Xinhua Myanmar

(တရုတ်စီးပွားရေးစကားဝိုင်းဆွေးနွေးပွဲ) တရုတ်နိုင်ငံ၏ စံနှုန်းမြင့် တံခါးဖွင့်လှစ်မှုက ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အလမ်းသစ်များ ဖန်တီးပေး

ဆင်ဟွာသတင်းဌာနက စီစဉ်ကျင်းပသော တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ All Media တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကြီး၏ အပိုင်း-၃၉ တွင် ပါဝင်ဆွေးနွေးနေသူများကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တရုတ်-ဗီယက်နမ် နယ်စပ် ချစ်ကြည်ရေးဂိတ်၌ အဆင့်မြှင့်တင်ထားသည့် အကောက်ခွန်စစ်ဆေးရေးစနစ်ကြောင့် တင်သွင်းလာသော သစ်သီးဝလံများတွင် ပိုးမွှားရှိမရှိ စစ်ဆေးဖော်ထုတ်ရာ၌ ယခင်က ၃ ရက်မှ ၅ ရက်အထိ ကြာမြင့်ခဲ့ရာမှ ယခုအခါ ၃၆ နာရီ သို့မဟုတ် ယင်းထက်ပိုမိုလျော့နည်းသည်အထိ လျှော့ချနိုင်ပြီဖြစ်သည်။

၂၀၂၆ ခုနှစ် ပထမ ၈ လတာအတွင်း အဆိုပါနယ်စပ်ဂိတ်မှတစ်ဆင့် ယွမ် ၁၇.၆၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၆၂ ဘီလီယံခန့်) တန်ဖိုးရှိ ဒူးရင်းသီးတင်သွင်းမှုများကို ကိုင်တွယ်ဆောင်ရွက်နိုင်ခဲ့ပြီး ယမန်နှစ် ကာလတူထက် ၂၇.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှု ပိုမိုလွယ်ကူချောမွေ့စေရန်လည်း တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် ခေတ်မီနယ်စပ်ဂိတ်တစ်ခုကို ပူးတွဲတည်ဆောက်လျက်ရှိသည်။

ထိုသို့ ကြိုးပမ်းအားထုတ်မှုများက စံနှုန်းမြင့် တံခါးဖွင့်လှစ်မှု ချဲ့ထွင်ရန်နှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိသော အားသာချက်သစ်များ ဖော်ဆောင်ရန် တရုတ်နိုင်ငံ၏ ကျယ်ကျယ်ပြန့်ပြန့် တွန်းအားပေးဆောင်ရွက်မှုများကို ထင်ဟပ်လျက်ရှိရာ အဆိုပါအကြောင်းအရာနှင့် စပ်လျဉ်း၍ ဆင်ဟွာသတင်းဌာနက စီစဉ်ကျင်းပသော တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ All Media တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကြီး၏ လတ်တလောထုတ်လွှင့်ခဲ့သည့် အပိုင်းတွင် ဆွေးနွေးသုံးသပ်ခဲ့ကြသည်။

တံခါးဖွင့်လှစ်မှု အတိုင်းအတာ ချဲ့ထွင်ခြင်း

ရှုပ်ထွေးနက်နဲသည့် ပြင်ပပတ်ဝန်းကျင် အခြေအနေများရှိစေကာမူ ၂၀၂၆ ခုနှစ် ပထမ ၁၀ လတာအတွင်း တရုတ်နိုင်ငံ၏ ကုန်စည်တင်သွင်းမှုနှင့် တင်ပို့မှုပမာဏသည် ယမန်နှစ် ကာလတူထက် ၂၀ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ဆန္ဒအလျောက် မိမိဘက်မှစ၍ တံခါးဖွင့်လှစ်မှု တိုးမြှင့်ဖော်ဆောင်ရန် စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်နေခိုက် သွင်းကုန်ပမာဏမှာ ၂၃.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ပို့ကုန်တိုးတက်မှုနှုန်းထက် ဆက်လက်ကျော်လွန်နေခဲ့သည်။

တရုတ်နိုင်ငံ၏ ကုန်သွယ်ဖက်နိုင်ငံများသည်လည်း ပိုမိုများပြားစုံလင်လာခဲ့သည်။ ယခုနှစ် ပထမကိုးလတာအတွင်း တရုတ်နိုင်ငံနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမ မိတ်ဖက်နိုင်ငံများအကြား ကုန်စည်ကူးသန်းရောင်းဝယ်မှုသည် ယမန်နှစ် ကာလတူထက် ၁၇.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး စုစုပေါင်း ကုန်စည်ကူးသန်းရောင်းဝယ်မှု၏ ၅၁ ရာခိုင်နှုန်း ရှိခဲ့သည်။

