Xinhua Myanmar

မျက်နှာနှစ်ဖက်နှင့် ဟော်မုဇ်ရေလက်ကြား

ဟော်မုဇ်ရေလက်ကြား ပင်လယ်ပြင်တွင် ရေကူးနေသော ဗြိတိန် ခံနိုင်ရည်ရှိသည့် ရေကူးအားကစားသမား Lewis Pugh ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-Lewis Pugh Foundation/Handout via Xinhua)

လန်ဒန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)

ဟော်မုဇ်ရေလက်ကြားထဲတွင် ရေကူးနေစဉ် Lewis Pugh က ညာဘက်ကို ခေါင်းဖော်၍ အသက်ရှူသွင်းပါက တိုက်ခိုက်ခံထားရသော ရေနံတင်သင်္ဘောတစ်စင်းမှ မီးခိုးလုံးများ တက်နေသည်ကို တွေ့မြင်ရပြီး ဘယ်ဘက်ကို ခေါင်းဖော်၍ အသက်ရှူပါက အိုမန်နိုင်ငံ၏ တောင်တန်းနှင့် ရေလက်ကြားအကွေ့နေရာကို မြင်တွေ့ရသည်။ ထိုနေရာတွင် ဝန်လက်ငှက်များက ကျောက်ကမ်းပါးမှ တစ်ဟုန်ထိုး ဆင်းလာနေသလို လင်းပိုင်လေးများကလည်း ရေထဲတွင် မြူးထူးဆော့ကစားလျက်ရှိသည်။

“(ရေကူးတဲ့) အကြိမ်တိုင်းမှာ ညာဘက်ကို အသက်ရှူလိုက်ရင် စစ်ရုပ်ရှင်ကားတစ်ကား ကြည့်နေရသလိုပဲ” ဟု  Lewis Pugh ဆင်ဟွာသတင်းထောက်ကို ဆိုခဲ့ပြီး “ဘယ်ဘက်ကို လှည့်လိုက်ရင်တော့ သဘာဝမှတ်တမ်းရုပ်ရှင်တစ်ခုကို ကြည့်နေရသလိုပါပဲ” ဟု ပြောကြားခဲ့သည်။

နိုဝင်ဘာလ လလယ်တွင် အဆိုပါ အသက် ၅၆ နှစ်အရွယ် ဗြိတိန် ခံနိုင်ရည်ရှိသည့် ရေကူးအားကစားသမားက အိုမန်နိုင်ငံ မူဆန်ဒမ်ကျွန်းဆွယ်အနီးရှိ ဟော်မုဇ်ရေလက်ကြား ပင်လယ်ပြင်ထဲတွင် ၃ ရက်ခွဲ၍ စုစုပေါင်း ၁၅ ကီလိုမီတာ ခန့် ရေကူးခဲ့ပါသည်။ ယင်းသည် ၎င်းက စစ်မီးကြောင့် အဆိုပါပင်လယ်ပြင် မည်သို့ပြောင်းလဲသွားခဲ့ကြောင်းကို ကိုယ်တိုင်တွေ့မြင်လိုခြင်းကြောင့် ဖြစ်ပြီး ထိုသို့တွေ့မြင်ခဲ့ရသည်များကို လူအများထံ ပြန်လည်ပြောပြချင်သောကြောင့်ပင် ဖြစ်သည်။

ဟော်မုဇ်ရေလက်ကြား ပင်လယ်ရေပြင်ထဲ၌ ရေကူးချိန်တွင် ဒရုန်း၊ တိုက်လေယာဉ်၊ ရေမြှုုပ်မိုင်းနှင့် ရေနံညစ်ညမ်းမှုများကို သတိထားရပါသည်။ ပထမနေ့တွင် Lewis Pugh က နာရီဝက်သာ  ကူးပြီးချိန်တွင် “ဒုန်း ဒုန်း” ဟူသည့် ကျယ်လောင်သော အသံ ၂ ချက် ကြားခဲ့လိုက်ရသည်။ ၄ ကီလိုမီတာခန့် အဝေးတွင် ရေနံတင်သင်္ဘောတစ်စင်း တိုက်ခိုက်ခံခဲ့ရခြင်းပင် ဖြစ်သည်။ Lewis Pugh နှင့် အတူလိုက်ပါလာသူများကလည်း ချက်ချင်းဆိုသလိုပင် ထိုနေ့အတွက် ရေကူးမှုကို ရပ်တန့်ပြီး ကမ်းပေါ်သို့ ပြန်တက်သွားခဲ့သည်။

