
ဆားဘီးယား ကျောင်းသားဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က သမ္မတလောင်းအမည်စာရင်းတင်သွင်း
ဆားဘီးယားနိုင်ငံတွင် ကျောင်းသားများဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာ ၂၇ ရက်တွင် ကျင်းပမည့် သမ္မတရွေးကောက်ပွဲအတွက် ဘဲလ်ဂရိတ်တက္ကသိုလ်မှ ဓာတုဗေဒပါမောက္ခ Radomir Saicic ကို သမ္မတလောင်းအဖြစ် နိုဝင်ဘာ ၂၇ ရက်တွင် အမည်စာရင်းတင်သွင်းခဲ့သည်။
မကြာမီကျင်းပမည့် သမ္မတရွေးကောက်ပွဲတွင် သမ္မတလောင်းတစ်ဦးကို အမည်စာရင်းတင်သွင်းရန် ဖွဲ့စည်းထားသည့် “Students Win Again” အမည်ရှိ နိုင်ငံသားများအဖွဲ့က တရားဝင် ကိုယ်စားလှယ်လောင်းကို အမည်စာရင်းတင်သွင်းမည်ဖြစ်ကြောင်း ကျောင်းသားများဦးဆောင်သည့် အဖွဲ့က ဘဲလ်ဂရိတ်မြို့ရှိ Sava Center တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ကြေညာခဲ့သည်။

ပင်လယ်နက်တွင် အပစ်အခတ်ရပ်စဲရေးအတွက် ယူကရိန်းက အဆိုပြု၊ ရုရှား၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေဟုဆို
ယူကရိန်းနိုင်ငံသည် ပင်လယ်နက်ဒေသတွင် အလားအလာရှိသော အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စည်းကမ်းချက်များနှင့် ပတ်သက်၍ မိတ်ဖက်နိုင်ငံများထံ အဆိုပြုချက်များ တင်ပြထားပြီးဖြစ်ကြောင်းနှင့် ရုရှားဘက်၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Andrii Sybiha က နိုဝင်ဘာ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
“ကျွန်တော်တို့ကတော့ အပစ်အခတ်ရပ်စဲဖို့ အသင့်ရှိပါတယ်။ အခု ရုရှားဘက်က တုံ့ပြန်မှုကို စောင့်နေတာပါ။ ကျွန်တော်တို့ရဲ့ အဆိုပြုချက်အားလုံးကိုလည်းပေးပို့ထားပြီးပါပြီ” ဟု ၅ ကြိမ်မြောက် နိုင်ငံတကာအဆင့်မြင့် စားနပ်ရိက္ခာဖူလုံရေးညီလာခံ “ယူကရိန်းအတွက် စားနပ်ရိက္ခာ” တွင် ၎င်းက ပြောကြားခဲ့သည်။
ကိဗ်၏ အဆိုပြုချက်များတွင် ပင်လယ်နက်အတွင်း လွတ်လပ်စွာ ရေကြောင်းသွားလာခွင့် ပြန်လည်ရရှိရေးနှင့် စိုက်ပျိုးရေးထွက်ကုန်များ အနှောင့်အယှက်မရှိ တင်ပို့နိုင်ရေး စသည်တို့ ပါဝင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့သည်။

နယူးဇီလန်ရွေးကောက်ပွဲက မည်သည့်ပါတီအုပ်စုမျှ အများစုအနိုင်မရရှိဘဲ လွှတ်တော်တွင် အင်အားချိန်ခွင်လျှာ မျှခြေညီသည့် အခြေအနေဖြစ်ပေါ်
နယူးဇီလန်နိုင်ငံ၏ အထွေထွေရွေးကောက်ပွဲ နောက်ဆုံးရလဒ်များအရ အာဏာရညွန့်ပေါင်းအဖွဲ့နှင့် အတိုက်အခံအဖွဲ့တို့အနက် မည်သည့်အဖွဲ့မျှ လွှတ်တော်အမတ်နေရာ အများစုကို မရရှိခဲ့သဖြင့် လွှတ်တော်တွင် အင်အားချိန်ခွင်လျှာ မျှခြေညီသည့် အခြေအနေဖြစ်ပေါ်လျက်ရှိသလို အစိုးရသစ်ဖွဲ့စည်းရေးမှာ မသေချာသေးဘဲ ရွေးကောက်ပွဲ ထပ်မံကျင်းပရနိုင်သည့် အလားအလာလည်း ရှိနေကြောင်း ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
