Xinhua Myanmar

အီရန် Pickaxe Mountain တွင် လက်တွေ့လှုပ်ရှားမှုရှိသည်ဟု မတွေ့ရှိရသေးကြောင်း ထရမ့် ဆို

၃၃ ကြိမ်မြောက် အာရှ-ပစိဖိတ် ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေး တက်ရောက်လာသော ဧည့်သည်တော်များအတွက် အကြိုညစာစားပွဲ ကျင်းပရာ ဆန်းကျန့်အပြည်ပြည်ဆိုင်ဖလှယ်ရေးစင်တာသို့ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၈ ရက် ညပိုင်းက အမေရိကန် သမ္မတ ထရမ့် ဝင်ရောက်လာစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

အမေရိကန်သမ္မတ ထရမ့်က အီရန် Pickaxe Mountain တွင် လက်တွေ့လှုပ်ရှားမှုရှိသည်ဟု မတွေ့ရှိရသေးကြောင်း နိုဝင်ဘာ ၂၆ ရက်တွင် ဖလော်ရီဒါပြည်နယ် မာ-အာ-လာဂိုစံအိမ်၌ မီဒီယာများ မေးမြန်းမှုကို ဖြေကြားစဉ် ပြောကြားခဲ့သည်။

အမေရိကန်အနေဖြင့် အီရန်အား “ဉာဏ်ပညာရှိမှုကို ပြသရန်” အခွင့်အရေးတစ်ခုပေးနေခြင်း ဖြစ်ကြောင်း ထရမ့်က ဆိုသည်။ ၎င်းအနေဖြင့် အီရန်တွင် ထုတ်သုံးရန် ဝှက်ဖဲအချို့ ကျန်ရှိနေသေးသည်ဟု ယုံကြည်ပြီး အမေရိကန်ဘက်က အီရန်၏ လှုပ်ရှားမှုများကို အစဉ်တစိုက် အနီးကပ် စောင့်ကြည့်နေကြောင်း၊ “လက်ရှိမှာတော့ အဲဒီနေရာမှာ သိသိသာသာလှုပ်ရှားမှု တစ်စုံတစ်ရာရှိတယ်လို့ မတွေ့ရသေးပါဘူး” ဟု ဆို၍ သဘောတူညီချက်ရနိုင်ပါက အကောင်းဆုံး ဖြစ်မည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ထိုမတိုင်မီ ထရမ့်သည် ကျေးဇူးတော်နေ့တွင် အမေရိကန် စစ်သည်များအား ဖုန်းဖြင့်ဆက်သွယ်ပြောဆိုရာ၌ အမေရိကန်သည် အီရန်၏ အကြီးအကဲများကို သဘောတူညီချက်ရရှိရန် အခွင့်အရေးအပြည့်အဝပေးသွားမည်ဖြစ်သော်လည်း “သူတို့ ဒီအခွင့်အရေးကို ဆုပ်ကိုင်မလားဆိုတာတော့ ကျွန်တော် အတတ်မဆိုနိုင်ဘူး” ဟု ဆိုသည်။ ထို့ပြင် အမေရိကန်သည် အီရန်အပေါ် အောင်မြင်မှုရရန် "လက်တစ်ကမ်းမှာရှိပြီ" ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

Pickaxe Mountain သည် အီရန်နိုင်ငံ အလယ်ပိုင်း Isfahan ပြည်နယ် Natanz နျူကလီးယားအဆောက်အဦ အနီးတစ်ဝိုက်တွင် တည်ရှိပြီး အီရန်နိုင်ငံ၏ အခိုင်ခံ့ဆုံး မြေအောက်နျူကလီးယားအဆောက်အဦများအနက် တစ်ခုဖြစ်သည်ဟု ယူဆခံရသည်။ ထရမ့်သည် ယခင်ကလည်း Pickaxe Mountain မြေအောက်အဆောက်အအုံအား တိုက်ခိုက်မည်ဟု အကြိမ်ကြိမ် ခြိမ်းခြောက်ခဲ့ဖူးသည်။ သို့သော် အီရန်ဘက်ကမူ Pickaxe Mountain အဆောက်အအုံသည် “ဗလာသာဖြစ်သည်” ဟုဆိုပြီး အမေရိကန်က Pickaxe Mountain အား တိုက်ခိုက်မည့် လှုပ်ရှားမှုသည် ကျရှုံးမည်သာဖြစ်ကြောင်း တုံ့ပြန်ပြောဆိုထားသည်။ (Xinhua)

---------------------

(Chinese Version)

特朗普称尚未发现伊朗镐山有实质性活动

新华社华盛顿11月26日电(记者黄强 徐剑梅)美国总统特朗普26日在佛罗里达州海湖庄园回答媒体提问时说,尚未在伊朗镐山发现任何实质性活动。  

特朗普说,美国正试图给伊朗一个“展现明智”的机会。他说,他相信伊朗还有些底牌,美方一直在严密监视伊方行动,“我们目前还没有看到那里有任何实质性活动”。他还表示,如果能达成协议最好。  

在此之前,特朗普在感恩节同美军官兵通话时表示,美方将给伊朗领导层充分的机会去达成协议,但“我不确定他们是否会把握住这个机会”。他还称美国对伊朗的胜利“已近在咫尺”。  

镐山位于伊朗中部伊斯法罕省纳坦兹核设施附近,被认为是伊朗最坚固的地下核设施之一。特朗普此前已多次威胁要对镐山地下核设施发动打击。不过,伊朗方面表示,镐山设施“是空的”,美国袭击镐山的行动注定失败。(完)

图说:11月18日晚,国家主席习近平和夫人彭丽媛在深圳国际交流中心举行宴会,欢迎出席亚太经合组织第三十三次领导人非正式会议的来宾。这是美国总统特朗普步入深圳国际交流中心。 新华社记者 丁林 摄

မူရင်းသတင်း — Xinhua Myanmar