အီရန်စစ်ပွဲ၏ သက်ရောက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားတစ်ဝိုက်တွင် သင်္ဘောတိုက်ခိုက်ခံရသည့် ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားနေခဲ့သော်လည်း သင်္ဘောအချို့မှာမူ စွန့်စားပြီး ဖြတ်သန်းသွားလာနေကြဆဲပင်။

ဟော်မုဇ်ရေလက်ကြားတွင် တိုက်ခိုက်ခံရပြီးနောက် မီးလောင်ကာ မီးခိုးလုံးများထွက်နေသည့် ရေနံတင်သင်္ဘောတစ်စင်းကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-Lewis Pugh Foundation/Handout via Xinhua)

ဒုတိယနေ့တွင် Lewis Pugh သည် ၄ နာရီ ရေကူးခဲ့ရသည်။ ရေကူးချိန် တစ်နာရီခွဲခန့်တွင် အဝေးရှိ တောင်တစ်လုံးအနောက်မှ ဖြူဖျော့ဖျော့မီးခိုးရောင် မီးခိုးတန်းပေါ်ထွက်လာပြီးနောက် မီးတောက်လုံးကြီး တောင်ထိပ်ကိုကျော်လွန်၍ တစ်ဟုန်ထိုး မြင့်တက်လာသည်ကို ၎င်းက တွေ့မြင်ခဲ့ရသည်။ အဆိုပါတောင်သည် အမြင့် မီတာ ၁၅၀ ခန့်ရှိပြီး မီးတောက်လုံးမှာ မီတာ ၂၀၀ ခန့်အထိ မြင့်တက်သွားသည်ဟု Lewis Pugh က ခန့်မှန်းထားသည်။

အပြန်ခရီးတွင် ၎င်းတို့က တိုက်ခိုက်ခံရသော သင်္ဘောဘေးမှ ဖြတ်သန်းသွားရာ ယင်းသည် LPG လောင်စာတင် ပို့ဆောင်ရေးသင်္ဘောတစ်စင်းဖြစ်သည်။ အနီးကပ်ရောက်ရှိသွားချိန်မှ သင်္ဘောတစ်စင်းလုံး မီးလောင်ကျွမ်းနေသလို သင်္ဘောဘေးရှိ ရေမျက်နှာပြင်များတွင်လည်း မီးတောက်များ ဝန်းရံလောင်ကျွမ်းနေသည်ကို တွေ့မြင်ခဲ့ရပြီး စူးရှသော လောင်စာဆီအနံ့များ  လေထုထဲအပြည့်ပျံ့လွင့်နေသည်။

“ကျွန်တော် ပထမဆုံး စဉ်းစားမိတာကတော့ သင်္ဘောပေါ်က သင်္ဘောသားတွေပါပဲ” ဟု Lewis Pugh က ဆိုသည်။ “သူတို့ အသက်ဘေးကနေ လွတ်မြောက်အောင် ထွက်ပြေးနိုင်ပါစေလို့ပဲ ဆုတောင်းနေမိတယ်။”