နိုဝင်ဘာ ၇ ရက်က ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲ၏ နောက်ဆုံးရလဒ်ကို သုံးပတ်နီးပါးကြာပြီးနောက် ထုတ်ပြန်ခဲ့ရာ National ပါတီဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့သည် လွှတ်တော်အမတ်နေရာ ၆၅ နေရာ ရရှိခဲ့ပြီး အမတ်နေရာအများစုအနိုင်ရရန် လိုအပ်သည့် ၆၆ နေရာအောက် တစ်နေရာ လျော့နည်းခဲ့ပြီး အတိုက်အခံပါတီများကမူ စုစုပေါင်း ၅၈ နေရာ ရရှိခဲ့ကာ လေဘာပါတီသည် အတိုက်အခံပါတီများအနက် အမတ်နေရာအများဆုံး ရရှိသည့် ပါတီဖြစ်ကြောင်း နောက်ဆုံးထုတ်ပြန်ထားသော ရလဒ်များအရ သိရသည်။

ကူဝိတ်နိုင်ငံတွင် လူသေဆုံးစေခဲ့သော ဒရုန်းတိုက်ခိုက်မှုနှင့် စပ်လျဉ်း၍ အီရန်သံအမတ်ကို ဆင့်ခေါ်
ကူဝိတ်နိုင်ငံတွင် နိုဝင်ဘာ ၂၇ ရက်က ဖြစ်ပွားခဲ့သော ဒရုန်းတိုက်ခိုက်မှုကြောင့် အီတလီနိုင်ငံသား နှစ်ဦး သေပြီး အခြားသူနှစ်ဦး ဒဏ်ရာရရှိခဲ့သည့်အတွက် ကူဝိတ်အစိုးရက အီရန်သံအမတ် Mohammad Totonchi ကို နိုဝင်ဘာ ၂၇ ရက်၌ ဆင့်ခေါ်ခဲ့သည်။
ကူဝိတ်နိုင်ငံအပေါ် “အီရန်က တိုက်ခိုက်မှုများဆက်လက်လုပ်ဆောင်ကြောင်း” ဖော်ပြထားပြီး နောက်ဆုံးတိုက်ခိုက်မှုမှာ အရေးပါသော အဆောက်အအုံတစ်ခုကို ပစ်မှတ်ထားခဲ့ကာ “ကြီးမားသော ပစ္စည်းဥစ္စာပျက်စီးဆုံးရှုံးမှု” ဖြစ်ပေါ်စေခဲ့ကြောင်း ဖော်ပြထားသည့်တရားဝင်ကန့်ကွက်စာအား အီရန်သံအမတ်ထံ ပေးအပ်ခဲ့ကြောင်း ကူဝိတ်နိုင်ငံခြားရေးဝန်ကြီးဌာနက လူမှုကွန်ရက် X တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ယီမင်နိုင်ငံ Taiz ပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးအများစုအပါအဝင် လူ ၁၁ ဦး သေဆုံး
ဆော်ဒီအာရေဗျနိုင်ငံ၏ လေကြောင်းတိုက်ခိုက်မှုဟု စွပ်စွဲထားသည့် တိုက်ခိုက်မှုတစ်ခုကြောင့် ယီမင်နိုင်ငံ အနောက်တောင်ပိုင်း Taiz ပြည်နယ်တွင် လူ ၁၁ ဦး သေဆုံးခဲ့ကြောင်းနှင့် သေဆုံးသူအများစုမှာ ကလေးများဖြစ်ကြောင်း ဟူသီအဖွဲ့က နိုဝင်ဘာ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် Taiz ပြည်နယ်တောင်ပိုင်းရှိ အုပ်ချုပ်ရေးဗဟိုစင်တာ Al-Turbah တွင် ရှိသော လူနေအဆောက်အအုံတစ်ခုကို ထိမှန်ခဲ့ရာ ကယ်ဆယ်ရေးအဖွဲ့များက သေဆုံးသူ ရုပ်အလောင်း ရှစ်ခု ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း ဟူသီအဖွဲ့ပိုင် Al-Masirah ရုပ်သံဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။
ယင်းနေရာမှာ ရေခဲမုန့်ရောင်းချသူများ နေထိုင်ရာနေရာဖြစ်ကြောင်း၊ “သေဆုံးသူအများစုဟာ ကလေးတွေဖြစ်ပါတယ်” ဟု ဒေသခံတစ်ဦးက ဆင်ဟွာသတင်းဌာနကို နိုဝင်ဘာ ၂၇ ရက်တွင် ပြောကြားခဲ့သည်။ လူမှုကွန်ရက်များပေါ်တွင် ပျံ့နှံ့နေသည့် ဗီဒီယိုမှတ်တမ်းများတွင် ဒေသခံများက ပြိုကျပျက်စီးနေသော အဆောက်အအုံအပျက်အစီးများအကြား ဒဏ်ရာရသူများနှင့် သေဆုံးသူများကို ရှာဖွေနေကြသည်ကို ဖော်ပြထားသည်။

ဟော်မုဇ်ရေလက်ကြားတွင် “စည်းကမ်းဖောက်ဖျက်သည့်” ရေနံတင်သင်္ဘော ရေမြှုပ်မိုင်းများနှင့် တိုက်မိပြီး ပေါက်ကွဲခဲ့ဟု အီရန် IRGC ပြောကြား
“စည်းကမ်းဖောက်ဖျက်သည့်” ရေနံတင်သင်္ဘောတစ်စင်းသည် “ခွင့်ပြုချက်မရှိသော” လမ်းကြောင်းမှတစ်ဆင့် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းရန် ကြိုးပမ်းစဉ် အိုမန်နိုင်ငံ Al Ghanam ကျွန်းမြောက်ဘက်ရှိ ရေမြှုပ်မိုင်းများကို တိုက်မိခဲ့ပြီး ပေါက်ကွဲကာ မီးလောင်ခဲ့ကြောင်း အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ၏ ရေတပ်က နိုဝင်ဘာ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
