
ပေကျင်း၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)
မကြာသေးမီက ၁၀ ကြိမ်မြောက် တရုတ်–အာဖရိက လူငယ်ပွဲတော်ကို တရုတ်နိုင်ငံ ပေကျင်းနှင့် ဆန်ရှီးပြည်နယ်တို့တွင် ကျင်းပခဲ့ရာ အာဖရိက မီဒီယာများက ကျယ်ကျယ်ပြန့်ပြန့် သတင်းတင်ဆက် ဖော်ပြခဲ့ကြသည်။ တရုတ်နိုင်ငံအနေဖြင့် အာဖရိကဘက်နှင့်အတူ အပြန်အလှန်လေ့လာသင်ယူမှုကို ဆက်လက်မြှင့်တင်ပြီး အပြန်အလှန် နားလည်သိရှိမှုနှင့် ချစ်ကြည်ရင်းနှီးမှုအား မြှင့်တင်သွားလိုကြောင်း၊ တရုတ်-အာဖရိက ခေတ်မီအသွင်ပြောင်းမှုလုပ်ငန်းအား လက်တွဲအတူ တွန်းအားပေး၍ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်းအတူတည်ဆောက်သွားလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းက နိုဝင်ဘာ ၂၆ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းမှုကို ဖြေကြားရာ၌ ပြောကြားခဲ့သည်။
ကောကျားခွန်းက “တရုတ်–အာဖရိက လူငယ်ပွဲတော်ဟာ တရုတ်–အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် မူဘောင်အောက်မှာ ပုံမှန်ကျင်းပတဲ့ အစီအစဉ်တစ်ခု ဖြစ်ပြီး ၁၀ ကြိမ်ဆက်တိုက် ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ကာ တရုတ်နဲ့ အာဖရိက လူငယ်တွေကြားမှာ အလွန်ရေပန်းစား အားပေးခံရပါတယ်” ဟု ဆိုသည်။
မကြာသေးမီက ကျင်းပပြုလုပ်ခဲ့သော ၁၀ ကြိမ်မြောက် လူငယ်ပွဲတော်ကို ပေကျင်းနှင့် ဆန်ရှီး ပြည်နယ်နှစ်ခုတွင် အောင်မြင်စွာ ကျင်းပခဲ့ရာ အာဖရိက လူငယ် ၆၀ ကျော်က တရုတ်ကွန်မြူနစ်ပါတီ သမိုင်းပြတိုက်၊ ယန်အန်းတော်လှန်ရေး အထိမ်းအမှတ်ပြတိုက် စသည့် နေရာများသို့ သွားရောက်၍ တရုတ်ကွန်မြူနစ်ပါတီ၏ ကြီးမြတ်သော ကြိုးပမ်းမှုခရီးစဉ်ကို လေ့လာခဲ့ကြကြောင်း၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) သို့ သွားရောက်ပြီး တရုတ်ဆိုရှယ်လစ်စနစ် ညှိနှိုင်းဆွေးနွေးမှု ဒီမိုကရေစီစနစ်ကို နားလည်သိရှိခဲ့ကြကြောင်း၊ ရှေးဟောင်းနန်းတော် စသည့် နေရာများတွင် တရုတ်ယဉ်ကျေးမှု၏ လေးနက်သော အနှစ်သာရကို ခံစားသိရှိခဲ့ကြကြောင်း၊ ထို့ပြင် အဆင့်မြင့် နည်းပညာ လုပ်ငန်းကုမ္ပဏီများသို့လည်း သွားရောက်လည်ပတ်ကာ တရုတ်စီးပွားရေး၏ ရှင်သန်တက်ကြွမှုကို လက်တွေ့ခံစားခဲ့ကြကြောင်း၊ နှစ်ဘက်လူငယ်များသည် အမျိုးစုံလင်သော လှုပ်ရှားမှုများအတွင်း ထဲထဲဝင်ဝင် နွေးထွေးသော အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ စိတ်နှလုံးချင်းဆက်နွှယ်မှု၊ သံယောဇဉ်ခံစားချက်ချင်း ပေါင်းစည်းမှု၊ အင်အားများ စုစည်းမှုကို အင်တိုက်အားတိုက် မြှင့်တင်ပေးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“ယခုနှစ်က တရုတ်–အာဖရိက သံတမန်ဆက်ဆံရေး စတင်တည်ထောင်ခဲ့တဲ့ နှစ် ၇၀ ပြည့်ဖြစ်တဲ့အပြင် ‘တရုတ်–အာဖရိက ပြည်သူချင်းဖလှယ်မှုနှစ်’ လည်း ဖြစ်ပါတယ်။ ကျွန်တော်တို့အနေဖြင့် အာဖရိကဘက်နဲ့အတူ အပြန်အလှန်လေ့လာသင်ယူမှုကို ဆက်လက်မြှင့်တင်ပြီး အပြန်အလှန် နားလည်သိရှိမှုနဲ့ ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်သွားလိုတဲ့အပြင် တရုတ်-အာဖရိက ခေတ်မီအသွင်ပြောင်းမှုလုပ်ငန်းအား လက်တွဲအတူ တွန်းအားပေး၍ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်းကို အတူတည်ဆောက်သွားလိုပါတယ်” ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။ (Xinhua)
---------------------
(Chinese Version)
中国外交部:愿同非方继续加强互学互鉴、增进相知相亲
新华社北京11月26日电(记者邵艺博、冯歆然)近期,第十届中非青年大联欢在北京、陕西举办,非洲媒体广泛报道。中国外交部发言人郭嘉昆26日在例行记者会上答问时表示,中方愿同非方继续加强互学互鉴、增进相知相亲,携手推动中非现代化事业,共筑人类命运共同体。
“中非青年大联欢是中非合作论坛框架下的机制性活动,已连续举办十届,深受中非青年欢迎和喜爱。”郭嘉昆说,日前,第十届大联欢在北京、陕西两地成功举办,60多名非方青年在中国共产党历史展览馆、延安革命纪念馆等了解中国共产党伟大奋斗历程,走进全国政协了解中国社会主义协商民主,在故宫等感受中华文明底蕴,还参观高新技术企业,实地感受中国经济活力。双方青年在丰富多彩的活动中开展有深度、有温度的交流互动,有力促进心相通、情共融、力同聚。
郭嘉昆说:“今年是中非开启外交关系70周年,也是‘中非人文交流年’。我们愿同非方继续加强互学互鉴、增进相知相亲,携手推动中非现代化事业,共筑人类命运共同体。”(完)
图说:2024年5月20日,中非青年代表们在体验传统印染技艺。新华社记者 陈斌 摄