အဆိုပါ ပို့ဆောင်ရေးသင်္ဘော တိုက်ခိုက်ခံရသည့်နေရာသည် ပင်လယ်ကြား အကွေ့နေရာတစ်ခု၏ ဝင်ပေါက်နေရာတွင် ဖြစ်သည်။ ရှေ့နှစ်ရက်က ရေပြင်အနေအထားနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် Lewis Pugh က အဆိုပါကမ်းရိုးတန်းတစ်လျှောက် ရေကူးခဲ့ရာ လင်းပိုင်နှင့် ဝန်လက်ငှက်များကို တွေ့မြင်ခဲ့ရသည်။ ယခုအခါတွင်မူ မီးလောင်ကျွမ်းမှုကြောင့် ညစ်ညမ်းမှုပစ္စည်းများကို လေနှင့် ဒီရေတို့က အဆိုပါပင်လယ်ကြား အကွေ့နေရာ အတွင်းပိုင်းသို့ တွန်းပို့လျက်ရှိသည်။

“ဟော်မုဇ်ရေလက်ကြားလို့ ပြောလိုက်တာနဲ့ လူအများစုက ရေကြောင်းပို့ဆောင်ရေး လမ်းကြောင်းတစ်ခုလို့ပဲ ထင်ကြတယ်” ဟု Lewis Pugh က ဆိုသည်။ သို့သော်လည်း အဆိုပါပင်လယ်ပြင်သည် လင်းပိုင်၊ ပင်လယ်လိပ်နှင့် ရေဝက်တို့၏ နေအိမ်လည်းဖြစ်ကြောင်း၊ အိုမန်ပင်လယ်ကွေ့ထဲတွင်  သန္တာကျောက်တန်းများရှိပြီး အီရန်တောင်ပိုင်း ကမ်းရိုးတန်းတွင်မူ ဒီရေတောများရှိကြောင်း၊ “အိုမန်ရဲ့ကမ်းရိုးတန်းနဲ့ အီရန်ရဲ့ကမ်းရိုးတန်းတွေက သူတို့လေးတွေရဲ့ အိမ်ရာတွေပါပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။

အဆိုပါစစ်ပွဲကြောင့် ဇီဝမျိုးစုံမျိုးကွဲမှုများ ဆုံးရှုံးမှုနှင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို ဖြစ်စေခဲ့သလို ရေနံညစ်ညမ်းမှုကြောင့် ပင်လယ်ရေ သတ္တဝါများ သေဆုံးနေရသည်ဟု Lewis Pugh ကဆိုသည်။ အိုမန်ကမ်းရိုးတန်းမှ ပင်လယ်ရေသည် ဒေသတွင်းအပြင် ဒူဘိုင်း၊ အဘူဒါဘီ စသည့်မြို့များမှ ရေချိုချက်လုပ်သည့်စက်ရုံများအတွက် ရေအရင်းအမြစ်ပင်ဖြစ်သည်။ သို့သော်လည်း စစ်ပွဲက မပြီးဆုံးသေးပေ။ သင်္ဘောများ ဆက်တိုက် တိုက်ခိုက်ခံနေရသဖြင့် ရေနံညစ်ညမ်းမှုများက လေနှင့် ဒီရေအတိုင်း ကမ်းနားသို့ ပျံ့နှံ့လာရာ ပင်လယ်ပြင်ပေါ်တွင် ရှည်လျားလှသော လိမ္မော်ရောင် ရေနံထိန်းအတားကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။

“ဒီစစ်ပွဲက သဘာဝပတ်ဝန်းကျင်အပေါ် အလွန်ဆိုးရွားတဲ့ ထိခိုက်မှု ဖြစ်စေပါတယ်။ ဒီဟာရဲ့ဆိုးကျိုးက ကျွန်တော်တို့ ဘဝသက်တမ်းထက်တောင် ကြာပြီး ဆက်တိုက်ရှိနိုင်ပါတယ်” ဟု Lewis Pugh က ဆိုလျက် “မဖြစ်မနေ အပစ်ရပ်ရမယ်၊ အခုပဲ အပစ်ရပ်ရမှာပါ။ ရေလက်ကြားမှာ ဖြတ်သန်းသွားလာခွင့်ကို ပြန်ဖွင့်ရမယ်။ ညစ်ညမ်းမှုတွေကိုလည်း ရှင်းလင်းရပါမယ်” ဟု ပြောကြားခဲ့သည်။

