MyTech Myanmar

Elon Musk က SpaceX ရဲ့ တန်ဖိုးဟာ ၁၂၈ Quintillion (၁၂၈,၀၀၀,၀၀၀ Trillion) ရှိလာမယ်လို့ပြော

SpaceX အနေနဲ့ လူသားတွေကို ဂြိုဟ်ပေါင်းစုံမှာ နေထိုင်နိုင်အောင် ဖန်တီးပေးနိုင်ပြီး နေစွမ်းအင်ရဲ့ တစ်သန်းပုံတစ်ပုံလောက်ကိုပဲ အသုံးချနိုင်မယ်ဆိုရင် တစ်နေ့မှာ ကုမ္ပဏီရဲ့ တန်ဖိုးဟာ ဒေါ်လာ ၁၂၈ Quintillion လောက်အထိ ရှိလာနိုင်တယ်လို့ အီလွန်မတ်စ်က ပြောကြားလိုက်ပါတယ်။ နိုဝင်ဘာ ၂၆ ရက်နေ့က X လူမှုကွန်ရက်မှာ တင်ခဲ့တဲ့ ပို့စ်တစ်ခုမှာ SpaceX ရဲ့ တန်ဖိုးဟာ လက်ရှိ ကမ္ဘာ့စီးပွားရေးထက် အဆတစ်သန်းလောက်အထိ ရှိလာနိုင်တယ်လို့ သူက ဆိုပါတယ်။

 

အဲဒီရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ အလွန်ခက်ခဲမယ်ဆိုတာကို အီလွန်မတ်စ်က ဝန်ခံထားပေမယ့် အောင်မြင်အောင် လုပ်ဆောင်နိုင်မယ့် လမ်းကြောင်းတစ်ခု ရှိနေတယ်လို့ ပြောပါတယ်။ ဒါ့အပြင် SpaceX ရဲ့ ရှယ်ယာရှင်တွေအနေနဲ့ မိမိတို့ရဲ့ ရှယ်ယာတွေကို ဆက်လက်ကိုင်ဆောင်ထားကြဖို့လည်း သူက အကြံပြုထားပါတယ်။

 

ဒေါ်လာ ၁၂၈ Quintillion ဆိုတဲ့ ပမာဏဟာ ၂၀၂၆ ခုနှစ်မှာ ကမ္ဘာ့စီးပွားရေးဟာ ဒေါ်လာ ၁၂၈ ထရီလီယံလောက် ရှိမယ်ဆိုတဲ့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရဲ့ ခန့်မှန်းချက်အပေါ် အခြေခံပြီး တွက်ချက်ထားတာ ဖြစ်ပါတယ်။

 

Ref : Technology Innovation

မူရင်းသတင်း — MyTech Myanmar