
ကူဝိတ်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)
ကူဝိတ် နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၇ ရက်တွင် ကူဝိတ်နိုင်ငံဆိုင်ရာ အီရန်သံအမတ်ကို ဆင့်ခေါ်ပြီး ယင်းမတိုင်မီတစ်ရက်က ဖြစ်ပွားခဲ့သည့် ဒရုန်းတိုက်ခိုက်မှုကြောင့် အီတလီနိုင်ငံသား နှစ်ဦး သေဆုံးခဲ့ရမှုအပေါ် ကန့်ကွက်ခဲ့သည်။
အီရန်သည် နိုဝင်ဘာ ၂၆ ရက်တွင် ကူဝိတ်နိုင်ငံရှိ အရေးပါသော အဆောက်အအုံတစ်ခုကို ဒရုန်းများအသုံးပြု၍ တိုက်ခိုက်ခဲ့ရာ အီတလီနိုင်ငံသား နှစ်ဦး သေဆုံးခဲ့ပြီး ကူဝိတ်နိုင်ငံသား တစ်ဦးနှင့် ပါကစ္စတန်နိုင်ငံသား တစ်ဦး ဒဏ်ရာရရှိခဲ့ကာ ပစ္စည်းဥစ္စာဆိုးရွားစွာ ထိခိုက်ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း ကူဝိတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုနေ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အီရန်သံအမတ်ကြီးထံ တရားဝင် သံတမန်စာကို ပေးပို့ထားပြီး ကူဝိတ်အပေါ် အီရန်၏ “စဉ်ဆက်မပြတ် တိုက်ခိုက်မှု” ကို ကန့်ကွက်ခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ ကူဝိတ် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဟားမက် ဆူလေမန် အယ်လ်မာရှန်းက ထိုနေ့တွင် အီရန်သံအမတ်ကြီးကို ဆင့်ခေါ်စဉ် ဤတိုက်ခိုက်မှုများမှာ ကူဝိတ်၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်း ဖြစ်ပြီး နိုင်ငံတကာ ဥပဒေနှင့် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကို ပြင်းထန်စွာ ချိုးဖောက်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အီရန်သည် ထိုကဲ့သို့သော တိုက်ခိုက်မှုများနှင့် ၎င်းတို့၏ အကျိုးဆက်များအတွက် အပြည့်အဝတာဝန်ယူရမည် ဖြစ်ကြောင်း၊ ကူဝိတ်အနေဖြင့် ၎င်း၏ နဂိုရှိရင်းစွဲ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်နှင့် နိုင်ငံတော်အချုပ်အခြာအာဏာနှင့်လုံခြုံရေးကို ထိန်းသိမ်းရန်၊ နိုင်ငံအတွင်း နိုင်ငံသားများနှင့် နေထိုင်သူများ၏ လုံခြုံရေးကို အာမခံရန် လိုအပ်သော အစီအမံအားလုံးကို လုပ်ဆောင်ပိုင်ခွင့်ကို ထိန်းသိမ်းထားကြောင်း အယ်လ်မာရှန်း အလေးပေးပြောကြားခဲ့သည်။
ကူဝိတ်နိုင်ငံ၌ နိုဝင်ဘာ ၂၆ ရက်တွင် ဖြစ်ပွားခဲ့သော အီတလီနိုင်ငံသား နှစ်ဦး သေဆုံးမှုဖြစ်စဉ်သည် သံသယဖြစ်ဖွယ်ရာအချက်များစွာ ရှိနေကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီ က ထိုနေ့တွင် ဆိုခဲ့သည်။ အီရန်သည် ဖြစ်စဉ်၏ အကြောင်းရင်းကို ဖော်ထုတ်ရန်အတွက် ကူဝိတ်နှင့် အီတလီတို့နှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ အီရန် လက်နက်ကိုင်တပ်ဖွဲ့များက ထိုနေ့တွင် ကူဝိတ်ရှိ အရေးပါသော အဆောက်အအုံကို တိုက်ခိုက်ခဲ့သည်ဆိုခြင်းကို ငြင်းပယ်ခဲ့ကြောင်း သိရသည်။ (Xinhua)
..........................................
(Chinese Version)
科威特召见伊朗大使 抗议伊朗“持续袭击”
新华社科威特城11月27日电(记者尹炣)科威特外交部27日召见伊朗驻科大使,就前一天导致两名意大利公民死亡的无人机袭击事件提出抗议。
科威特外交部当日在社交媒体平台发表声明称,伊朗26日使用无人机袭击科威特一处重要设施,造成两名意大利公民死亡、一名科威特公民和一名巴基斯坦公民受伤,并造成严重财产损失。
声明说,已向伊朗大使递交正式照会,抗议伊朗针对科威特的“持续袭击”。科外交部副大臣哈马德·马沙安在当日召见伊朗大使时表示,这些袭击公然侵犯科威特主权和领土完整,严重违反国际法和《联合国宪章》。
马沙安强调,伊朗应对此类袭击及其后果承担全部责任,科威特保留其固有的自卫权,以及采取一切必要措施维护国家主权和安全、保障境内公民和居民安全的权利。
伊朗外交部长阿拉格齐26日称,当天发生的两名意大利公民在科威特身亡事件疑点重重。他表示,伊朗随时准备与科威特和意大利合作,查明事件原因。伊朗武装部队否认当天袭击科威特重要设施。(完)
图说:10月1日,在科威特首都科威特城,人们在公园休闲。新华社发(阿萨德摄)