ဟော်မုဇ်ရေလက်ကြား ပင်လယ်ပြင်တွင် ရေကူးရန် ရေထဲမဆင်းခင် မျက်မှန်အား ပြင်ဆင်နေသော ဗြိတိန် ခံနိုင်ရည်ရှိသည့် ရေကူးအားကစားသမား Lewis Pugh ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-Lewis Pugh Foundation/Handout via Xinhua)

နှစ်ပေါင်းများစွာအတွင်း Lewis Pugh က ထိုကဲ့သို့ ပင်လယ်ထဲ အကြိမ်ကြိမ်အခါခါ ဆင်း၍ ရေကူးခြင်းဖြင့် ပင်လယ်သမုဒ္ဒရာအား ကာကွယ်ရန် လူအများကို လှုံ့ဆော်ခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် Lewis Pugh သည် မြောက်ဝင်ရိုးစွန်းမှ ရေခဲဖုံးလွှမ်းထားခြင်းမရှိသည့် ရေပြင်တစ်ခုတွင် ရေကူးပြီး ရေခဲများ အရည်ပျော်လာနေမှုကို အများက အာရုံစိုက်ရန် တိုက်တွန်းခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် ၎င်းက ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ် (UNEP) ၏ “သမုဒ္ဒရာစောင့်ရှောက်သူ” အဖြစ် ထမ်းဆောင်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင်မူ ၎င်းသည် အရှေ့အန္တာတိက ရေခဲပြင်အောက်ရှိ ရေခဲဥမင်တစ်ခုကို ထပ်မံ ရေကူးဖြတ်သန်းခဲ့သည်။

“သင်္ဘောနဲ့သွားရင်လည်း ပင်လယ်ပေါ်က ဖြစ်ပျက်နေတာတွေ တွေ့မြင်နိုင်တာကို ဘာကြောင့် ထပ်ခါထပ်ခါ ရေထဲဆင်းကူးနေရတာလဲ” ဟူသည့် မေးခွန်းကို ဖြေကြားချိန်မှာတော့ Lewis Pugh က လူကိုယ်တိုင် ရေထဲရှိနေချိန်တွင် ဘေးပတ်ဝန်းကျင်၌ ဖြစ်ပွားနေသည်များကို ကိုယ်တွေ့ မြင်တွေ့ရကြောင်း၊ ကိုယ်တိုင် ရေထဲ မဆင်းခဲ့ပါက ထိုအကြောင်းကို လူအများထံ ပြန်လည်ပြောပြရန် ခဲယဉ်းမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဟော်မုဇ်ရေလက်ကြားတွင် ရေကူးမှုပြီးဆုံးပြီးနောက် ဗြိတိန်နိုင်ငံသို့ ပြန်လည်ရောက်ရှိသွားချိန်တွင် Lewis Pugh က လန်ဒန်၌ တွေ့ဆုံမေးမြန်းမှုကို လက်ခံဖြေကြားခဲ့သည်။ ရိုက်ကူးရေးစတူဒီယိုထဲ ၎င်းခြေချဝင်ရောက်လာသည်နှင့် မျက်ဝန်းများတွင် မျက်ရည်အပြည့် လူနှစ်ဦးအပါအဝင် လူအချို့က ၎င်းကို လာရောက်ကြိုဆိုခဲ့ကြသည်။ ၎င်းတို့သည်လည်း ပင်လယ်ကွေ့ဒေသမှ ပြည်သူများဖြစ်ပြီး Lewis Pugh  ရေကူးခဲ့သည့် ထိုပင်လယ်ပြင်ကြီးနှင့် ရင်းနှီးပြီးသားပင်ဖြစ်သည်။

Lewis Pugh  ကို ၎င်းတို့ ပြောခဲ့သည့်စကားမှာတော့ “ကျွန်တော်တို့အိမ်အကြောင်းကို ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” ဟူ၍ပင် ဖြစ်သည်။ (Xinhua)

---------------------

(Chinese Version)

