Xinhua Myanmar

ကမ္ဘာ့ချန်ပီယံ ၁၀ ကြိမ်ရ မာ့ခ်မားကွက်ဇ် MotoGP ကစားသမားဘဝမှ အနားယူကြောင်း ကြေညာ

စပိန်နိုင်ငံ အယ်လ်ကာနစ်မြို့ Motorland Aragon Circuit ပြိုင်ကွင်းတွင် ကျင်းပသည့် MotoGP Aragon Grand Prix 2026 ပြိုင်ပွဲ၌ ယှဉ်ပြိုင်ပြီးနောက် ဆုချီးမြှင့်ရာစင်မြင့်ထက်ဝယ် Ducati Lenovo အသင်းမှ စပိန်နိုင်ငံသား မာ့ခ်မားကွက်ဇ်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)

စပိန်နိုင်ငံသား မော်တော်ဆိုင်ကယ်စီးပြိုင်ပွဲ အကျော်အမော် မာ့ခ်မားကွက်ဇ်က MotoGP ကစားသမားဘဝမှ အနားယူတော့မည်ဖြစ်ကြောင်း ကြေညာလိုက်ပြီး ယခုသီတင်းပတ်ကုန်တွင် ကျင်းပမည့် Valencian Grand Prix ပြိုင်ပွဲမှာ ၎င်း၏ ပရော်ဖက်ရှင်နယ် ဆိုင်ကယ်မောင်းသမားဘဝတွင် နောက်ဆုံးယှဉ်ပြိုင်မည့်ပြိုင်ပွဲဖြစ်လာမည်ဟုလည်း အတည်ပြုပြောကြားခဲ့ကြောင်း သိရသည်။

မားကွက်ဇ်အနေဖြင့် ပထမအကြိမ် လွတ်လပ်သော လေ့ကျင့်ရေးအစီအစဉ်အတွက် မထွက်ခွာမီလေးတွင် အီတလီထုတ်လုပ်ရေးကုမ္ပဏီ Ducati က ထုတ်ပြန်ချက်မှတစ်ဆင့် အဆိုပါသတင်းကို ကြေညာခဲ့ခြင်းဖြစ်သည်။ ၎င်း၏ စာချုပ်သက်တမ်းမှာ ၂၀၂၈ ခုနှစ်အထိ ရှိနေသေးသည့်အတွက် ယခုကဲ့သို့ ကြေညာလိုက်ခြင်းမှာ အံ့အားသင့်စရာ ဖြစ်ခဲ့သည်။

"တရားဝင်ဖြစ်ပါတယ်။ မာ့်ခ်မားကွက်ဇ်ဟာ MotoGP ကစားသမားဘဝကနေ အနားယူဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ၂၀၂၆ Valencian GP ပြိုင်ပွဲဟာ Ducati Lenovo အသင်းနဲ့အတူ ပရော်ဖက်ရှင်နယ် ဆိုင်ကယ်မောင်းသမားအနေနဲ့ သူ့ရဲ့ အားကစားသက်တမ်းကို အဆုံးသတ်စေမယ့် ပြိုင်ပွဲဖြစ်လာမှာပါ" ဟု အသင်းဘက်က ထုတ်ပြန်ထားသည်။

အသက် ၃၃ နှစ်အရွယ် စပိန်လူမျိုး မားကွက်ဇ်သည် ၎င်း၏ ၁၀ ကြိမ်မြောက် ကမ္ဘာ့ချန်ပီယံဆုကို ရယူပြီး မကြာမီမှာပင် အနားယူကြောင်း ကြေညာလိုက်ခြင်းဖြစ်သည်။ ယခုရာသီတွင် ၎င်းသည် ၁၀၂ မှတ်အထိ နောက်ကျနေသည့် အခြေအနေမှ ပြန်လည်လိုက်မီအောင် စွမ်းဆောင်နိုင်ခဲ့ပြီး MotoGP ချန်ပီယံဆုကို ၈ ကြိမ်မြောက်အဖြစ် ရယူနိုင်ခဲ့သည်။

မားကွက်ဇ်၏ အားကစားသက်တမ်းသည် ၂၀၀၈ ခုနှစ်တွင် ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ၌ စတင်ပါဝင်ယှဉ်ပြိုင်ခဲ့ချိန်မှစ၍ ၁၉ နှစ်ကြာမြင့်ခဲ့သည်။

ထိုကာလအတွင်း ၎င်းသည် ပြိုင်ပွဲအမျိုးအစား ၃ မျိုးစလုံးတွင် ကမ္ဘာ့ချန်ပီယံဆုများ ရရှိခဲ့သည်။ ၂၀၁၀ ပြည့်နှစ်တွင် 125cc ချန်ပီယံဆု၊ ၂၀၁၂ ခုနှစ်တွင် Moto2 ချန်ပီယံဆုတို့ကို ရရှိခဲ့ပြီး MotoGP ပြိုင်ပွဲများတွင် ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၆၊ ၂၀၁၇၊ ၂၀၁၈၊ ၂၀၁၉၊ ၂၀၂၅ နှင့် ၂၀၂၆ ခုနှစ်များ၌ ချန်ပီယံဆု ၈ ကြိမ် ရရှိခဲ့သည်။

