
တီဟီရန်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)
နိုဝင်ဘာ ၂၆ ရက်တွင် ဖြစ်ပွားခဲ့သော ကူဝိတ်နိုင်ငံ၌ အီတလီနိုင်ငံသား ၂ ဦး သေဆုံးမှုဖြစ်စဉ်သည် သံသယဖြစ်ဖွယ်ရာအချက်များစွာ ရှိနေပြီး “ကြိုတင်ပြင်ဆင်ထားသော စစ်ပွဲနည်းလမ်း” နှင့် ဆင်တူနေကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီ က ထိုနေ့တွင် ဆိုခဲ့သည်။
အာရက်ဂ်ချီက ၎င်းအနေဖြင့် အီတလီနှင့် ကူဝိတ်နိုင်ငံခြားရေးဝန်ကြီးများနှင့် ဖုန်းဖြင့်ဆက်သွယ်ပြောဆိုရာတွင် ကူဝိတ်နိုင်ငံ၌ အီတလီနိုင်ငံသားများ သေဆုံးမှုအပေါ် ဝမ်းနည်းကြောင်း လူမှုကွန်ရက်၌ ပို့စ်တင်၍ ပြောကြားခဲ့သည်။ အီရန်အနေဖြင့် ဖြစ်စဉ်၏အကြောင်းရင်းကို စုံစမ်းဖော်ထုတ်ရန်အတွက် ကူဝိတ်နှင့် အီတလီတို့နှင့် အချိန်မရွေး ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေသည်ဟုလည်း ၎င်းက ဆိုခဲ့သည်။
အီရန်ဒရုန်းက ကူဝိတ်ရှိ အရေးကြီး အဆောက်အအုံတစ်ခုကို တိုက်ခိုက်ခဲ့ရာ ကူဝိတ်စစ်တပ်က ၎င်းဒရုန်းကို ကြားဖြတ်ဟန့်တားခဲ့ပြီး ပြုတ်ကျလာသော အစိတ်အပိုင်းများကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုနှင့် ပစ္စည်းဥစ္စာ ဆုံးရှုံးမှုများ ဖြစ်ပွားခဲ့သည်ဟု ကူဝိတ်စစ်တပ်က နိုဝင်ဘာ ၂၆ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ထို့နောက် အီတလီနိုင်ငံသား ၂ ဦးမှာ ဒဏ်ရာပြင်းထန်၍ သေဆုံးသွားခဲ့သည်။
သေဆုံးသူ ၂ ဦးစလုံးသည် ဂျာမန်စစ်လက်နက်ကုမ္ပဏီ Rheinmetall Co., Ltd လက်အောက်ခံ အီတလီကုမ္ပဏီမှ နည်းပညာရှင်ဝန်ထမ်းများ ဖြစ်ပြီး အချင်းဖြစ်ပွားချိန်တွင် ကူဝိတ်လက်နက်ကိုင်တပ်ဖွဲ့၏ လေကြောင်းရန်ကာကွယ်ရေးစနစ်အတွက် ရေဒါရှာဖွေရေးအင်တင်နာများ ပြင်ဆင်ထိန်းသိမ်းနေခဲ့ကြကြောင်း အီတလီနိုင်ငံခြားရေးဝန်ကြီးဌာနက နောက်ပိုင်းတွင် အတည်ပြုခဲ့သည်။
အီရန်လက်နက်ကိုင်တပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် Abolfazl Shekarchi က အီရန်လက်နက်ကိုင်တပ်ဖွဲ့သည် ထိုဒေသတွင် မည်သည့် စစ်ရေးလှုပ်ရှားမှုမျှ မပြုလုပ်ခဲ့ဟု ဆိုကာ အီရန်စစ်တပ်က ကူဝိတ်ရှိ အရေးကြီးအဆောက်အအုံကို တိုက်ခိုက်သည်ဟူသော ကူဝိတ်စစ်တပ်၏ စွပ်စွဲချက်ကို ငြင်းဆိုခဲ့ကြောင်း အီရန် အစ္စလာမ်မစ် သမ္မတနိုင်ငံ ရုပ်သံလွှင့်ဌာန (IRIB) ၏ နိုဝင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်သည့်သတင်းအရ သိရသည်။ Abolfazl Shekarchi က ထိုစွပ်စွဲချက်များသည် ရန်လိုသည့်လှုပ်ရှားမှုများ ဆက်လက်ပြုလုပ်ရန်အတွက် အကာအကွယ်ယူရန်နှင့် ဒေသတွင်း တင်းမာမှုများ ပိုမိုဆိုးရွားစေရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု ဆိုသည်။ (Xinhua)
---------------------
(Chinese Version)
伊朗外长:两名意大利人科威特身亡事件疑点重重
新华社德黑兰11月27日电 伊朗外交部长阿拉格齐26日表示,当天发生的两名意大利公民在科威特身亡事件疑点重重,看起来像是“预先炮制好的战争配方”。
阿拉格齐在社交媒体上发文说,他在与意大利和科威特外长的通话中,就意大利公民在科威特遇难一事表达了哀悼。他表示,伊朗随时准备与科威特和意大利合作,查明事件原因。
科威特军方26日发表声明说,伊朗无人机对科威特一处重要设施发动袭击,科威特军方对其实施拦截,坠落的碎片造成人员受伤及财产损失。两名意大利公民之后因伤重不治身亡。意大利外交部随后证实,两名遇难者均为德国军工企业莱茵金属有限公司旗下的意大利公司技术人员,事发时正在为科威特武装部队的防空系统维护雷达探测天线。
另据伊朗伊斯兰共和国广播电视台26日报道,伊朗武装部队发言人谢卡尔希当天否认科威特军方有关伊朗军队袭击科威特一处重要设施的指控,称伊朗武装部队未在该地区开展任何军事行动。谢卡尔希说,有关指控意在为继续实施敌对行动提供掩护,并企图加剧地区紧张局势。(完)
图说:10月4日,在伊朗首都德黑兰,伊朗外交部长阿拉格齐在伊朗外交部发表讲话。新华社记者沙达提摄