通讯|霍尔木兹海峡里的两重天

新华社伦敦11月26日电 通讯|霍尔木兹海峡里的两重天  新华社记者高文成  

在霍尔木兹海峡游泳时,刘易斯·皮尤向右侧换气,看见一艘遇袭的油轮冒着浓烟;向左侧换气,眼前是阿曼的群山和峡湾,鱼鹰从峭壁上俯冲而下,海豚在水中嬉戏。  

“每次(游泳时)向右换气,都像在看一部战争片。”皮尤对新华社记者说,“转向左边,就如同在看一部自然纪录片”。  

11月中旬,这名56岁的英国耐力游泳运动员在阿曼穆桑代姆半岛附近的霍尔木兹海峡水域,分三天游了约15公里。他想亲眼看看战火让这片海变成了什么样子,再把所见所闻告诉更多人。  

在霍尔木兹海峡的海水里游泳,要提防无人机、战斗机、水雷和油污。第一天,皮尤才游了半个小时,就听见“轰、轰”两声巨响。约4公里外,一艘油轮遇袭,他和随行人员当即中断当天的游程,返回岸上。  

受伊朗战事影响,霍尔木兹海峡一带袭船事件频发,但仍有船舶冒险通行。  

第二天,皮尤游了四个小时。在约一个半小时的时候,他看到远处一座山后升起一股灰白色的烟,随即火球蹿过山头。皮尤估计,那座山高约150米,火球蹿到了约200米高。  

返程时,他们从遇袭船只旁经过,那是一艘液化石油气运输船。离近了才看清,整艘船都在燃烧,船边的海面也着了火,空气中弥漫着呛人的燃油味。  

“我第一个想到的就是船上的海员。”皮尤说,“只盼他们能活着逃出来。”  

运输船遇袭地点位于一处峡湾入口。两天前,为了熟悉水域,皮尤曾沿着这一带海岸游了一程,看见海豚和鱼鹰。现在,风和潮水正把污染物推向峡湾深处。  

“说起霍尔木兹海峡,多数人想到的只是一条航运通道。”皮尤说,但这片海域也是海豚、海龟和儒艮的家园。阿曼湾里有珊瑚礁,伊朗南部沿海有红树林。“阿曼的海岸、伊朗的海岸,都是它们的家。”  

皮尤说,这场战争造成了生物多样性丧失和环境污染,油污导致海洋野生动物丧生。阿曼沿岸的海水是当地以及迪拜、阿布扎比等城市淡化厂的水源。可战事尚未结束,船只接连遇袭,油污随着风和潮水蔓延至岸边,海面上多了一道长长的橙色围油栏。  

“这场战争对自然造成严重影响,持续时间很可能比我们的寿命都长。”皮尤说,“必须停火,现在就得停。必须恢复海峡通航,把污染清理干净。”  

多年来,皮尤一次次游入大海,以这种方式呼吁人们保护海洋。2007年,他在北极点一片没有海冰覆盖的水域游泳,呼吁人们关注海冰正在消融。2013年,他出任联合国环境规划署“海洋卫士”。2020年,他又游过东南极冰盖下的一条冰隧道。  

在回答“坐船也能看见海上发生的事,为什么要一次次下水”时,皮尤说,人在水里,能亲眼看见身边发生的一切,自己若没有下过水,恐怕很难讲给人听。  

结束在霍尔木兹海峡的游泳回到英国后,皮尤在伦敦接受采访。他刚走进演播室,几个人就迎上来,其中两个人流着泪。他们来自海湾地区,熟悉他游过的那片海。  

“谢谢你讲起我们的家。”他们说。(完)

图说1:11月16日,英国耐力游泳运动员刘易斯·皮尤在霍尔木兹海峡水域游泳。新华社发(刘易斯·皮尤基金会供图)

图说2:11月17日,一艘油轮在霍尔木兹海峡水域遇袭起火冒出浓烟。新华社发(刘易斯·皮尤基金会供图)

图说3:11月15日,在霍尔木兹海峡水域,英国耐力游泳运动员刘易斯·皮尤下水前调整泳镜。新华社发(刘易斯·皮尤基金会供图)

မူရင်းသတင်း — Xinhua Myanmar