၎င်းသည် ပြိုင်ပွဲအမျိုးအစားအားလုံးတွင် Grand Prix အနိုင်ရရှိမှု ၁၀၆ ကြိမ် ရှိခဲ့ကာ MotoGP ပြိုင်ပွဲများတွင်လည်း ဆုချီးမြှင့်ရာစင်မြင့်ထက်သို့ ၁၃၄ ကြိမ် တက်လှမ်းနိုင်ခဲ့သည့်အပြင် အစပြုမောင်းနှင်မည့် အကောင်းဆုံးနေရာကို ၇၈ ကြိမ် ရယူနိုင်ခဲ့သည်။

၎င်း၏ အားကစားသက်တမ်းတစ်လျှောက်တွင် Honda အသင်းနှင့်အတူ ၁၁ ရာသီကြာ ဖြတ်သန်းခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်တွင် Gresini Racing အသင်းသို့ ပြောင်းရွှေ့ခဲ့ကာ ၂၀၂၅ ခုနှစ်၌မူ Ducati အသင်း သို့ ရောက်ရှိလာခဲ့သည်။

မားကွက်ဇ်သည် ၎င်း၏ အားကစားသက်တမ်းအတွင်း ပြင်းထန်သော ဒဏ်ရာအများအပြားကိုလည်း ကြုံတွေ့ခဲ့ရပြီး အထူးသဖြင့် ၂၀၂၀ ပြည့်နှစ်တွင် ညာဘက်လက်မောင်းရိုး ပြင်းထန်စွာ ကျိုးပဲ့ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ခြေထောက်နှင့် ပခုံးဒဏ်ရာများ၊ အမြင်အာရုံနှစ်ထပ်ဖြစ်ခြင်းနှင့် လက်မအရိုးကျိုးခြင်း စသည့် အခက်အခဲများကိုလည်း ရင်ဆိုင်ကျော်ဖြတ်ခဲ့ရသည်။

စပိန်နိုင်ငံ ဗလင်စီယာမြို့တွင် ယခုနိုဝင်ဘာ ၂၉ ရက်၌ ကျင်းပမည့် ရာသီပိတ်ပွဲစဉ်သည် MotoGP ပြိုင်ပွဲဝင်လမ်းကြောင်းပေါ်တွင် နောက်ဆုံးအကြိမ်အဖြစ် နေရာယူယှဉ်ပြိုင်မည့် အမှတ်စဉ် ၉၃ စီးနင်းသူ မားကွက်ဇ်အတွက် နှုတ်ဆက်ပွဲသဖွယ် ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

စပိန်နိုင်ငံ အယ်လ်ကာနစ်မြို့ Motorland Aragon Circuit ပြိုင်ကွင်းတွင် ကျင်းပသည့် MotoGP Aragon Grand Prix 2026 ပြိုင်ပွဲအတွင်း ပါဝင်ယှဉ်ပြိုင်နေသည့် Ducati Lenovo အသင်းမှ စပိန်နိုင်ငံသား မာ့ခ်မားကွက်ဇ်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

..........................................

(English Version)

Ten-time world champion Marc Marquez announces MotoGP retirement

MADRID, Nov. 27 (Xinhua) -- Spanish motorcycle racing legend Marc Marquez has announced his retirement from MotoGP, confirming that this weekend's Valencian Grand Prix will be the final race of his professional racing career.

The announcement was made in a statement from Italian manufacturer Ducati shortly before Marquez headed out for the first free practice session and was surprising given that his contract was due to last until 2028.

"It is official. Marc Marquez has decided to retire from MotoGP, and the 2026 Valencian GP will mark the end of his sporting career as a professional rider with Ducati Lenovo," the team stated.

The 33-year-old Spaniard retires shortly after claiming his 10th world championship title, completing a remarkable 102-point comeback this season to secure his eighth MotoGP crown.

Marquez's career has spanned 19 years since he made his world championship debut in 2008.

During that time, he has won world titles in all three classes, taking the 125cc championship in 2010, the Moto2 title in 2012 and eight MotoGP crowns in 2013, 2014, 2016, 2017, 2018, 2019, 2025 and 2026.

He has recorded 106 Grand Prix victories across all classes, along with 134 podium finishes and 78 pole positions in MotoGP.

His career has seen him spend 11 seasons with Honda, before moving to Gresini Racing in 2024 and joining the factory Ducati team in 2025.

Marquez has also suffered several major injuries during his career, most notably a severe fracture of his right humerus in 2020. He has also battled foot and shoulder injuries, as well as problems with double vision and a broken thumb.

Sunday's season finale in Valencia will serve as a farewell to the No. 93 rider, who will line up on the MotoGP grid for the final time. ■

Photo caption 1: Ducati Lenovo Team's Marc Marquez of Spain reacts on the podium after the race of the MotoGP Aragon Grand Prix 2026 at Motorland Aragon Circuit, Alcaniz, Spain, Aug. 30, 2026. (Xinhua)

Photo caption 2: Ducati Lenovo Team's Marc Marquez of Spain competes during the race of the MotoGP Aragon Grand Prix 2026 at Motorland Aragon Circuit, Alcaniz, Spain, Aug. 30, 2026. (Photo by Qian Jun/Xinhua)

မူရင်းသတင်း — Xinhua Myanmar