
ပေကျင်း၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ လေတပ်သည် ၎င်းတို့ကိုယ်တိုင် ထုတ်လုပ်ထားသည့် Y-20B အမျိုးအစား စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးလေယာဉ်ကြီးကို "Airshow China" ဟု လူသိများသည့် ၁၆ ကြိမ်မြောက် တရုတ်နိုင်ငံတကာ လေကြောင်းနှင့် အာကာသပြပွဲတွင် ပထမဆုံးအကြိမ် မြေပြင်ပြသမှုအဖြစ် ထုတ်ဖော်ပြသသွားမည်ဖြစ်သည်။ ဤပြသမှုသည် နိုင်ငံ၏စစ်ဘက်ဆိုင်ရာ လေကြောင်းစွမ်းဆောင်ရည်ပိုင်းဆိုင်ရာ နောက်ဆုံးပေါ် တိုးတက်မှုများကို ဖော်ပြနေခြင်း ဖြစ်သည်။
ဒီဇင်ဘာ ၇ ရက်မှ ၁၃ ရက်အထိ ကွမ်တုန်းပြည်နယ် ကျူးဟိုင်မြို့၌ ကျင်းပမည့် အဆိုပါပြပွဲတွင် လေတပ်အနေဖြင့် စက်ကိရိယာအမျိုးအစား ၃၃ မျိုး၊ စုစုပေါင်း အစုံ ၆၀ ကျော်ကို ပြသသွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၆ ရက် က ထုတ်ပြန်ကြေညာခဲ့သည်။
ပြပွဲတွင် လေကြောင်းပျံသန်းမှု သရုပ်ပြသခြင်းများနှင့် မြေပြင်ပြသမှုများ ပါဝင်မည်ဖြစ်ပြီး လေတပ်၏ နောက်ဆုံးပေါ် စက်ကိရိယာများနှင့် ခေတ်မီအောင်မြင်မှုများကို ပြသသွားမည်ဖြစ်သည်။
လေကြောင်းပျံသန်းမှု သရုပ်ပြသခြင်းများတွင် J-35A နှင့် J-20A ကိုယ်ပျောက် တိုက်လေယာဉ်များ၊ J-16 ဘက်စုံသုံး တိုက်လေယာဉ်၊ Y-20B နှင့် YY-20A လေယာဉ်ဆီဖြည့်လေယာဉ်တို့က ၎င်းတို့၏ စွမ်းဆောင်ရည်များကို ပြသကြမည်ဖြစ်သည်။
ထို့ပြင် လေတပ်၏ "ပါးရီး" (August 1) လေကြောင်းသရုပ်ပြအဖွဲ့သည် ပြည်ပလေကြောင်းအလှပြပျံသန်းရေးအဖွဲ့ နှစ်ဖွဲ့ဖြစ်ကြသည့် ရုရှားလေတပ်မှ "Russian Knights" အဖွဲ့နှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) လေတပ်မှ "Al Fursan" အဖွဲ့တို့နှင့်အတူ ပူးတွဲဖျော်ဖြေတင်ဆက်ကြမည်ဖြစ်သည်။
Y-20B လေယာဉ်အပြင် လေတပ်အနေဖြင့် မျိုးဆက်သစ် ကြိုတင်သတိပေး ရေဒါစနစ် နှင့် အခြားစက်ကိရိယာများကိုလည်း ပထမဆုံးအကြိမ်အဖြစ် မြေပြင်တွင် ပြသသွားမည်ဖြစ်သည်။
လာရောက်လေ့လာသူများအနေဖြင့် Y-20B လေယာဉ်၏ ကုန်တင်ခန်းကို ဝင်ရောက်ကြည့်ရှုနိုင်မည့်အပြင် လေယာဉ်မောင်းနှင်ခန်းပုံစံတူစက်ဖြင့် ပျံသန်းမှု အတွေ့အကြုံများကိုလည်း ခံစားစမ်းသပ်နိုင်မည်ဖြစ်သည်။ ထို့အပြင် လေတပ်တီးဝိုင်းအဖွဲ့ကလည်း ပြပွဲအတွင်း ဖျော်ဖြေတင်ဆက်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။
ဝန်ထမ်းသစ်စုဆောင်းရေး၊ အရည်အချင်းမြှင့်တင်ရေး၊ စစ်ဘက်ဆိုင်ရာ ပညာရေး၊ လေကြောင်းသွားလာမှု ထိန်းချုပ်ရေးနှင့် စက်ကိရိယာ ပြုပြင်ထိန်းသိမ်းရေး စသည့် ပြခန်းတိုင်းတွင် ရှင်းလင်းတင်ပြမှုများ၊ အကြံပေးဆွေးနွေးမှုများ၊ လုပ်ငန်းစဉ် ပုံစံတူစက်ဖြင့် သရုပ်ပြမှုများနှင့် ကိုယ်တိုင်ဝင်ရောက် လက်တွေ့စမ်းသပ်ကာ အတွေ့အကြုံများရရှိခံစားနိုင်မည့် အစီအစဉ်များ ပါဝင်ကြောင်း သိရသည်။ (Xinhua)

…………………
(English version)
China to put Y-20B military transport aircraft on first static display at Zhuhai airshow
BEIJING, Nov. 26 (Xinhua) -- China's Air Force will put its domestically developed Y-20B large military transport aircraft in a static display for the first time at the 16th China International Aviation and Aerospace Exhibition, also known as Airshow China, showcasing the latest advances in the country's military aviation capabilities.
The Air Force will present more than 60 pieces of equipment across 33 types at the exhibition, scheduled to take place in Zhuhai, Guangdong Province, from Dec. 7 to 13, the Air Force said on Thursday.
The exhibition will feature aerial demonstrations and static displays, showcasing the Air Force's latest equipment and modernization achievements.
In the flying displays, the J-35A and J-20A stealth fighters, J-16 multirole fighter, Y-20B, and YY-20A tanker plane will demonstrate their capabilities.
The Air Force's Bayi (August 1) Aerobatic Team will also perform alongside two foreign aerobatic teams, the Russian Aerospace Forces' Russian Knights and the United Arab Emirates Air Force's Al Fursan.
In addition to the Y-20B, the Air Force will display a new-generation early-warning radar system and other equipment on the ground for the first time.
Visitors will get the chance to tour the Y-20B's cargo hold and take part in simulated flight experiences. The Air Force military band will also stage performances and tours at the exhibition.
Interactive activities will be organized across recruitment, talent development, military education, air traffic control and equipment maintenance exhibition areas, including presentations, consultations, simulated operations and immersive experiences.
Photo caption 1: A YU-20 tanker aircraft (rear) and a J-20 stealth fighter jet of China are pictured during Airshow China in Zhuhai, south China's Guangdong Province, Nov. 12, 2024. (Xinhua/Liang Xu)
Photo caption 2: A helicopter of the Chinese People's Liberation Army (PLA) takes part in a performance during Airshow China in Zhuhai, south China's Guangdong Province, Nov. 12, 2024. (Xinhua/Liang Xu)