အဆိုပါသင်္ဘောသည် အခြားရေနံတင်သင်္ဘောတစ်စင်းနှင့်အတူ ရေလက်ကြားအတွင်းသို့ “တိတ်တဆိတ်” ဖြတ်သန်းရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း IRGC ၏ တရားဝင်သတင်းဌာန Sepah News မှတစ်ဆင့် ထုတ်ပြန်သော ကြေညာချက်တွင် ရေတပ်က ဖော်ပြထားသည်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အခြားရေနံတင်သင်္ဘောတစ်စင်းက လမ်းကြောင်းပြောင်းကာ ပြန်လှည့်သွားခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။

ဂါဇာကမ်းမြောင်ဒေသတွင် ယခင်သီတင်းပတ်အတွင်း စစ်သွေးကြွခြောက်ဦး သေဆုံးခဲ့ကြောင်း အစ္စရေးစစ်တပ် ပြောကြား
ဂါဇာကမ်းမြောင်ဒေသတစ်လျှောက် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကြောင့်၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က အစ္စရေးနိုင်ငံအပေါ် တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည်ဟု စွပ်စွဲခံထားရသူ သုံးဦး အပါအဝင် ပါလက်စတိုင်းစစ်သွေးကြွ ခြောက်ဦး သေဆုံးခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) နှင့် အစ္စရေးလုံခြုံရေးအေဂျင်စီတို့က နိုဝင်ဘာ ၂၇ ရက်၌ ပူးတွဲကြေညာခဲ့သည်။
IDF ၏ ပူးတွဲကြေညာချက်တွင် နိုဝင်ဘာ ၂၄ ရက်က ဂါဇာတောင်ပိုင်း Khan Younis မြို့တွင် ပြုလုပ်ခဲ့သော လေကြောင်းတိုက်ခိုက်မှုတစ်ခုကြောင့် စစ်သွေးကြွနှစ်ဦး သေဆုံးခဲ့ကြောင်း ဖြည့်စွက်ဖော်ပြထားသည်။ သေဆုံးသူတစ်ဦးမှာ ဟားမက်စ်အဖွဲ့၏ အရှေ့ပိုင်း ခန်ယွန်းနစ်တပ်ရင်းမှ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အခြားသူတစ်ဦးမှာ ပါလက်စတိုင်း အစ္စလာမ်မစ် ဂျီဟတ်အဖွဲ့ဝင်ဖြစ်ကာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုအတွင်း အစ္စရေးနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့သူဖြစ်ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။

ဂါဇာတွင် အစ္စရေးလေကြောင်းတိုက်ခိုက်မှုမှ ဟားမက်စ်ခေါင်းဆောင်၏ သားဖြစ်သူ အသက်ရှင်လွတ်မြောက်
ဟားမက်စ်အဖွဲ့၏ နိုင်ငံရေးဗျူရိုအကြီးအကဲ Khalil al-Hayya ၏ သားဖြစ်သူ Izz al-Din မှာ နိုဝင်ဘာ ၂၇ ရက်က ဂါဇာမြို့ရှိ လူနေတိုက်ခန်းတစ်ခုကို ပစ်မှတ်ထားသည့် အစ္စရေးလေကြောင်းတိုက်ခိုက်မှုမှ အသက်ရှင်လွတ်မြောက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုကြောင့် ၎င်း၏ မိသားစုဝင်များအပါအဝင် ပါလက်စတိုင်းလူမျိုး ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဟားမက်စ်သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
Khalil al-Hayya ၏ အသက်ရှင်လွတ်မြောက်သွားသော အငယ်ဆုံးသားနှင့် ၎င်း၏မိသားစုမှာ အစ္စရေးက လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုဟု ၎င်းက ဖော်ပြသည့် တိုက်ခိုက်မှုမှ အသက်ရှင်လွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း ဟားမက်စ်နိုင်ငံရေးဗျူရိုအဖွဲ့ဝင် Bassem Naim က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။ (Xinhua)
………..
