
အပူချိန် ၁,၀၀၀ ဒီဂရီစင်တီဂရိတ်အထိ ခံနိုင်ရည်ရှိအောင် ဒီဇိုင်းထုတ်ထားတဲ့ တရုတ်နိုင်ငံရဲ့ ပထမဆုံး မီးငြှိမ်းသတ်ရေး ကင်းထောက်စက်ရုပ်ခွေးကို နိုဝင်ဘာ ၂၅ ရက်က ကျန်းစုပြည်နယ်၊ စူကျိုးမြို့မှာ လက်တွေ့စမ်းသပ်မှု အောင်မြင်စွာ ပြုလုပ်ခဲ့ပါတယ်။

အဲဒီစက်ရုပ်ခွေးဟာ အပူချိန် ၁,၀၀၀ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိနေတဲ့ အခြေအနေမှာ ၁၀ မိနစ်ကြာ ဆက်တိုက်အလုပ်လုပ်နိုင်ပြီး မီးလောင်မှုဖြစ်စဉ်တွေရဲ့ ၉၅ ရာခိုင်နှုန်းခန့်မှာ အသုံးပြုနိုင်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ မီးခိုးထူထပ်တဲ့ကြားကနေ ထိုးဖောက်မြင်နိုင်တဲ့ လေဆာပုံရိပ်ဖမ်းနည်းပညာအပြင် 5G ချိတ်ဆက်မှုနဲ့ ဗီဒီယိုထုတ်လွှင့်မှုစနစ်တွေပါ တပ်ဆင်ထားတာကြောင့် အထပ် ၃၀ ကျော်မြင့်တဲ့ အဆောက်အအုံတွေအတွင်းမှာတောင် တည်ငြိမ်စွာထိန်းချုပ်နိုင်ပြီး ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေကို ပေးပို့နိုင်ပါတယ်။

ဒီနည်းပညာကြောင့် မီးသတ်တပ်ဖွဲ့ဝင်တွေအနေနဲ့ မီးလောင်ရာအရင်းအမြစ်တွေကို အချိန်နဲ့တစ်ပြေးညီ ရှာဖွေဖော်ထုတ်နိုင်သလို ပိတ်မိနေသူတွေရဲ့ တည်နေရာကိုလည်း တိတိကျကျ သိရှိနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုစက်ရုပ်ခွေးတွေကို အသုံးပြုလာခြင်းက မီးငြှိမ်းသတ်ရေးလုပ်ငန်းတွေကို ပိုမိုဘေးကင်းပြီး ထိရောက်မှုရှိလာစေနိုင်မလားဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Ref : Trending in China