Xinhua Myanmar

တရုတ်နိုင်ငံက ၂၀၂၆ APEC ဥက္ကဋ္ဌတာဝန်ယူသည့်နှစ်ကို အောင်မြင်စွာကျင်းပနိုင်ခဲ့သည်ဟု ဗီယက်နမ်အရာရှိပြောကြား

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့တွင် ကျင်းပခဲ့သည့် ၃၃ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC)၏ စီးပွားရေးခေါင်းဆောင်များ ဆွေးနွေးပွဲမတိုင်မီ အခြားသောစီးပွားရေးအဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များနှင့် အဖွဲ့လိုက်ဓါတ်ပုံရိုက်ကူးနေသည့် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၉ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ဟနွိုင်း၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် အခြား APEC အဖွဲ့ဝင်နိုင်ငံများနှင့်ပူးပေါင်း၍ ၎င်းတို့၏ ၂၀၂၆ APEC ဥက္ကဋ္ဌတာဝန်ယူသည့်နှစ်ကို အလွန်အောင်မြင်စွာ လက်ခံကျင်းပနိုင်ခဲ့သည်ဟု နိုဝင်ဘာ ၂၇ ရက်က ဟနွိုင်းမြို့၌ပြုလုပ်ခဲ့သည့် နိုင်ငံတကာသတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Nguyen Minh Vu က ပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံကလည်း ၂၀၂၇ ခုနှစ်တွင် APEC အစည်းအဝေးကို အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့်အခါ ၂၀၂၆ခုနှစ် APEC ၏ အောင်မြင်မှုများနှင့်ရလဒ်များကိုအခြေခံ၍ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်လုပ်ဆောင်သွားမည်ဖြစ်သကဲ့သို့ ယင်းအစည်းအဝေးတွင် ဒစ်ဂျစ်တယ်ကုန်သွယ်ရေး၊ စီးပွားရေးဆိုင်ရာ ခံနိုင်ရည်စွမ်းအား၊ ဒစ်ဂျစ်တယ်ပညာကျွမ်းကျင်တတ်မြောက်မှု၊ ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်ပူးပေါင်းဆောင်ရွက်မှုနှင့် စားနပ်ရိက္ခာဖူလုံရေးတို့ကဲ့သို့သောကဏ္ဍများကို ဦးစားပေးလုပ်ဆောင်သွားမည်ဟု Vu က ပြောကြားခဲ့သည်။

နိုဝင်ဘာလအတွင်းကဆန်းကျန့်မြို့၌ကျင်းပခဲ့သော APEC ခေါင်းဆောင်များအစည်းအဝေးတွင်အတည်ပြုခဲ့သည့် "APEC ကုန်သွယ်ရေး ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမူဘောင် (၂၀၂၇-၂၀၃၀)" ကိုလည်း ၎င်းက မီးမောင်းထိုးပြောကြားခဲ့ကာ ဗီယက်နမ်နိုင်ငံ  အနေဖြင့် ကုန်သွယ်မှုလုပ်ငန်းများတွင် ဒစ်ဂျစ်တယ်နည်းပညာများအသုံးပြုခြင်းကို ဦးစားပေးဆောင်ရွက်သွားခြင်းအားဖြင့် ငွေပေးငွေယူစရိတ်များကိုလျှော့ချခြင်း၊ အကောက်ခွန်လုပ်ငန်းစဉ်များကို ခေတ်မီစေခြင်း၊ အီလက်ထရွန်နစ်စာရွက်စာတမ်းစနစ်များကို တိုးချဲ့ခြင်းနှင့် APEC အဖွဲ့ဝင်စီးပွားရေးနိုင်ငံများရှိ ဒစ်ဂျစ်တယ်ကုန်သွယ်ရေးစနစ်များအကြားမှ ချိတ်ဆက်ဆောင်ရွက်နိုင်စွမ်းကို မြှင့်တင်လုပ်ဆောင်သွားမည်ဟုလည်း ပြောကြားခဲ့သည်။

ထို့အပြင် ဗီယက်နမ်နိုင်ငံသည် ၂၀၂၆ ခုနှစ် ခေါင်းဆောင်များအစည်းအဝေးကာလအတွင်း အတည်ပြုခဲ့သည့် "ဆန်းသစ်တီထွင်မှုရှိပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိကာ ခံနိုင်ရည်စွမ်းအားမြင့်မားသော ဝန်ဆောင်မှုကဏ္ဍများအတွက် APEC လမ်းပြမြေပုံ (၂၀၂၆-၂၀၃၅)"ကို အခြေခံ၍ ဝန်ဆောင်မှုကဏ္ဍ၏ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန်နှင့် နိုင်ငံဖြတ်ကျော်ဝန်ဆောင်မှုကုန်သွယ်ရေးကို ပိုမိုလွယ်ကူချောမွေ့စေရန် ဆောင်ရွက်သွားမည်ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

.............................

(English version)

China delivers successful APEC 2026 host year, says Vietnamese official

HANOI, Nov. 27 (Xinhua)

China worked with other APEC members to make its APEC 2026 host year a great success, Vietnamese Deputy Minister of Foreign Affairs Nguyen Minh Vu said at an international press conference in Hanoi on Friday.

Building on the achievements and outcomes of APEC 2026, Vietnam will promote regional cooperation when it hosts the forum in 2027, with priorities including digital trade, economic resilience, digital literacy, supply chain cooperation and food security, Vu said.

He highlighted the APEC Trade Digitalization Cooperation Framework (2027-2030), adopted by APEC leaders in Shenzhen in November, saying Vietnam will prioritize applying digital technologies to trade to reduce transaction costs, modernize customs, expand e-documentation and improve interoperability among digital trade systems of APEC economies.

Furthermore, Vietnam will build on the APEC Roadmap for Innovative, Competitive and Resilient Services (2026-2035), adopted during the 2026 leaders' week, to strengthen the competitiveness of the services sector and facilitate cross-border services trade, he added. ■

Photo caption: Chinese President Xi Jinping poses for a group photo with leaders and representatives from other economies before the 33rd Asia-Pacific Economic Cooperation (APEC) Economic Leaders' Meeting in Shenzhen, south China's Guangdong Province, Nov. 19, 2026. (Xinhua/Yao Dawei)

မူရင်းသတင်း — Xinhua Myanmar