(English Version)
Daily World Briefing, Nov. 28
Serbia's student-led list names presidential candidate
Serbia's student-led list on Friday named Radomir Saicic, a chemistry professor at the University of Belgrade, as its candidate for the Dec. 27 presidential election.
The citizens' group "Students Win Again," which has been formed to nominate a presidential candidate in the upcoming presidential election, will formally submit the nomination, the student-led list announced at a press conference held at Belgrade's Sava Center.
Ukraine proposes Black Sea ceasefire, awaits Russia's response
Ukraine has submitted proposals to its partners on the terms of a potential ceasefire in the Black Sea and is awaiting a response from Russia, Ukrainian Foreign Minister Andrii Sybiha said Friday.
"We are ready for a truce ... Now we are waiting for a response from Russia. All our proposals have been conveyed," Sybiha said at the 5th International High-Level Conference on Food Security "Food from Ukraine."
Kiev's proposals call for restoring freedom of navigation in the Black Sea and ensuring the uninterrupted export of agricultural products, the foreign minister said.
New Zealand election produces hung parliament, neither bloc wins majority
New Zealand's final election results have produced a hung parliament, with neither the governing coalition nor the opposition bloc securing a majority, leaving the formation of the next government uncertain and raising the possibility of another election, according to the Electoral Commission on Friday.
The National-led coalition won 65 seats, falling one short of the 66 needed for a parliamentary majority, while opposition parties secured a combined 58 seats, with Labor being the largest opposition party, according to the final results released nearly three weeks after the Nov. 7 general election.
Kuwait summons Iranian ambassador over deadly drone attack
Kuwait on Friday summoned Iran's ambassador Mohammad Totonchi to protest a drone attack that killed two Italian nationals and wounded two others in the Gulf country a day earlier.
In a statement on social media platform X, Kuwait's Foreign Ministry said it had handed Totonchi a formal protest note over what it described as "continued Iranian attacks" against the country, the latest of which it said targeted a vital facility and caused "extensive material damage."
Airstrike kills 11, mostly children, in Yemen's Taiz
Yemen's Houthi group said Friday that an airstrike attributed to Saudi Arabia had killed 11 people, most of them children, in the southwestern province of Taiz.
Houthi-run al-Masirah TV reported on Friday that the strike hit a residential building in Al-Turbah, an administrative center in southern Taiz, and rescue teams recovered eight bodies.
A local source told Xinhua on Friday that the site served as accommodation for ice cream vendors, saying "most of those killed were children." Footage circulating on social media showed residents searching through the rubble for victims.
"Violating" tanker exploded after hitting mines in Hormuz Strait: IRGC
The navy of Iran's Islamic Revolution Guard Corps (IRGC) said Friday that a "violating" oil tanker attempting to cross the Strait of Hormuz via an "unauthorized" route exploded and caught fire after hitting naval mines north of Oman's Al Ghanam Island.
The vessel had been trying to pass through the waterway "stealthily" along with another oil tanker, the navy said in a statement on the IRGC's official news outlet Sepah News.
Following the blast, the second tanker changed course and turned back, it added.
Israeli military says 6 militants killed in Gaza over past week
The Israel Defense Forces (IDF) and the Israel Security Agency said Friday that six Palestinian militants had been killed in Israeli strikes across the Gaza Strip over the past week, including three alleged participants in the Oct. 7, 2023 attack on Israel.
In a joint statement, the IDF said two militants were killed in a strike in the southern city of Khan Younis on Tuesday. One was a member of Hamas' East Khan Younis Battalion, while the other belonged to the Palestinian Islamic Jihad and entered Israel during the Oct. 7 attack, it added.
Hamas leader's son survives Israeli airstrike in Gaza
Izz al-Din, son of Hamas' political bureau chief Khalil al-Hayya, survived an Israeli airstrike targeting a residential apartment in Gaza City on Friday, which wounded six Palestinians, including members of his family, Hamas sources said.
Bassem Naim, a member of Hamas' political bureau, said in a statement that al-Hayya's youngest surviving son and his family survived what he described as an Israeli assassination attempt.