
(စီးပွားရေး) နိုဝင်ဘာ ၂၇
၂၀၂၆ ခုနှစ် နိုဝင်ဘာလအတွင်း စက်သုံးဆီ၊ စားသုံးဆီ၊ ဓာတ်မြေဩဇာ၊ ဆေးဝါးနှင့် အခြားကုန်စည်များ တင်သွင်းနိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၄၉၂ ဒသမ ၃ သန်းအပါအဝင် နိုင်ငံခြားငွေ အမျိုးအစားလေးမျိုးကို သွင်းကုန်လုပ်ငန်းရှင်များထံ ရောင်းချပေးခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေးကြေညာထားသည်။
ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အဆိုပါနိုင်ငံခြားငွေများကို ဗဟိုဘဏ်က ကြီးမှူးသည့် FX Market Online Trading Platform မှတစ်ဆင့် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များမှတစ်ဆင့် သွင်းကုန်တင်သွင်းသူများထံ ရောင်းချပေးခဲ့ခြင်းဖြစ်သည်။
ရောင်းချပေးခဲ့သည့် နိုင်ငံခြားငွေပမာဏများမှာ အမေရိကန်ဒေါ်လာ ၄၉၂ ဒသမ ၃ သန်း၊ တရုတ်ယွမ် ၁၀၇ သန်း၊ ထိုင်းဘတ် ၈၄၅ ဒသမ ၈ သန်းနှင့် အိန္ဒိယရူပီး ၁၃ ဒသမ ၃ သန်းခန့်တို့ဖြစ်ကြောင်း သိရသည်။
အဆိုပါနိုင်ငံခြားငွေများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ Market Trading Rate တစ်ဒေါ်လာလျှင် ၃၆၆၀ ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။