ အခမ်းအနားကို ဇာတ်ကားမှာပါဝင်သရုပ်ဆောင်ထားတဲ့ နိုင်းနိုင်း၊ အကယ်ဒမီ ဝတ်မှုန်ရွှေရည်၊ အကယ်ဒမီ ကျော်ရဲအောင်၊ အောင်ရေချမ်း၊ စိုးမိုးကြည်၊ ဆုထက်လှိုင်၊ ဒါရိုက်တာ ပွင့်သိင်္ဂီဇော်၊  DOP  စတဲ့သရုပ်ဆောင်တွေနဲ့ ဖိတ်ကြားထားသူတွေ တက်ရောက်ခဲ့ပါတယ်။

၁၉၅၅ ခုနှစ်ထုတ် ရှုမဝမဂ္ဂဇင်းမှာစတင်ဖော်ပြခဲ့ပြီး စာပေဗိမာန်ဆုရရှိခဲ့တဲ့ စာရေးဆရာမကြီး ဂျာနယ်ကျော်မမလေးရဲ့ မြန်မာ့ဂန္ထဝင်ဝတ္ထုရှည် “မုန်း၍မဟူ” ကို ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ပြန်လည်အသက်သွင်းထားတာဖြစ်ပါတယ်။

ဒီဇာတ်ကားကို ဇာတ်ညွှန်း အေးသီရိကို၊ ဒါရိုက်တာ (အရုဏ်ဦး)ပွင့်သိဂီဇော်ကအိမ်ထောင် ရေးဇာတ်လမ်း Romance Family Drama ပုံစံဖန်တီးထားတာဖြစ်ပါတယ်။

သရုပ်ဆောင်တွေအနေနဲ့ နိုင်းနိုင်း၊ အကယ်ဒမီ ဝတ်မှုန်ရွှေရည်၊ အကယ်ဒမီ ကျော်ရဲအောင်၊ အောင်ရေချမ်း၊ စိုးမိုးကြည်၊ ဆုထက်လှိုင်၊ ဂွမ်းပုံကြီးနဲ့ အခြားသရုပ်ဆောင်များ ပါဝင်သရုပ်ဆောင်ထားပါတယ်။

“မုန်း၍မဟူ” ရုပ်ရှင်ဇာတ်ကားကြီးကို ယနေ့ နိုဝင်ဘာ ၂၇ ရက်မှာ စတင်ရုံတင်ပြသနေပြီဖြစ်ပါတယ်။

#NineNine #WuttHmoneShweYi #KyawYeAung #AungYayChan #SoeMoeKyi #ဂျာနယ်ကျော်မမလေး  #BraveEmpireEntertainment #စာပေဗိမာန်ဆုရ #မုန်း၍မဟူ #MTEntertainment

မူရင်းသတင်း — Myanmar Transparency News