NP News

မြန်မာ-တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှုပြပွဲ ၂၀၂၆ တွင် ငွေလွှဲနှုန်းအပေါ်သက်ရောက်လာနိုင်မည့် ရောင်းဝယ်မှုမျိုးကို လုံးဝ လက်ခံမည်မဟုတ်

ပီယ (NP News) - နိုဝင်ဘာ ၂၇

မြန်မာ-တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုပြပွဲ ၂၀၂၆ တွင် ငွေလွှဲနှုန်းအပေါ် သက်ရောက်လာနိုင်မည့် ရောင်းဝယ်မှုမျိုးကို လုံးဝ လက်ခံမည်မဟုတ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက
မြန်မာ-တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုပြပွဲ ၂၀၂၆ အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၌ နိုဝင်ဘာ (၂၇) ရက် မွန်းလွဲ (၂) နာရီတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးသို့ မြန်မာ-တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု မြှင့်တင်ရေးအသင်း (MCITP)၊ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များ အသင်း၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ သစ်တောထွက် ပစ္စည်းနှင့် သစ်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံစားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်း၊ မြန်မာနိုင်ငံ ပျော့ဖတ်နှင့် စက္ကူလုပ်ငန်း အသင်း၊ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း စသည်ဖြင့် အသင်းများမှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ ပို့ကုန်ဆိုင်ရာ ကုမ္ပဏီများနှင့် သက်ဆိုင်ရာ ဘဏ်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

"မြန်မာ-တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုပြပွဲ ၂၀၂၆ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာညီနောင်အသင်းများနှင့် ပါဝင်ပြသမည့် ကုမ္ပဏီများ၊ ပို့ကုန်ပြန်လည်ပို့မည့်ကုမ္ပဏီများအနေဖြင့် ဆောင်ရွက်ရမည့်ကိစ္စများ၊ ပြပွဲအတွက်တင်သွင်းလာသော ပစ္စည်းများအား သင့်တင်မျှတသော စျေးနှုန်းဖြင့်ရောင်းချရန်၊ ပို့ကုန်ပြန်လည်တင်ပို့ရာတွင်လည်း စနစ်တကျ တင်ပို့နိုင်ရေးနှင့် ရေရှည်စျေးကွက် ထိခိုက်နိုင်မည်များကို ရှောင်ရှားရန်၊ ငွေလွှဲနှုန်းအပေါ် သက်ရောက်လာနိုင်မည့် ရောင်းဝယ်မှုမျိုးကို လုံးဝလက်ခံမည်မဟုတ်ကြောင်းနှင့် ပြပွဲရည်ရွယ်ချက်များအတိုင်း အောင်မြင်စွာ ကျင်းပနိုင်ရန် အသင်းချုပ်အနေဖြင့် လိုအပ်သည့် ကြပ်မတ်မှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမှာစကား ပြောကြားတွင် ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဌ ဦးအေးဝင်းက ပြောသည်။

မူရင်းသတင်း — NP News