ထို့အတူ ထွန်းသစ်စဈေးကွက်များဆီသို့ တိုးချဲ့ထိုးဖောက်နိုင်ခြင်းက သမားရိုးကျဈေးကွက်အချို့တွင် ဝယ်လိုအား နှေးကွေးလာခြင်းနှင့် ကုန်သွယ်ရေး အတားအဆီးများ မြင့်တက်လာခြင်းတို့ကြောင့် ဖြစ်ပေါ်လာသည့် အန္တရာယ်များကို လျှော့ချပေးနိုင်ခဲ့ပြီး တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုကို ပိုမိုကြံ့ကြံ့ခံနိုင်စွမ်းရှိစေသည်ဟု တရုတ်နိုင်ငံ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် လက်အောက်ရှိ သုတေသနစင်တာမှ သုတေသီ ကျန်းယန့်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နင်းရှ (ဟွေ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ယခုနှစ် ပထမ ၉ လတာအတွင်း ရပ်ဝန်းနှင့် ပိုးလမ်းမ မိတ်ဖက်နိုင်ငံများနှင့် ကုန်သွယ်မှုပမာဏသည် ယမန်နှစ် ကာလတူထက် ၃၅.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ရင်ချွမ်း အကောက်ခွန်ဦးစီးဌာန အကြီးအကဲ လီခိုင်းရိ ၏ ပြောကြားချက်အရ သိရသည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20261126/7e30ec9a0d7f4b09b5a45ae0dbac2ee3/c.html

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်ကျိုးမြို့ရှိ ချင်ကျိုးဆိပ်ကမ်းကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃ ရက်က ဝေဟင်မှ ဒရုန်းဖြင့်ရိုက်ကူးထားသော ဓာတ်ပုံ၌ တွေ့ရစဉ် (ဆင်ဟွာ)

..................................

(English Version)

(China Economic Roundtable) Xinhua Headlines: China's high-standard opening up creates new opportunities for global cooperation

BEIJING, Nov. 26 (Xinhua) -- At Friendship Pass on the China-Vietnam border in south China's Guangxi Zhuang Autonomous Region, an improved customs inspection system has cut the time needed to identify pests in imported fruit to 36 hours or less, down from three to five days.

This port handled durian imports worth 17.61 billion yuan (about 2.62 billion U.S. dollars) in the first eight months of 2026, up 27.9 percent year on year, with China and Vietnam now jointly developing a smart border port to further facilitate cross-border trade.

These efforts reflect China's broader push to expand high-standard opening up and develop new competitive advantages, a theme explored in the latest episode of China Economic Roundtable, an all-media talk show hosted by Xinhua News Agency.

BROADENING THE SCOPE OF OPENING UP

Despite a complex external environment, China's goods imports and exports grew 20 percent year on year in the first 10 months of 2026. Imports rose 23.6 percent, continuing to outpace export growth amid China's ongoing efforts to advance voluntary and unilateral opening up.

The country's trading partners are becoming increasingly diverse. In the first three quarters of the year, China's goods trade with Belt and Road partner countries rose 17.1 percent year on year, accounting for 51 percent of its total trade in goods.

Expanding into emerging markets has helped mitigate risks arising from slowing demand and mounting trade barriers in some traditional markets, making China's foreign trade more resilient, said Zhang Yan, a researcher at a research center under the National Development and Reform Commission.

In northwest China's Ningxia Hui Autonomous Region, trade with Belt and Road partner countries surged 35.3 percent year on year in the first nine months, according to Li Kaiyi, head of Yinchuan Customs.

https://english.news.cn/20261126/7e30ec9a0d7f4b09b5a45ae0dbac2ee3/c.html

Photo caption 1: Guests attend the 39th episode of China Economic Roundtable, an all-media talk show hosted by Xinhua News Agency. (Xinhua/Zhang Yuwei)

Photo caption 2: A drone photo taken on Sept. 3, 2026 shows a view of the Qinzhou Port in Qinzhou City, south China's Guangxi Zhuang Autonomous Region. (Xinhua/Cao Yiming)

မူရင်းသတင်း — Xinhua Myanmar